ရေးသူ- စစ်ငြိမ်းဒီရေ
(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူများ၊
နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန် မေတ္တာ
ရပ်ခံအပ်ပါသည်။)
ကြောက်လန့်တကြားပြေးလာတဲ့သူကို ခေါင်းဆောင်ဖြစ်သူ ရပ်ကွက်လူမိုက်က
“ဟေ့ကောင်၊ မင်း … ထစ်ခနဲဆို ဇွတ်မပြေးနဲ့ ချော်လဲလို့ ဒဏ်ရာတစ်ခုခု
ဖြစ်ရင် တော်တော်နဲ့ မပျောက်ဘူး နားလည်လား၊ ဒါ အသုဘပို့နေတာ”
လို့ ပြောပါတယ်။
ကန်နံဘေး လမ်းတလျှောက်မှာ ရှိတဲ့ ဓါတ်တိုင်အားလုံးနီးပါးမှာ မီးလင်းတဲ့
တိုင်က လင်း၊ မလင်းတဲ့တိုင်က မလင်းပါ။ ဒါကြောင့် လက်နှိပ်ဓါတ်မီးနဲ့
အရှေ့ကို မီးထိုးကြည့်ရပါတယ်။ လမ်းထဲသို့ အ၀င် ဓါတ်တိုင် နှစ်တိုင်နီးပါး
အရောက်မှာ မိုးဖွဲဖွဲလေး ကျလာပါတယ်။ လျှပ်စီးတွေလည်း လက်လာပါ
တယ်။ ရုတ်တရက် “ကြောင်”လို့ ယူဆရတဲ့ အရာတစ်ခုဟာ လမ်းရဲ့ ညာဖက်
သစ်ပင်ကြီး တစ်ပင်၏ နံဘေးမှ လမ်းကို ကန့်လန့်ဖြတ် ဖြတ်ပြီး ဘယ်ဖက်
အခြမ်းက ရေကန်ထဲကို ၀ုန်းကနဲ ခုန်ဆင်းသွားပါတယ်။ အားလုံးလည်း
ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ဒုတိယခေါင်းဆောင်
ဖြစ်နေသူက သူ့ရှေ့က ဦးဆောင်သွားနေတဲ့ လူမိုက်ကို လှမ်းပြောပါတယ်။
“ကို …..၊ ကျနော်တို့ ခဏရပ်လိုက်ရင် ကောင်းမယ် ထင်တယ်”
(ခေါင်းဆောင်) ဘာဖြစ်လို့လဲ …. ဦး …..
(ဒု-ခေါင်းဆောင်) ခင်ဗျားနားလည်လား၊ ကျနော့်မှာ အယူတစ်ခုရှိတယ်၊ ခရီး
တစ်ခု သွားလို့ ရှေ့ကနေ “ကြောင်” တို့၊ “ခွေး”တို့ ကန့်လန့်ဖြတ် ဖြတ်သွားရင်
ကျနော်တော့ အဲဒီခရီးကို ဘယ်တော့မှ ဆက်မသွားဘူး၊ အဲဒါ နိမိတ် မကောင်းဘူး
(ခေါင်းဆောင်) ဒါဆို … ကျနော်တို့ ဘာလုပ်ကြမလဲ …
(ဒု-ခေါင်းဆောင်) ကျနော့်စိတ်ထဲ တစ်ခုခု ထင့်နေသလိုပဲ၊ လှည့်ပြန်ရင် ကောင်း
မလားလို့ …
(ခေါင်းဆောင်) ခင်ဗျား ရူးနေလား၊ အသုဘကို ရပ်ကွက်ထဲက သယ်ထုတ်ပြီးရင်
ရပ်ကွက်အတွင်းကို ပြန်မသယ်ရဘူး၊ အရပ် နာတယ်ဗျ၊ မသာ ဆိုတာ အထွက်ပဲ
ရှိရတယ်၊ အ၀င်မရှိရဘူး …
(ဒု-ခေါင်းဆောင်) မင်းကို ပြောရတာ တော်တော် ခက်တယ်၊ ခုနက “ကြောင်”
ရေကန်ထဲကို ဆင်းသွားတာ မင်းတွေ့တယ် မဟုတ်လား၊ အသံကလည်း
“၀ုန်း” ဆိုတဲ့ အသံကြီး
(ခေါင်းဆောင်) အဲ … ကျနော် သဘောပေါက်ပြီး
သူတို့နှစ်ဦး နံဘေးကို ရောက်လာတဲ့ လူငယ်က ..
“အကိုတို့ ပြောနေတာတွေ ကျနော်တော့ သိပ်နားမလည်ဘူး၊ ရှေ့ဆက်
မသွားရင် ကျနော်တို့ တစ်အုပ်စုလုံး ဘာလုပ်ကြမလဲ”
(ဒု-ခေါင်းဆောင်) “ကြောင်” ရေကန်ထဲ ဆင်းသွားတာ မင်းတွေ့တယ်
မဟုတ်လား၊ ထွက်လာတဲ့ အသံကလည်း “၀ုန်း”ဆိုတော့၊ ဒီဖက်လမ်းကို
ငါတို့ လာမိတာ မှားနေသလိုပဲ၊ သိပ်တော့ မကြောက်နဲ့ တစ်ခုခုတော့
မှား နေသလားလို့ ….
(လူငယ်) အား … ဟုတ်ပြီး … ဟာ … ဒါ ..ဒါဆိုရင် …
ရှေ့ဆုံးက လူတွေ ခဏရပ်သွားတဲ့အတွက် နောက်က လူတွေလည်း
ရပ်လိုက်ရပါတယ်။ နောက်ဆုံးက လူငယ်အုပ်စုကို ရှေ့ဆုံးကို တက်လာဖို့
ခေါင်းဆောင် လုပ်သူက လက်ပြလိုက်ပါတယ်။ ခွေးအူသံပေါင်း များစွာကြား
က ခွေးတစ်ကောင်ရဲ့ စူးစူးဝါးဝါး အူလိုက်တဲ့ အသံဟာ တော်ရုံတန်ရုံ ကြောက်
စိတ် ကင်းမဲ့သူများပင် ဆံပင်မွှေးတွေ ထောင်လာပါတယ်။ အသုဘ အလောင်း
ကို ထမ်းထားရတဲ့ လူတစ်ယောက်က …
“ကို….၊ ဘာဖြစ်လို့ ရပ်လိုက်တာလဲ”
(ခေါင်းဆောင်) ဟိုရှေ့က မီးမိတ်လိုက် လာလိုက်ဖြစ်နေတဲ့ ဓါတ်တိုင်
အောက်ကို ငါ မသင်္ကာလို့၊ မင်းတို့ လူငယ် မျက်စိ အားကောင်းကောင်း
နဲ့ သေသေချာချာ ကြည့်ပါအုံး …
ခေါင်းဆောင်ဖြစ်သူအပါအ၀င် လူနှစ်ဆယ် နီးပါး ထိုနေရာကို စူးစိုက်ကြည့်
ကြပါတယ်။ ပြီးတော့ တစ်ယောက် တစ်မျိုးစီ ပြောနေကြပါတယ်။ အများစုက
ဘာမျှ မမြင်ရဘူးလို့ ဆိုပါတယ်။ လူ လေး ..ငါးဦးက အရပ်ရှည်ရှည်နဲ့ လူ
တစ်ယောက် ထိုင်နေတယ်လို့ မြင်တယ်၊ တချို့က ကလေးငယ်တစ်ယောက်
ထိုင်နေတယ်လို့ မြင်တယ်၊ အဆိုးဆုံးက ဒုတိယ ခေါင်းဆောင်ဖြစ်သူရဲ့
အမြင်ပဲ ဖြစ်ပါတယ်။ သူ မြင်တာက အမျိုးသမီးတစ်ဦး ဆံပင်တွေကို
ဖားလျားချပြီး ထိုင်နေတယ်တဲ့။
(ခေါင်းဆောင်) အားလုံး တော်ကြပါတော့၊ တစ်ယောက် တစ်ပေါက်စီ
ငြင်းမနေနဲ့၊ လေးခွတွေ အသင့်ပြင်ထားကြ၊ ငါ လှမ်းမေးလိုက်မယ်၊ ငါက
ပြစ်ဆိုတာနဲ့ ပြစ်ကြ၊ ငါက ရပ်ဆိုတာ မင်းတို့ ရပ်တော့ …
ဒီလိုနဲ့ ခေါင်းဆောင်ဖြစ်သူ ပါးစပ်က “ဟေ့ ဘယ်သူလဲ … ဟေ့ ဘယ်သူလဲ
… မေးနေတာ မကြားဘူးလား ရှေ့က ဘယ်သူလဲ” လို့ အသံကျယ်ကြီးနဲ့
ဆက်တိုက် အော်ပြီး မေးနေပါတော့တယ်။ ပြန်လည် ဖြေဆိုသံ မကြားရတဲ့
နောက်ဆုံးမှာ ခေါင်းဆောင်လုပ်သူ ပါးစပ်မှ … “ပြစ်ကွာ” …
ထိုနေရာကို လေးခွတွေနဲ့ ငါးမိနစ်လောက် ဆက်တိုက် ပြစ်ပြီးတဲ့နောက်
“ဟေ့ကောင်တွေ ရပ်ကြတော့” ဆိုတဲ့ ခေါင်းဆောင် အသံကြောင့် အားလုံး
ရပ်လိုက်ပါတယ်။ လူ လေး … ငါးယောက်လောက် ဓါးတွေ တရမ်းရမ်းနဲ့
အဲဒီနေရာကို သွားကြပါတယ်။ မီးမှိတ်လိုက် လာလိုက် ဖြစ်နေတဲ့ အဲဒီဓါတ်တိုင်
အောက်မှာ တစုံတခုများ တွေ့လိုတွေ့ငြား ရှာဖွေကြပါတယ်။ ပြီးတော့ ဘာမျှ
မရှိတော့ဘူး လာကြတော့လို့ နောက်မှ လူအုပ်စုကို လှမ်းပြောလိုက်ပါတယ်။
အသုဘအလောင်း သယ်လာတဲ့ လူတစ်အုပ်စုလုံး ဒီလမ်းပေါ်မှာ တော်တော်
လေး စိတ်ကသိကအောင့် ဖြစ်နေကြပါပြီ။ နဂိုက သရဲတစ္ဆေ မယုံတဲ့သူတွေ
လည်း နည်းနည်းတော့ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြပါတယ်။ ခေါင်းဆောင်
လုပ်သူ နှစ်ဦးက အားလုံးကို မကြောက်ဖို့၊ တစ်ခုခုဆို ခြေဦးတည့်ရာ ဇွတ်မပြေးဖို့
ပြော နေရပါတယ်။ အဲလိုပြောနေချိန်မှာပဲ အသုဘအလောင်း ထမ်းထားတဲ့ သူတွေ
ဆီက လှမ်းပြောလာပါတယ် …
“ကို ……၊ ကျနော်တို့ လေးယောက် ကြောက်လို့ ပြောတာ မဟုတ်ဘူးနော်၊ တစ်ခုခု
တော့ ကျိန်းသေပေါက် မှားနေပြီး၊ ဒီဟာက ဒီလမ်းပေါ်ရောက်မှ အရမ်း လေး လာ
သလိုပဲ၊ ရပ်ကွက်ထဲကို တစ်ယောက် … နှစ်ယောက်လောက် ပြန်လွှတ်ပြီး၊ ဘုန်းကြီး
ကျောင်းက ဦးပဉ္ဇင်းတစ်ပါးလောက် ပင့်ခိုင်းလိုက်ပါလား၊ အထုတ်ထဲက ညည်းသံလို
လို ဘာလိုလို သဲ့သဲ့လေး ကြားနေတယ်၊ လေးယောက်စလုံး ကြားနေရတာ၊
ဘယ်လို လုပ်ရမလဲ”
(ခေါင်းဆောင်) အရေးထဲမှာ မင်းတို့ကလည်း ကြောက်နေပြန်ပြီး၊ ဒါကြီးကို မထုတ်
ခင်က ငါကိုယ်တိုင် နံဘေးကနေ သေသေချာချာ ကြည့်လာတာ၊ သေသေချာချာ
ဖြစ်နေလို့ ငါက အဲဒီမိသားစုကို သနားပြီး တာဝန်ယူလာတာကွ၊ မသေချာပဲနဲ့
အရူးချေးပန်း သယ်ထုတ်လာတာ မဟုတ်ဘူး …
(ထမ်းထားသူ တစ်ဦး) ခင်ဗျားကလည်း ခက်တယ်ဗျာ၊ ခင်ဗျား လာထမ်းကြည့်၊
မဟုတ်ရင် ကျနော့်ကို ခင်ဗျားကြိုက်သလို ပြောပေတော့ …
(ခေါင်းဆောင်) ရပ်ကွက်ထဲ ဘုန်းကြီး ပြန်ပင့်ခိုင်းရင်၊ ငါတို့ တစ်အုပ်စုလုံးကို
လူတွေက ငကြောက်တွေလို့ အပြောခံရမှာ မင်းနားလည်လား၊ မင်းတို့ စိတ်ထဲ
မှာ မသင်္ကာ ဖြစ်နေရင် ဒီဟာကြီးကို အောက်ခဏ ချလိုက်၊ ငါ ဖွင့်ပြမယ် ..
(ဒု- ခေါင်းဆောင်) ဟေ့ လူတွေ၊ အသုဘ ပို့တဲ့အခါ မြေပေါ်မှာ ခဏ မချရဘူး၊
ချပြီးရင် ချတဲ့ နေရာမှာ မြုပ်ရတယ်ဗျ၊ ကို …. ခင်ဗျားကလည်း ပြောလိုက်ရင်
ခင်ဗျား အသိဆုံး အတတ်ဆုံးပဲ၊ ဒီလောက်တောင် နားမလည်ဘူးလား …
(ခေါင်းဆောင်) ဒါဆို ဘာလုပ်ကြမလဲ …
(ဒု- ခေါင်းဆောင်) ဒီလမ်းဆုံးတဲ့ အထိ သယ်သွားမယ်၊ ပြီးရင် မီးလာတဲ့
ဓါတ်တိုင် တစ်တိုင်အောက်မှာ မြေနဲ့မထိအောင် တစ်ခုခုနဲ့ ခံရင်ခံ၊ ဒါမှ
မဟုတ်လည်း လက်တွေနဲ့ ၀ါးကပ်ကို ပင့်ထား၊ ကျနော် ဖွင့်ကြည့်မယ်၊ သူတို့
ပြောသလို ဟိုဟာ(မသေသေးဘူး) ဖြစ်နေရင်တော့ ရပ်ကွက်ထဲ ပြန်သယ်
သွားမယ်ဗျာ …
ဒီလိုနဲ့ တစ်အုပ်စုလုံး ဒုတိယ ခေါင်းဆောင်ဖြစ်သူ ပြောတဲ့ ဆုံးဖြတ်ချက်ကို
လက်ခံလိုက်ပါတယ်။ အသုဘ အလောင်းရဲ့ ဘေးနှစ်ဖက်နဲ့ ရှေ့နောက်တွေ
မှာ တုတ်၊ ဓါး၊ လောက်လေးခွများ ကိုင်ဆောင်ထားပြီး ရှေ့ကို ဆက်သွားခဲ့ကြ
ပါတယ်။ အဲဒီလမ်း မဆုံးခင်လေးမှာပဲ လူတစ်ယောက်ရဲ ညည်းသံလိုလို
ဘာလိုလို အသံတစ်သံကို လူနှစ်ဆယ်နီးပါးရှိတဲ့ တစ်အုပ်စုလုံး ပီပီသသ
ကြားနေရပါပြီ။ ခေါင်းဆောင်ဖြစ်သူ ပါးစပ်က …
“ဟိုရှေ့ လမ်းဆုံက ဓါတ်မီးတိုင်အောက်မှာ ခဏနားမယ်”
(ဆက်ရန်။)
ပုံပြင်တစ်ပုဒ်လို သဘောထားပါ (၂)
Subscribe to:
Post Comments (Atom)
စာမျက်နှာပေါင်း 230 ၏ နောက်ဆုံးပို့စ်များ
-
-
-
-
02/09/20105 hours ago
-
-
-
-
-
ကိုယ့်အကြိုက် "ကဗျာ"7 hours ago
-
-
-
China Town @ SG - 28 hours ago
-
-
-
-
-
-
-
-
ကျေးလက်ရိုးရာ သစ်စေ့ချတေး11 hours ago
-
အရှုံးတွေဟာအဆုံးမရှိဘူး12 hours ago
-
-
Bottom Billion အပိုင်း (၄)12 hours ago
-
-
ပျော်ရွှင်ခြင်းသာ သယ်ခဲ့ပါ14 hours ago
-
-
-
ကျွမ်းကျင်ရာ - အပိုင်း (၂)18 hours ago
-
ဂျဲဂျူးခရီး လိုက်မည့်သူများအတွက် သတိပေးချက်18 hours ago
-
ကံဆိုးရှာသောပိန်ညှောင်ကောင်18 hours ago
-
-
-
World Tour Soccer 0619 hours ago
-
-
5-20101 day ago
-
Pachelbel's Canon in D major1 day ago
-
-
ရုန်းလို့ ငြိတဲ့ကြိုး1 day ago
-
-
-
-
-
မိတ်ဆွေကြီးနဲ့ ကျွန်တော်1 day ago
-
အင်တာနက် အချစ်နဲ ့ ဆုံစည်းေရး ြပဿနာ1 day ago
-
-
-
ပညာပါရမီ နှိုးဆော်လွှာ1 day ago
-
-
ဟိုပေါက် ဒီပေါက်1 day ago
-
-
-
မေတ္တာတွေ ပေးမယ်1 day ago
-
ကြောင်ဖမ်းခြင်း1 day ago
-
-
-
-
-
နှင်းတွေလည်းကျနေသည်....1 day ago
-
အခုမှ ကျွန်တော်တို့ ဘ၀ အစစ2 days ago
-
-
-
-
စိတ်ကူးထဲက... အိတ်2 days ago
-
မြန်မာ့ မြန်မာ့ ရုပ်ရှင်2 days ago
-
-
-
ဘလော့ဂ်အကယ်ဒမီဆု ရှင်းတမ်း2 days ago
-
-
-
အပေးအယူ2 days ago
-
ဒီကဗျာ ရေမှာရေးပါတယ်2 days ago
-
-
-
-
in the garden of eden2 days ago
-
လွယ်လွယ်ကလေး မချစ်နဲ့2 days ago
-
ကလေးဘဝ အမှတ်တရများ ၂3 days ago
-
အဖြေ3 days ago
-
-
-
မေ့လိုက်ပီ - ခေမီကို3 days ago
-
-
တစ်ယောက်ကိုတစ်ယောက် (my own version)3 days ago
-
လင်းခေးသို့အ၀င်3 days ago
-
-
လက်ရှိ........3 days ago
-
". . ရူး . . "3 days ago
-
-
ဒီလိုအကျင့်တွေ ရှိတယ်4 days ago
-
-
ကိုယ့်အကြိုက်4 days ago
-
ကူညီကြပါစို့4 days ago
-
ရွှေအိုရောင် ဒဏ်ရာ4 days ago
-
-
-
-
လီမင်းသမီး5 days ago
-
-
ဘာမလုပ်ကောင်း၊ ညာမလုပ်ကောင်း5 days ago
-
-
-
-
-
ရာဇဝင်များရဲ့သူတို့သမီး...5 days ago
-
-
-
-
-
ပျင်းရိခြင်းကို တွေးမိခြင်း5 days ago
-
ဗျာဒိတ်5 days ago
-
-
-
ဗဟိန်6း days ago
-
-
“၉၇ ”ပါးရောဂါ1 week ago
-
စဉ်းစားကြည့်တာပါ1 week ago
-
-
-
-
-
-
-
-
ကဗျာမဟုတ်....1 week ago
-
-
-
-
-
M$ Office 2007 မှာလေ...1 week ago
-
-
-
သီလအရှင်များ1 week ago
-
-
သေခြင်းကင်းသောမြို့1 week ago
-
-
အဖေသို့1 week ago
-
-
ဖတ်မိဖတ်ရာများက မှတ်မိမှတ်ရာများ1 week ago
-
ကွိ (စ၊ဆုံး)1 week ago
-
ပြီးဆုံးချိန်1 week ago
-
-
-
သိဒ္ဓတ္ထကိုနားလည်ခြင်း (မိုးသွေး)2 weeks ago
-
Facebook အကြောင်း တစေ့တစောင်း2 weeks ago
-
-
လတ်လတ်ဆက်ဆက်ည2 weeks ago
-
-
Strawberry love2 weeks ago
-
-
ကဗျာမရေးဖြစ်တဲ့အကြောင်း2 weeks ago
-
ရင်နင့်ဖွယ်အမေ..2 weeks ago
-
၂၀၁၀2 weeks ago
-
ကြိုဆိုပါတယ် မေမေအသစ်လေးရေ2 weeks ago
-
တွေးမိနေတဲ့ အတွေးများ (၃)3 weeks ago
-
“တော်ကြပါတော့ဗျို့”3 weeks ago
-
ပို့စ်အငှါးတင်ပေးခြင်3း weeks ago
-
-
အမေသို့3 weeks ago
-
-
-
-
ဗုဒ္ဓဘာသာဆိုတာ3 weeks ago
-
Voice of Burma 7444 weeks ago
-
-
-
-
-
ခြံထဲက ပန်းလေးပါ5 weeks ago
-
-
-
-
-
Happy New Year5 weeks ago
-
နှစ်သစ်ဆုမွန်5 weeks ago
-
မီးအိမ်ပျောက်တဲ့မြစ်1 month ago
-
-
၃၀.၁၂.၂၀၀၉ မှာ အထွေထွေ သပိတ်ဆင်နွှဲမယ်1 month ago
-
-
Meaningful Breakfast!1 month ago
-
-
-
-
ပြန်လာချိန်ခဏ2 months ago
-
၂၀၁၃2 months ago
-
-
အမြဲတမ်းအတွက် ၀မ်းနည်းစွာ နှုတ်ဆက်ခဲ့တယ်2 months ago
-
ဒုတိယကမ္ဘာ (သို့မဟုတ်) …2 months ago
-
Underdog Alma Mater3 months ago
-
-
လု ၊ လူ ။ လူ3း months ago
-
-
အဖွဲ့ ဝင် ရန်ဖိတ်ခေါ်ခြင်3း months ago
-
နှုတ်ဆက်ခြင်3း months ago
-
ငိုချင်မိသော ပွဲတစ်ပွဲ3 months ago
-
Beyond Rangoon3 months ago
-
-
-
-
-
-
ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို4 months ago
-
Book Review: Wars, Guns and Votes4 months ago
-
ပြန်ဆုံတဲ့အခါ4 months ago
-
-
-
ဖယောင်းတိုင်မျာ6း months ago
-
-
သူ့အမြင်ကိုယ့်အမြင်6 months ago
-
-
ကျွန်မနဲ့ ယောကျာင်္များ7 months ago
-
Choosing the Right Battle Strategy7 months ago
-
-
-
ပါဠိပါဌ်ဆင့်ရေးနည်းဖတ်နည်း8 months ago
-
-
နောက်ဆုံး9 months ago
-
-
-
-
-
ခဏတာ ဘလော့ဂ်ရေးခြင်းနားပါမယ်။10 months ago
-
ဒီမိုကရေစီ ခရီးစဉ် (၅၂)11 months ago
-
-
-
အစွန်းရောက်ဝါဒီ11 months ago
-
-
Moving the blog!1 year ago
-
လူသီချင်း1 year ago
-
-
Labels
- ကဗျာများ (46)
- ကိုယ်တွေ့ဖြစ်ရပ်များ (32)
- စာပေများ (63)
- ဓာတ်ပုံများ (19)
- ဖန်တီးမှု-ခံစားမှု (71)
- သတင်းများ (48)
- သမိုင်း (35)
စုစည်းထားသမျှ
ရုပ်ရှင်လင့်ခ်များ
» BurmeseClassic » မင်းသီလ
» ShweO
» ShweDream
» Mayhninaye
» Mitzima
» MyanmarPioneer
» ဖရီးမြန်မာဗွီစီဒီ
» myanmarworld
» သီးလေးသီး
» အဖြူရောင် တေးရုပ်သံဥယျာဉ်
» Buddha FM ရေဒီယို
» တိုက်ရိုက် တရားနားယူနိုင်သော
» လူငယ်ဒိုင်ယာရီ
»  ခရမ်းပြာအိမ်မက်
»  Myanmar-Movies
»  MyanmarImage
»  Mp3
»  ညကဗျာ
»  emp3world
နိုင်ငံတကာရုပ်ရှင်များ
» အာရှရုပ်ရှင်များ » တရုတ်ရုပ်ရှင်များ
» ဂျပန်ရုပ်ရှင်များ
» ကိုရီးယားရုပ်ရှင်(၁)
» ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
» ကိုရီးယားရုပ်ရှင်(၂)
» ကိုရီးယားရုပ်ရှင်(၃)
» davidmovie
» 66stage
» joox
» Quicksilverscreen
» moviesfoundonline
» watchnewfilms
» freemoviescinema
» watchmovies
သတင်းလင့်ခ်များ
» BBC-မြန်မာပိုင်း » DVB
» VOA-မြန်မာပိုင်း
» RFA-မြန်မာပိုင်း
» ဟစ်တိုင်
» ဧရာဝတီ
» ယနေ့မြန်မာ
» ခေတ်ပြိုင်
» MyanmarISP
» သူရိယ
» သတင်းနှင့်မီဒီယာ
» နေ့သစ်
» မိုးမခ
» မဇ္ဈိမ
» ShanHuman
» ကိုမိုးသီး
» ကိုထိုက်
» Dr. လွဏ်းဆွေ
» BKHMER
» ဦးကုလား
» Baganland
» မဟာမေ
» ABITSU
» မိုးကုတ်မီဒီယာ
အလျဉ်းသင့်ရာများ
» ဆရာကြီးဦးတင်မိုး » ကိုဇာဂနာ
» မင်းခိုက်စိုးစန်
» ကိုမင်းဒင်
» ကိုဘကောင်း
» အောင်မိုးဝင်း
» ကိုမြတ်ဝေ
» တူးတူးသာ
» မြေသြဇာ
» မေလနဲ့ဇွန်လမွေးသူ
» ကဗျာဝိညာဉ်
» နဗနဘဝ
» ထူးမြတ်
» Yan Aung
» ငါယုံကြည်ရာ
» ဂျိုးဖြူ
» ကိုဖိုးဇေ
» နေဘုန်းလတ်
» s0wha1
Forum & Useful Links
» ဟင်းချက်နည်း မျိုးစုံ» မြန်မာမန်ချက်စတာချစ်သူများ
» Myanmar Genius
» သံလွင်အိပ်မက်
» လင်းထက်ဖိုရမ်
» Technical Seven
» Blogger Helpdesk
» E-books
» အွန်လိုင်းစာကြည့်တိုက်
» LanOLay
» လမ်းအိုလေး
» ရွှေအမြုတေ
» ဖွဲ့တည်ရာ
» Suboo
» ဒိန်းမတ်သတင်းစာ
» SingforYou
» Planet
» ဖိုးဝ
» သရဖူ
» လောကအလှ
» လျှပ်တစ်ပြက်
» အလင်္ကာ
» Native Myanmar
» Blogger Forum
» Myanmar Cupid
» ForumW
» YAMC
ကျန်းမာရေး
»  RavenBloodDonorClub»  Dr.Junior
»  HealthCorner
»  ဆေးပညာလောက
»  Public Health
»  မြင့်မိုရ်ဦး
»  ဆရာဝန်ဘ၀စာမျက်နှာ
»  MedicalEducation
Zaw-Gyi Font ရယူရန်
» ဇော်ဂျီ Font Installer COPYRIGHT

This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.
About Me
- ကိုအောင်(ပျူနိုင်ငံ)
- ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com


9 comments:
ကိုအောင်ကလဲ..ငယ်ငယ်က သတင်းစာထဲ နေ့တိုင်း
ဝတ္တုစောင့်ဖတ်ရသလို ဖြစ်နေပြီ...ဆန့်တငင်ငင်ဖြစ်နေတယ်..
ကောင်းခန်းရောက်မှ ရပ်သွားပြန်ပြီဗျာ...
စိတ်ဝင်စားဖို့တော်တော်ကောင်းနေပြီဗျ..
ဖြစ်နိုင်ရင် မြန်မြန်ဆက်ပါဗျို့...
ကိုအောင်...ကောင်းခန်းရောက်မှ...ဖတ်ရင်းနဲ့ ကျောတော့ခပ်ချမ်းချမ်း...
ဘယ်နှစ်ပိုင်းတောင် ရှိလဲကိုအောင်။ ကျွန်မက အခန်းဆက် ဖတ်လို့မတတ်လို့ အကုန်လုံးပြီးမှ ပြန်လာဖတ်လို့ရအောင် မေးထားတယ်။ နောက်ပို့စ်ကျရင် ပြီးအောင် ရေးထားမှ ဖတ်မှာနော့်။
တတိယပိုင်း စောင့်မျှော်နေပါသည်
ကျောင်းသားလေးတွေနဲ့ လူမိုက်ခေါင်းဆောင်ကြီး ဆက်ပါအုန်းလေ။
မအယ်
စောင့်မျှော်နေပါတယ်ခင်ဗျား...
ကြောက်စရာပဲ. မိုက်တယ်
စောင့်ဖတ်နေတယ်ဗျ
မြန်မြန်ဆက်ပါ ကိုအောင်..
အဲဒီလမ်း မဆုံးခင်လေးမှာပဲ လူတစ်ယောက်ရဲ ညည်းသံလိုလို
ဘာလိုလို အသံတစ်သံ ??????
ကိုအောင် ထပ်တင်ရင် နဲနဲလောက်အချက်ပေးပါဦးဗျာ
Post a Comment