ပုံပြင်တစ်ပုဒ်လို သဘောထားပါ (၃)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူများ၊
နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန် မေတ္တာ
ရပ်ခံအပ်ပါသည်။)

လမ်းဆုံဆိုတဲ့ နေရာက ကန်နံဘေး လမ်းသွယ်နဲ့ ရပ်ကွက်တစ်ခု အတွင်းသို့
ဝင်ရောက်နိုင်တဲ့ လမ်းမကြီးနှစ်ခု ဆုံတွေ့ရာ နေရာတစ်ခုပါ။ အဲဒီလမ်းဆုံဟာ
လူကုံထံ ရပ်ကွက်ရဲ့ နောက်ပိတ်ဆုံး နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ခြံဝန်းများ
သာရှိပြီး အိမ်အများစုဟာ ခြံတွေရဲ့ အတွင်းမှာ ရှိပါတယ်။ လမ်းမီးတိုင်မှ မီး
အလင်းရောင်ကို ခပ်လှမ်းလှမ်းက မြင်တွေ့နေရပါတယ်။ တဖြေးဖြေးနဲ့ တစ်အုပ်စု
လုံး ဓါတ်မီးတိုင်အောက်ကို ရောက်ရှိလာပါတယ်။ ဓါတ်မီးတိုင်အောက်ကို စ’ရောက်
တဲ့ အချိန်မှာ အသုဘအထုတ်အတွင်းက ညည်းသံကို လုံးဝ မကြားရတော့ပါ။

(ဒု-ခေါင်းဆောင်) ဟေ့ မြေကြီးနဲ့ ဒီဟာကြီး မထိအောင် ကြားခံနိုင်မဲ့ ပစ္စည်း
တစ်ခုခုကို အမြန် ရှာကြ၊ အသံတောင် မကြားရတော့ပါလား၊ မြန်မြန်
ဖွင့်ကြည့်ရအောင်၊ တော်ကြာ ဒို့လက်ထဲရောက်မှ အသက်ရူကြပ်ပြီး သေတယ်
ဆိုရင် ငါတို့အားလုံး အမှုပတ်နေအုံးမယ် …

(လူငယ် တစ်ဦး) ဟိုခြံရှေ့မှာ ခုံတန်းလျား တစ်ခုနဲ့ တူတယ်၊ အဲဒီအထိ သယ်သွား
ပြီး ဖွင့်ကြည့်ရအောင် …

(ခေါင်းဆောင်) အဲဒီ ခုံတန်းလျားကို သွားသယ်လိုက်၊ သူများခြံရှေ့ လူအုပ်စုလိုက်
စုရုံးစုရုံးနဲ့ တော်ကြာ ဒမြ လာတိုက်ထင်ပြီး ထ’အော် နေလို့ အကုန်လုံး ပြေး
နေရအုံးမယ်၊ အသံဗလံ မထွက်စေနဲ့ သတိထားကြ …

လူကုံထံ ရပ်ကွက်တစ်ခုလုံး အိမ်မောကြနေပြီး အရာရာ တိတ်ဆိတ်နေပါ
တယ်။ လူငယ် လေး ..ငါးယောက်တို့က ဓါတ်မီးတိုင်နဲ့ မနီးမဝေး ခြံတစ်ခြံ
ရှေ့ရှိ ခုံတန်းလျားတစ်ခုကို သွားရောက် သယ်ဆောင်လာပါတယ်။ အသုဘ
ထမ်းစင်တွင် အလှည့်ကျ ထမ်းရန် တာဝန်ယူထားသည့် လူလတ်ပိုင်းအရွယ်
နှစ်ဦးတို့က အလောင်းကို အသုဘ ထမ်းစင်ပေါ်မှ ခုံတန်းလျားပေါ်သို့ မ’ ပြီး
ရွှေ့လိုက်ပါတယ်။ ဒီအချိန်မှာ ခေါင်းဆောင်ဖြစ်သူက ဒု- ခေါင်းဆောင်အား …
“ဦး ……၊ ခဏနေအုံး၊ ရုပ်ပျက်ဆင်းပျက် ဖြစ်ထားတာနော်၊ တော်ကြာ
လူတွေ အားလုံး အကြောက်လွန်ပြီး ထွက်ပြေးနေအုံးမယ်၊ ခင်ဗျားရယ်
ကျနော်ရယ် ကြည့်ရတဲ့ လူတွေပဲ ဖွင့်ကြည့်မယ် လူငယ်တွေ မကြည့်ရဲရင်
မျက်နှာလွှဲနေကြ”

(ဒု- ခေါင်းဆောင်) အေး ဟုတ်တယ်၊ ကလေးတွေ မင်းတို့ မကြည့်ရဲရင်
မျက်နှာ လွှဲထားကြ …

ခေါင်းဆောင်နှစ်ဦး အပါအ၀င် လူကြီး ဆယ်ဦးခန့်နဲ့ ကြည့်ချင်သော လူငယ်
လေး … ငါးဦးခန့် အသုဘ ခေတ္တတင်ထားရာ ခုံတန်းလျားနံဘေးတွင် ၀ိုင်းလိုက်
ကြပါတယ်။ ဓါတ်မီးတိုင်၏ မီးအလင်းရောင်၊ လက်နှိပ်ဓါတ်မီး သုံး … လေးလက်
ရဲ့ အကူအညီဖြင့် အသုဘ အထုတ်ကို စ’ ပြီး ဖွင့်လိုက်ပါတယ်။ ဆူးရှ ပြင်းထန်းလှ
တဲ့ အရက်နံ့ဟာ အားလုံးရဲ့ နာခေါင်းဝ တွေဆီ ၀င်ရောက်လာပါတယ်။ ခေါင်းဆောင်
လုပ်သူ၏ ဒေါသ ထွက်နေသော စကားသံကို ကြားရပါတော့တယ် …
“ကဲ့ … အစ ကတည်းက ငါ မပြောဘူးလား … လုံးဝ သေနေပါပြီ ဆိုတာ …
မင်းတို့ အားလုံး လက်မခံကြဘူး … ကြည့်ပါအုံး …. ခုတ်ထားတာများ … ရစရာ
တောင် မရှိဘူး … ခေါင်းတောင် ပျက်လုမတတ် … ရင်ဘတ်မှာ အပေါက်တွေ
ဗလပွနဲ့ …. လမ်းထဲက နားလည်တဲ့ လူကြီးအားလုံးကနေ သေနေပြီလို့ ဆုံးဖြတ်
ထားလို့ သယ်လာတာ … ကဲ့ ပြောပါအုံး ဆရာသမားတို့ ကျေးဇူးရှင်တို့ … ”

(ထမ်းလာသူ တစ်ဦး) ဟုတ်တယ်ဗျာ … အသားတွေလည်း အေးစက်နေတာဘဲ
…. ကျနော် ရေခဲတိုက်မှာ အလုပ် လုပ်ဖူးတယ် … ဒီဟာမျိုးက သေသွားတာ နာရီ
ပိုင်းလောက်ရှိတဲ့ အလောင်းမျိုး … ကျနော်တို့ သယ်မလာခင် ကတည်းက သေ
ထားပြီးသား အလောင်းပါ … ဒါဆို ခုနက ညည်းသံက ဘယ်ကလဲ … မျက်စိတောင်
လည်နေပြီ …

(ဒု- ခေါင်းဆောင်) ညည်းသံကို အားလုံး ကြားရတာ … သေတယ်ဆိုတာ ကျိန်းသေ
နေမှတော့ မှာလိုက်တဲ့ နေရာ အထိ ဆက်သယ်ကြတာပေါ့ … တော်ကြာ အားလုံး
မထင်သလို ဖြစ်သွားမှာကို ကျနော်က စိုးရိမ်းလို့ပါ … ဖွင့်ကြည့်တော့လည်း အဖြေ
ရတာပေါ့ဗျာ …

(လူငယ် တစ်ဦး) ကဲ့ … ကဲ့ .. အကိုတို့ အချိန်မရှိဘူး … ဒါကြီးကို မြန်မြန်ပြန်ထုတ်
လိုက် … မှာလိုက်တဲ့ နေရာက ဘယ်နားမှာလဲ … ဒီဖက်လမ်းတွေက လမ်းကျယ်တွေ
… စစ်ကားတွေ မောင်းဝင်လာလို့ ရတယ် … မာရှယ်လော ထုတ်ထားတာနော် …
အမေးအမြန်းမရှိ အပြစ်ခံနေရအုံးမယ် …

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေသော သူတို့အားလုံး လက်ထဲတွင်
တုတ်၊ ဓါးများ ကိုင်ဆောင်ထားသော်လည်း ကြောက်စိတ်ကြောင့် တုန်တုန်ရီရီ
ဖြစ်နေကြပါပြီ။ လူငယ်တစ်ဦး သတိပေးလိုက်သော စကားကြောင့် ငြင်းခုန်နေသူ
အားလုံး အသုဘအလောင်းကို အလျင်အမြန် ပြန်ထုတ်ကြပါတယ်။ ခေါင်းဆောင်
ဖြစ်သူက အလောင်း ထမ်းသူများအား ပခုံးပေါ်တွင် တင်ပြီး မသယ်ဆောင်ဘဲ
မြေကြီးမှ ပေါင်တ၀က်လောက် မြင့်သော အနေအထားဖြင့်သာ မ’ပြီး သွားဖို့
မှာကြားပါတယ်။ ပြီးတော့ ရှေ့ပြေးအနေနဲ့ အရှေ့ကနေ ကြိုပြီး သွားဖို့
လူလတ်ပိုင်း အရွယ် နှစ်ဦးနဲ့ လူငယ်တစ်ဦးကို ရွေးချယ်ပါတယ်။

(ခေါင်းဆောင်) ……၊ …..နဲ့ မောင် ……တို့ အရင်သွား၊ လက်ထဲက ဓါးတွေ
လောက်လေးခွတွေ ငါတို့ဆီမှာ ထားခဲ့၊ ပုဆိုးကို ပြန်ပြင်ဝတ်လိုက်၊ မတိုစေနဲ့၊
လက်နှိပ်ဓါတ်မီး နှစ်လက်လောက် ယူသွား၊ စစ်တပ်က ကင်းပုန်းတွေ ဒီလမ်းထိပ်မှာ
ရှိနိုင်တယ်၊ စစ်တပ်နဲ့ တည့်တည့်တိုးရင် … အိမ်က စိတ်မနှံ့တဲ့ အမ တစ်ယောက်
… ပျောက်နေလို့ လိုက်ရှာနေတယ် ပြောနော် … ပီပီပြင်ပြင် ပြောနော် … စစ်တပ်နဲ့
ထိပ်တိုက်တိုးရင် ထွက်မပြေးနဲ့ သူတို့ဆီ တည့်တည့်လျှောက်သွား … အမူအယာ
မပျက်စေနဲ့ … မတတ်သာတဲ့ အဆုံး အဖမ်းခံရလည်း လိုက်သွား၊ လမ်းထိပ်ရောက်
ရင် ညာဖက် ကြည့်လိုက် ကားမှတ်တိုင်နံဘေးမှာ အလောင်းတွေရှိတယ်နော်၊
အရမ်းကြီး ကြောက်မနေနဲ့၊ ခပ်လှမ်းလှမ်းက ကြည့်ရင် မြင်နိုင်တယ်၊ ဓါတ်မီးနဲ့
အရှေ့ကို ကြိုထိုးပြီးသွားနော်၊ စစ်တပ်က ကင်းပုန်းရှိရင် မင်းတို့အပေါ် မသင်္ကာ
မဖြစ်ဘူးပေါ့၊ မင်းတို့ နှစ်ယောက် ရှေ့ဆုံးက ကြိုသွား၊ မောင်……. ကို
မင်းတို့ နှစ်ယောက်နဲ့ ဓါတ်တိုင် တစ်တိုင်လောက် အကွာမှာ လိုက်ခိုင်း၊ သူက
ဓါတ်မီးနဲ့ အချက်ပြရင် ငါတို့အားလုံး မင်းတို့ဆီ လာခဲ့မယ် … ငါ ပြောတာကို
မမေ့နဲ့နော် …

ရှေ့ပြေးသွားသူ သုံးဦးအနက် နောက်ပိတ်ဆုံး လူငယ်နှင့် ဓါတ်တိုင် ငါးတိုင်စာ
အကွာအဝေးမှ ကျန်တစ်အုပ်စုလုံး လိုက်ခဲ့ကြပါတယ်။ သူတို့ လျှောက်နေရ
သော လမ်းမှာ ဘတ်စ်ကား သွားနေကြ ကားလမ်းမမှ တိုက်ရိုက် ချိုးကွေ့ ၀င်
ရောက်နိုင်သော လမ်းမျိုးပါ။ ဒါကြောင့် ရုတ်တရက် ရှေ့ကနေ လမ်းအတွင်း
သို့ စစ်ကား တစ်စီးစီးများ ချိုးကွေ့ ၀င်လာ မလားလို့ စိုးရိမ်းစွာနဲ့ သွား
နေရပါတယ်။

(ဒု- ခေါင်းဆောင်) ကို …..၊ ဒီလမ်းထိပ်မှာ စစ်တပ်က ပြစ်သတ်ထားတဲ့
အလောင်းတွေ ရှိနေသေးတယ်လို့ ဘယ်သူ ပြောတာလဲ၊ သေရော သေချာ
ရဲ့လား …

(ခေါင်းဆောင်) ခင်ဗျားအိမ်ရှေ့က ဆိုက်ကားနင်းတဲ့ …….. ပြောတာ၊ သူကိုယ်တိုင်
ဒီညနေ ခြောက်နာရီထိုးလောက်က သေသေချာချာ မြင်ခဲ့တာတဲ့၊ ကားမှတ်တိုင်
နံဘေးမှာ သေနေတာက ငါးလောင်းတဲ့ ဗျာ ….

(လူငယ် တစ်ဦး) ဆိုက်ကားနင်းတဲ့ ကို…….၊ ဘယ်လို မြင်ခဲ့တာလဲ၊ သေနေတဲ့
လူတွေက ဆန္ဒပြတဲ့ ကျောင်းသားတွေလား ….

(ခေါင်းဆောင်) မဟုတ်ဘူးကွ၊ …… ပြောတာက၊ ဒီညနေ ဒီဖက်က ဆရာဝန်
တစ်ယောက်ကို လာပင့်ချင်တယ်ဆိုပြီး သူ့ ဆိုက်ကားကို အဌားခေါ်လာတာ၊
အဲဒီအလောင်းတွေ မြင်တော့ ဒီဖက်မှာ နေတဲ့ ဆရာဝန်ကို မေးကြည့်တယ်၊ အဲဒီ
ဆရာဝန်အိမ်က ကားမှတ်တိုင်နဲ့ မျက်နှာချင်းဆိုင် ခြံကွ၊ ဆရာဝန်က ပြောပြ
တယ်၊ ကားမှတ်တိုင်မှာ ဘတ်စ်ကား စောင့်နေတဲ့ မိသားစု တစ်စုလို့တော့
ထင်တယ်တဲ့ …. ဆန္ဒပြတဲ့ သူတွေကို စစ်တပ်က သေနတ်ပြစ်တော့ … ဆန္ဒပြတဲ့
သူတွေက မီးပွိုင့်ဖက်ကနေ ပြေးလာတာတဲ့ … ပထမ စစ်တပ်က မီးပွိုင့်ထိပ်ကနေ
လမ်းမကြီး တလျှောက် ရမ်းပြီး ပြစ်နေတာ … ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့
အဲဒီလူတွေ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားတာ …. အချိန်နည်းနည်း
လောက် ကြာတော့ စစ်ကားတွေ ခြေလျင်လျှောက် စစ်သားတွေ ဒီနေရာ
ရောက်လာတယ် … တစ်ယောက်လား … နှစ်ယောက်လား မသိဘူး .. လဲနေ
တဲ့ အထဲမှာ မသေသေးဘူး .… စစ်တပ်က လှံစွပ်နဲ့ ထပ်ထိုးသွားတယ်တဲ့
ရှင်းပြီလား …

(ဒု- ခေါင်းဆောင်) စစ်တပ်က အလောင်းတွေကို မသယ်သေးတာ ကျိန်းသေဖို့ပဲ
လိုတယ် … နောက်မို့ဆို ဒါကြီးကို ပြစ်ဖို့ ခက်မယ်နော်၊ ရှေ့ကနေ ကြိုသွား
နေတဲ့ ဟိုသုံးယောက်ကို ခင်ဗျား သေသေချာချာ မှာလိုက်ရဲ့လား …

(ခေါင်းဆောင်) လမ်းထိပ် ညာဖက်က ကားမှတ်တိုင်နံဘေးကို ကြည့်လို့ပဲ ပြော
လိုက်တယ်၊ ဘယ်လိုပုံစံ သေနေတယ်၊ ဘယ်နှစ်လောင်းရှိတယ် ဆိုတာတော့
သေသေချာချာ မပြောလိုက်မိဘူး …

(လူငယ် တစ်ဦး) ဟိုမှာ ဟိုမှာ … သူတို့ သုံးယောက် ဒီဖက်ကို ပြန်လာနေပြီ
အခြေအနေ မကောင်းဘူးနဲ့ တူတယ် …..

အသုဘ အလောင်းကို သယ်ဆောင်လာတဲ့ လူအုပ်စုရှိရာသို့ ရှေ့ပြေး သွားသူ
သုံးဦး အရေးတကြီးပုံစံ ခြေလှမ်းများဖြင့် လှည့်ပြန်လာနေတာကို တွေ့လိုက်ရ
ပါတယ်။

(ခေါင်းဆောင်) မင်းတို့ ငါပြောတဲ့ နေရာမှာ ဘာမျှ မတွေ့ခဲ့ဘူးလား …

(ပြန်လာသူ တစ်ဦး) ခင်ဗျားပြောတာ လုံးဝ မဟုတ်ဘူး၊ ဘာအလောင်းမှ မရှိဘူး၊
ကားမှတ်တိုင်မှာ လူ ငါးယောက်ထိုင်နေကြတယ်၊ သူတို့ နံဘေးကို ကျနော်
ရောက်ခဲ့သေးတယ်၊ အဘွားကြီးတစ်ယောက်က မီးခြစ်ပါလား မေးလို့ ကျနော်
တောင် မီးခြစ်ထုတ်ပေးလိုက်သေးတယ်၊ သူ သောက်နေတဲ့ ဆေးပေါ့လိပ်က
တိုနေလို့ သနားတာနဲ့ ကျနော့်အင်္ကျီ အိတ်ကပ်ထဲက တစ်လိပ်တောင် ပေးခဲ့
သေးတယ်၊ ခင်ဗျားမေးမှ သတိရတော့တယ်၊ ကျနော့်မီးခြစ်တောင် ကျန်ခဲ့ပြီး၊
ထားလိုက်ပါ …

(ခေါင်းဆောင်) မင်းတို့ ကားမှတ်တိုင်မှာ တွေ့ခဲ့တာ လူ ငါးယောက် ဟုတ်လား …

(ပြန်လာသူ တစ်ဦး) ဟုတ်တယ်ဗျာ၊ မယုံရင် ခင်ဗျား သွားကြည့်ချင် ကြည့်ပေါ့၊
ဘာ အလောင်းမှ မရှိဘူး၊ ကားစောင့်နေတဲ့ လူတွေပဲ ရှိတယ်၊ ဒါကြီး အဲဒီကို သယ်
မသွားနဲ့၊ တော်ကြာ အဲဒီလူတွေ မြင်သွားလို့ကျနော်တို့အားလုံး မီးခိုတောက်လျှောက်
ပြဿနာ တက်နေအုံးမယ် …

(ဒု- ခေါင်းဆောင်) ဟေ့ … မာရှယ်လော ထုတ်ထား အခု ညနှစ်နာရီတောင် မထိုး
သေးဘူး၊ ဘယ်သူက ဒီအချိန်ကြီး ကားမှတ်တိုင်မှာ ကားစောင့်မှာလဲ၊ လမ်း
တော်တော်များများကို သစ်တုံးတွေနဲ့ ပိတ်ထားတာ၊ ဘယ် ဘတ်စ်ကားမှ လိုင်း
မဆွဲဘူး၊ မင်းတို့သုံးယောက်တွေ့ခဲ့တာ ဟုတ်ရော ဟုတ်ရဲ့လား ……

(ခေါင်းဆောင်) အားလုံး ဒီနေရာမှာ နေခဲ့၊ ငါ တစ်ယောက်တည်း ဖြစ်ချင်ရာဖြစ်
သွားကြည့်မယ် ….


(ဆက်ရန်။)
(နောက်ဆုံးပိုင်းကို ရက်အနည်းငယ်ကြာ စောင့်ဆိုင်းကြပါ။)

5 comments:

ဆောင်းယွန်းလ said...
8 November 2009 05:44  

ဇာတ်လမ်းက စိတ်ဝင်စားစရာအကောင်းဆုံးနေရာကိုရောက်နေပြီဗျ..
ဆက်ရန်မျှော်နေမယ်ဗျာ

အိုးဝေအောင် said...
8 November 2009 10:05  

ဆွဲဆောင်မှု ရှိတယ်ဗျို့။ကိုအောင့်ရေးလက်ရေးဟန်က သတိထားမိခဲ့ရသလောက် ဖြစ်ပျက်လှုပ်ရှားမှုကို ပုံဖော်ရေးသားရာမှာ တော်တော်စိတ်ဝင်စားအောင်ရေးနိုင်တယ်ဗျို့။
လျှို့ဝှက်သဲဖို
ဝတ္ထုရှည်တွေ ရေးစားပေတော့ဗျို့။

mek said...
8 November 2009 19:22  

ကိုအောင်ရေ ဆက်ဗျို့  အားတာနဲ့ 

MieMie said...
9 November 2009 04:41  

အခု ညဖက်ကြီး ဖတ်ရတာ ကြောက်ထှာ... ဟီး..ဟီးး)
ဟိုတခါ တိုသွားလို့ ဒီတခေါက် နည်းနည်းရှည်ရှည် ရေးပေးတာ ကျေးဇူး...

mie nge

စုချစ် said...
10 November 2009 02:15  

ကြောက်ကြောက်နဲ့ ဖတ်နေပါတယ်...
မဖတ်ပဲလည်း မနေနိုင်....
း-)

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile