ပုံပြင်တစ်ပုဒ်လို သဘောထားပါ (၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူများ၊
နှလုံး
ရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန် မေတ္တာရပ်ခံ
အပ်ပါသည်။
)

ဟိုးလွန်ခဲ့တဲ့ အနှစ် (၂၁)နှစ်လောက်ကပေါ့၊ သေနတ်သံတွေ တဒိုင်းဒိုင်း ဖြစ်နေတဲ့
မြို့ကြီးတစ်ခုရဲ့ ဆင်းရဲသား ရပ်ကွက်လေးတစ်ခုမှာပါ။ အင်မတန် မိုက်ရိုင်းဆိုးသွမ်း
တဲ့ အရက်သမား တစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူဟာ အချိန်ပြည့် အရက်ဘဲ သောက်
နေလေ့ ရှိပါတယ်။ မိခင် မုဆိုးမကြီးက ရေထမ်းပြီး ၀င်ငွေရှာတယ်။ ညီအငယ်လေး နှစ်
ယောက်က ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ပြီး ပိုက်ဆံ ရှာရပါတယ်။ သူတို့ နေထိုင်ရာ
မြို့အတွင်း သေနတ်သံတွေ တဒိုင်းဒိုင်း ဖြစ်နေတဲ့အချိန်မှာတောင် အဲဒီ အရက်သမား
က အရက် အရမ်းသောက်ချင်နေတယ်။ ဒါနဲ့ ထုံးစံအတိုင်း မုဆိုးမမိခင်ကြီးကို ပြဿနာ
ရှာပါတော့တယ်။ အရက်သောက်မယ် ပိုက်ဆံပေးပေါ့။ အမေ ဖြစ်သူကလည်း ရေထမ်း
ရောင်းစားမှ ပိုက်ဆံရတဲ့သူ။ သူ့ခမြာ လည်း အဲဒီနေ့က ရေထမ်းတဲ့ အလုပ် သိပ်မလုပ်
ရသေးတော့ သားဖြစ်သူ တောင်းတဲ့ အရက်ဖိုးကို မပေးနိုင်ရှာဘူး။ ဒါနဲ့ သားအမိ စကား
များကြပါတယ်။ သားဖြစ်သူ အရက်သမားက သူလိုချင်တဲ့ အရက်ဖိုးရဖို့ မိခင်ဖြစ်သူကို
တွန်းလား ထိုးလား လုပ်ပါတော့တယ်။ မြို့ထဲက သေနတ်သံတွေကြောင့် အိမ်ကို စောစော
ပြန်လာတဲ့ ညီအငယ် နှစ်ယောက်ကိုပါ ဆက်ပြီး ပြဿနာ ရှာပါတော့တယ်။ အရက်သမား
ဖြစ်သူက ထမင်းရှာကျွေး နေတဲ့ အမေဖြစ်သူနဲ့ ညီနှစ်ယောက်ကို သူလိုချင်တဲ့ အရက်ဖိုး
ထပ်ရဖို့ တုတ်တရမ်းရမ်းနဲ့ လုပ်ပါတယ်။

ပြဿနာက လူမြင် မကောင်းလောက်အောင် ဖြစ်နေတော့ ပတ်ဝန်းကျင်က
လူတွေလည်း မနေနိုင်တော့ဘူး။ ဒီကောင် တော်တော် လွန်နေပြီး ဘာညာပေါ့။
ဒါနဲ့ ညဖက်ရောက်တော့ ဒဏ်ရာဗလပွ ရနေတဲ့ မိခင်ဖြစ်သူက နံဘေးအိမ်မှာ
သွားအိပ် ရပါတယ်။ အကိုအကြီးဆုံးဖြစ်သူ အရက်သမားကို အမြဲတစေ ကြောက်
နေရတဲ့ ညီငယ်နှစ်ယောက်လည်း သူတို့အကိုကြီးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ညသန်ခေါင် (၁၂) နာရီ ပတ်ဝန်းကျင်လောက်မှာ ခြင်ထောင်နဲ့ လုံးထွေး အိပ်
ပျော်နေတဲ့ လူယုတ်မာအရက်သမားကို ညီအငယ်နှစ်ယောက်က ဓါးအချက်ပေါင်းများ
စွာ၊ တုတ်အချက်ပေါင်းများစွာနဲ့ သတ်ကြပါတယ်။ ဆူညံသံတွေကြောင့် လမ်းကျဉ်း
ထဲက အိမ်နီးချင်တွေလဲ အပြေးအလွှာ ရောက်လာပါတယ်။ လမ်းထဲရှိ လူမိုက်တွေ
ထဲ “ထောင်ကို ခြင်ထောင်လို” သဘောထားသူ လူမိုက်တစ်ယောက်က ဦးဆောင်
ပြီး အသတ်ခံရတဲ့ အရက်သမား လူယုတ်မာအလောင်းကြီးကို တစ်နေရာရာမှာ
သွား လွှတ်ပြစ်ဖို့ ကြံစည်ကြပါတယ်။ မြို့တစ်ခုလုံး စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲ
မှုကြောင်း ပေတရာပေါ်မှာ သေဆုံးနေတဲ့ အလောင်းတွေ ဟိုနေရာမှာ လေး …ငါး
လောင်း၊ ဒီနေရာမှာ လေး …ငါးလောင်း ဆိုတော့ သူတို့လည်း အဲဒီအလောင်း
တွေကြားမှာ ဒီအလောင်းကို သွားလွှတ်ပြစ်ဖို့ ကြံကြပါတော့တယ်။

အရပ်ထဲမှာ ပြဿနာ ကြီးငယ်ရှိရင် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ အခြေခံပညာ
အထက်တန်း ကျောင်းသားတစုက အဲဒီအလောင်း သွားလွှတ်ပြစ်မယ့်အရေး
စိတ်ဝင်တစားနဲ့ ကျနော်တို့လည်း လိုက်ကြည့်ချင်တယ်လို့ ဆိုပါတယ်။ ဒါနဲ့
အဲဒီကိစ္စကို ဦးဆောင်သူ အရပ် လူမိုက်က …
“မင်းတို့ အဲဒီလောက်တောင် လိုက်ချင်ရင်လည်း လိုက်ခဲ့ကြ၊ ဒါပေမဲ့
ငါ့စကားကို နားထောင်ရမယ်၊ ငါက ရပ်ဆိုရပ်၊ ငါက ပြေးဆိုပြေး၊ လမ်း
တလျှောက် ငါပြောတာကို နားမထောင်ရင် မင်းတို့နဲ့ ငါနဲ့ အတွေ့ပဲ”

ဒီလိုနဲ့ ရပ်ကွက်လေးရဲ့ နောက်ကျောဖက်ကနေ ဖျာလိပ်တွေ မိုးကာစ'တွေ
အထပ်ထပ်ပတ်ထားတဲ့ လူသေအလောင်းကြီးတစ်ခုကို ထမ်းပြီး လူ (၂၀)
နီးပါး ထွက်ခွာခဲ့ပါတယ်။ လရောင်အောက်မှာ သူတို့ ကိုင်ဆောင်ထား
တဲ့ ဌက်ကြီးတောင် ဓါးရောင်တွေကလည်း တ၀င်းဝင်း၊ တချို့လည်း လှံတွေ
ကိုင်၊ တချို့လည်း တုတ်တွေကိုင်ပေါ့။ အားလုံးနီးပါး တူညီတာက လွယ်အိတ်
လေးတွေ တစ်ယောက်တစ်လုံးစီ လွယ်ထားကြတယ်။ အဲဒီလွယ်အိတ်ထဲ
လောက်လေးခွနဲ့ လောက်စာလုံးတွေပါ။ သူတို့က ကားလမ်းအတိုင်း မသွား
ရဲပါဘူး။ အခန့်မသင့်ရင် ကားလမ်းပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကားတွေနဲ့
ပက်ပင်တိုးရင် အားလုံး ဒုက္ခရောက်သွားနိုင်လို့ပါ။ ဒါကြောင့် သူတို့ နေထိုင်ရာ
ဆင်းရဲသား ရပ်ကွက်လေးရဲ့ နောက်ကျော ကပ်လျက်မှာရှိတဲ့ လူကုံထံ ရပ်ကွက်
ကို ဖြတ်မယ်၊ ပြီးတော့ အဲဒီလူကုံထံ ရပ်ကွက်ရဲ့ လမ်းထိပ်တစ်ခုမှာ စစ်တပ်က
လာရောက် မသယ်ဆောင်သေးတဲ့ လူသေအလောင်းပုံးတွေကြား သူတို့
သယ်လာတဲ့ အရက်သမားအလောင်းကြီး လွှတ်ပြစ်မယ်ပေါ့။

သူတို့ ရပ်ကွက်ရဲ့ နောက်ဖက် လူကုံထံ ရပ်ကွက်သို့ မရောက်ခင် စပ်ကြားမှာ
လူခြေပျက်တဲ့ နေရာတစ်ခုရှိပါတယ်။ နွေရာသီမှာ ရေအနည်းငယ်လောက်သာ
ကျန်တတ်ပြီး မိုးရာသီမှ ရေရှိတတ်တဲ့ ရေကန်ကြီးတစ်ခုပါ။ အဲဒီရေကန်ကြီး
နံဘေးက လမ်းဟာ တော်တော်ရှည်ပြီး ခန့်မှန်းချေ ဓါတ်တိုင် (၁၀)တိုင် လောက်
ရှည်လျားတဲ့ လမ်းပါ။ အဲဒီနားတ၀ိုက် လူနေ အိမ်ခြေ လုံးဝ မရှိပါဘူး။ တချို့လည်း
အဲဒီလမ်းမှာ သရဲတစ္ဆေရှိကြောင်း ယုံတမ်းစကားတွေ ရှိပါတယ်။ ဒါလိုနဲ့ သူတို့
အုပ်စုလည်း ရပ်ကွက်ရဲ့နောက်ဖက် ရေကန်နံဘေးရှိ လမ်းထိပ်ကို စ’ရောက်
လာပါတယ်။ ဘယ်နေရာ ဘယ်လို ထွက်လာမှန်း မသိတဲ့ ခွေးအူသံတွေ ဆူညံစွာ
ထွက်ပေါ် လာပါတယ်။ ရုတ်တရက် လေတွေလည်း တဝေါ်ဝေါ်နဲ့ တိုက်ပါတော့
တယ်။ လမ်းပေါ်က သစ်ပင်တွေက တော်တော်ကြီးတဲ့ ညောင်ပင်တို့၊ ကုက္ကိုပင်တို့
လို အပင်ကြီးတွေပါ။ ရှေ့ဆုံးမှာ ဓါးတဖက် လက်နှိပ်ဓါတ်မီးတဖက်နဲ့ ဦးဆောင်သူ
ခေါင်းဆောင်က လှမ်းပြောပါတယ် …
“ဟေ့ကောင်တွေ …. အပြောအဆို ဆင်ချင်နော်၊ လမ်းကို ပုံမှန်လျှောက်၊
တစ်ယောက်နဲ့ တစ်ယောက် ခြေနှစ်လှမ်း သုံးလှမ်းစာထက် ပိုမဝေးစေနဲ့၊
အနားကို တစ်စုံတစ်ယောက် ကပ်လာတယ် ထင်ရင် မင်းတို့လက်ထဲက
ဟာတွေနဲ့ လှမ်းခုတ်ထည့်လိုက်၊ ကိုယ့်အချင်းချင်းလည်း မှားနေအုံးမယ်၊
သတိထားကြ”

သူတို့ အုပ်စု သယ်ဆောင်လျှောက်လှမ်းလာတဲ့ ပုံစံက ရှေ့ဆုံးမှာ ခေါင်းဆောင်
ဖြစ်သူနဲ့ အရပ်ထဲမှာ သြဇာရှိသူ နှစ်ယောက်။ ပြီးတော့ အလောင်းစင် ၀ါးကပ်
နံဘေးမှ ၀ါးလုံးအရှည်တွေကို ထမ်းထားတဲ့ လူလတ်ပိုင်း (၄) ယောက်။ အဲဒီ
နောက်က အလှည့်ကျ ထမ်းဖို့ နောက်ထပ် လူလတ်ပိုင်းအရွယ် (၄)ယောက်။
သူတို့ နောက်မှာ လူငယ်အုပ်စုပါ။ လူငယ်တွေက လမ်းလျှောက်ရင် ရှေ့ရောက်
လိုက် နောက်ဖက်ပြန်ရောက်လိုက်ပါ။ ရုတ်တရက် နောက်ပိတ်ဆုံးက လူငယ်
တစ်ဦးထံမှ အသံထွက်လာပါတယ်။
“ကို…… ၊ ကျနော့်ဖိနပ် ပျက်သွားပြီ၊ ကျနော့်ဖိနပ်ကို နောက်က တစ်ယောက်
ယောက် ဖိပြီး နင်းလိုက်သလိုပဲ၊ ကျနော် နောက်ဆုံးမှာ မနေရဲတော့ဘူး”

ရုတ်တရက် အလောင်းထမ်းထားတဲ့ လူအုပ်စုကို ကျော်ပြီး အရှေ့ဆုံးရှိ ခေါင်းဆောင်
နံဘေးကို ပြေးပါတော့တယ်။

(ဆက်ရန်။)
(မှတ်ချက်။ ။စာမေးပွဲတစ်ခု ဖြေဆိုရန် ရှိနေပါသဖြင့် နောက်ဆက်တွဲ အပိုင်း
များကို ဆက်လက် တင်ပြရန် ရက်အနည်းငယ် ကြာပါမည်။)

9 comments:

ဒီမိုဝေယံ said...
2 November 2009 20:54  

ကိုအောင်ရေ ဖတ်လို့ကောင်းနေတုန်းဗျာ...
စာမေးပွဲဖြေပြီးတဲ့ အထိစောင့်နေပါ့မယ်။..။

လေးစားလျှက်....

Nge Naing said...
3 November 2009 00:22  

ကိုအောင်ကလည်း စာမေးပွဲရှိတာ ကိုအောင်တယောက်တည်း မဟုတ်ပါဘူး။ ကျောင်းတက်နေတဲ့ ကျောင်းသားတိုင်းပါ။ စာဖတ်ရင်း အိပ်ငိုက်ကျလာရင် မြန်မြန် လာရေးလိုက်ပါ။ ကျွန်လည်း ပို့စ်တွေ တင်ဖြစ်တာ ဒီလိုပဲ စာမေးပွဲတွေ Assignment တွေ ကြားကနေ တင်ရတာပဲ။

တောင်ပေါ်သား said...
3 November 2009 03:16  

ကောင်းခန်းရောက်မှ ရပ်လိုက်တယ် ငါ့အကိုကတော့ မျှော်နေမယ်း)


ဆိုဒ်က တခုခုဖြစ်နေတယ်ထင်တယ် လင့်တွေမရဘူး ခု စာတောင် မနဲရှာကြံဖတ်ရတယ်။ ကောမန့်လဲ ပေးမရပါဘူး homepage ကနေ၀င်ရင် Read more တွေလဲ နှိပ်မရဘူး။

လေးစားလျက်
တောင်ပေါ်သား

MieMie said...
3 November 2009 05:04  

နှိပ်စက်လိုက်တာ ... အဲလိုဇာတ်လမ်းမျိုး တအားစိတ်ဝင်စားတာ... အပိုင်းလိုက်လည်းတင်သေးတယ်...
စာမေးပွဲပြီးအောင်တောင် စောင့်ရမယ်ဆိုတော့ ...း)း)
ဘယ်လိုဘဲဖြစ်ဖြစ် စ ထားပြီးပြီဆိုတော့ စောင့်ရတော့မပေါ့...

MieMie said...
3 November 2009 05:05  

ခုနက ကျေးဇူးတင်ကြောင်း မပြောမိလိုက်လို့
ကျေးဇူးပါ ... မအားတဲ့ကြားကနေ တင်ထားလို့...

ယောနက်သန် said...
3 November 2009 12:43  

ဖတ်လို့ကောင်း၊စိတ်ဝင်စားစရာကောင်းဆို
တော့ စောင့်ရမှာပေါ့ဗျာ။

အဖြူရောင်နတ်သမီး said...
4 November 2009 09:49  

အာာာာာာာ...........
ကိုအောင်တို့ကလုပ်ချလိုက်ပြန်ပြီ..
ကောင်းခန်းရောက်မှ..
အင်းလေ စောင့်ရတော့မှာပေါ့
“စာမေးပွဲဖြေနိုင်ပါစေ”ရှင်....

kiki said...
4 November 2009 13:30  

ဇာတ်ရှိန်တက်နေတုံး .. ဗြုန်းဆို ....
အယ် ...
တကယ်ပါဘဲ ကိုအောင်တယောက် ကတော့ ။
ရင်တထိတ်ထိတ် နဲ့  အသက်တောင်ပြင်းပြင်း မရှုရဲပဲ ဖတ်နေရင်း နဲ့...
အင်းလေ .. တတ်နိုင်ပါဘူး ။စိတ်ဝင်စားစရာဆိုတော့ကာ ..
စောင့်ဆိုလဲ စောင့်ရတော့မှာပေါ့ နော် ...
း((

ဂျူနို said...
5 November 2009 10:38  

ကိုအောင်က တော်တော်လည်း တတ်နိုင်တာပဲ ဟားဟားဟား အထက်တန်း ကျောင်းသား လူငယ်တွေကို ဦးဆောင်သွားတာ ရပ်ကွက်ထဲက ထောင်ကို ခြင်ထောင်လို သဘောထားသူကြီးတဲ့။

အဲ့ဒီလူက ခေါင်းဆောင်ကြီးတဲ့။ ပြီးတော့ အရေးခင်းဖြစ်နေတယ်တဲ့။

တောကြောင်တွေ ထနေပါရောလားနော်။

မအယ်

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile