ရေးသူ- စစ်ငြိမ်းဒီရေ
(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူများ၊
နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန် မေတ္တာ
ရပ်ခံအပ်ပါသည်။)
တစ်ဦးတည်း သွားရောက်ကြည့်ချင်နေသော ခေါင်းဆောင်ဖြစ်သူအား ကျန်လူ
များက အပြင်းအထန် ကန့်ကွက်ကြပါတယ်။ ပြန်လည် ရောက်ရှိလာသူ သုံးဦး
တို့ကလည်း ၎င်းတို့ မြင်တွေ့ခဲ့မှုတွင် လူသေအလောင်းများ လုံးဝ မရှိကြောင်း
ငြင်းဆို ပါတယ်။ တစ်အုပ်စုလုံး မိမိတို့ ရပ်ကွက်သို့ လှည့်ပြန်ရင် ကောင်း
မလား၊ ဒီလမ်းထိပ်ရှိ လူသေအလောင်းများ ရှိ မရှိကို ထပ်ပြီးသွားကြည့်ရင်
ကောင်းမလားဟု ဇဝေဇ၀ါ ဖြစ်နေပါတယ်။ ခက်နေသည်က သူတို့ သယ်
ဆောင်လာသော အရက်သမား ရုပ်အလောင်းကို ဘယ်လို လုပ်ရမှန်းမသိပါ။
ဆယ့်ငါးမိနစ် … မိနစ် နှစ်ဆယ်ခန့်အထိ ငြင်းခုန်ကြပြီးနောက် ဆုံးဖြတ်ချက်
တစ်ခုကို သူတို့အားလုံး ချမှတ် နိုင်ခဲ့ပါတယ်။
လူငါးယောက်ကို ရှေ့ပြေးအဖြစ် လမ်းထိပ်ဆီသို့ ထပ်မံသွားရောက် ကြည့်ရူရေး
ဖြစ်ပါတယ်။ ခေါင်းဆောင်နဲ့ လူလတ်ပိုင်းအရွယ်တစ်ဦးကို လမ်းထိပ် ကားမှတ်တိုင်
အထိ သွားရောက် ကြည့်ရူဖို့ဖြစ်ပြီး ၎င်းတို့နှင့် ခပ်လှမ်းလှမ်း ဓါတ်တိုင် နှစ်တိုင်
အကွာမှာ လူငယ်သုံးဦးတို့ လိုက်ခဲ့ဖို့ ပြောပါတယ်။ အန္တရာယ်တစုံတရာ ကျ
ရောက်လာပါက ထိုလူငယ်သုံးဦးမှ နောက်ဖက်ရှိ အုပ်စုအား အချက်ပြ၍ အားလုံး
လာလမ်းအတိုင်း ပြန်လည် ဆုတ်ခွာရေး ဖြစ်ပါတယ်။ အကြောက်အကန် ငြင်းဆို
နေသော ပထမဆုံး သွားရောက်ကြည့်ရူခဲ့သူ သုံးဦးလည်း နောက်ဆုံးအုပ်စုဖြင့်သာ
အတူလိုက်ပါခဲ့ပါတယ်။
ဖွဲဖွဲလေး ကျနေသော မိုးသည် လုံးဝ တိတ်သွားပါတယ်။ လျှပ်စီးလက်ခြင်း၊ လေ
တိုက်ခြင်းလည်း ငြိမ်သက် သွားပါပြီ။ ခွေးအူသံများလည်း တိတ်ဆိတ်နေသည့်
အရာရာဟာ သုဿန်တစပြင် ကဲ့သို့ ဖြစ်နေပါတယ်။ လူငယ် သုံးယောက်တို့
သည် ၎င်းတို့ ရှေ့ ခပ်လှမ်းလှမ်းတွင် ခြေလှမ်းသွက်သွက်များဖြင့် သွားနေသော
ခေါင်းဆောင် ဖြစ်သူနှင့် အခြားတစ်ဦးတို့ ဘယ်အချိန်တွင် အချက်လှမ်းပြမည်
ကို ရင်မောစွာဖြင့် လိုက်ပါ နေရပါတယ်။ ရှေ့ဆုံးတွင် ဦးဆောင်သွားနေရသူ
နှစ်ဦးထံတွင် တုတ်၊ ဓါး၊ လောက်လေးခွများ လုံးဝ မသယ်ဆောင်ထားသော
ကြောင့် အန္တရာယ်တစုံတရာ ဖြစ်လာပါက ဘာမျှ မတတ်နိုင်။ သူတို့ သုံး
ယောက်ထံတွင် ဌက်ကြီးတောင် ဓါးရှည် နှစ်လက်၊ တုတ်ရှည် တစ်ချောင်း၊
ပြီးတော့ လောက်လေးခွနှင့် လောက်စလုံးများ ထည့်ထားသော လွယ်အိတ်
ငယ် ကိုယ်စီ။ ရုတ်တရက် သူတို့ မြင်ကွင်းရှေ့ရှိ လူနှစ်ယောက် ခေတ္တ
ရပ်တန့်သွားတဲ့အတွက် သူတို့ပါ ရပ်တန့်လိုက်ရပါတယ်။ ဘတ်စ်ကား
သွားနေကြ ကတ္တရာလမ်းမကြီးကို ထင်ထင်ရှားရှား မြင်နေရပါပြီ။
ရှေ့ဆုံးရှိ လူနှစ်ယောက်ထံမှ လက်နှိပ်ဓါတ်မီးဖြင့် သူတို့နောက် ဆက်မလိုက်
ဖို့ အချက်ပြပါတယ်။ ထို့နောက် ရှေ့ဆုံးရှိ လူနှစ်ယောက် လမ်းထိပ် ညာဖက်သို့
ကွေ့ထွက်သွားတာကို မြင်လိုက်ရပါတယ်။ သူတို့ အကြောက်ဆုံး အန္တရာယ်က
လမ်းမကြီးပေါ်မှ စစ်တပ်၏ လျှို့ဝှက်ကင်းပုန်းများ ဖြစ်ပါတယ်။ မာရှယ်လောအမိန့်
ထုတ်ထားသောကြောင့် ယခုလို ညဖက် လူစုလူဝေးဖြင့် သွားရောက်နေရမှုမှာ
အလွန် အန္တရာယ် များလှပါတယ်။ ရုတ်တရက် ဘယ်နေရာက ထွက်ပေါ်လာမှန်း
မသိတဲ့ အသံတချို့ကို သူတို့ သုံးယောက် ကြားနေရပါတယ်။
(လူငယ်- ၁) လူတွေ ပေတရာပေါ်မှာ ဘောလုံးကန်နေလား မသိဘူး၊ အသံတွေ
ကြားနေရတယ်၊ သိပ်မသဲကွဲဘူး …
(လူငယ်- ၂) အေး … ဟုတ်တယ်၊ ငါလည်း ကြားရတယ်၊ ကလေးတွေ တစ်ခုခု
ဆော့နေတဲ့ အသံမျိုးကွ …
(လူငယ်- ၃) ကြားတော့ ကြားနေရတာပဲ၊ ဘာမှန်းကို သေသေချာချာ မခွဲ
တတ်ဘူး ….
(လူငယ် - ၁) ဒီအချိန်ကြီး ပေတရာပေါ် ဘယ်သူမျှ ဘောလုံးမကန်နိုင်ဘူး၊
ဘယ်က အသံတွေလဲ မသိဘူး ...
(လူငယ်- ၂) ငါ့ နားခေါင်းထဲ ဆနွမ်းနံ့လိုလို ဘာလိုလို ရနေတယ်၊ မင်းတို့
ရော ရလား …
(လူငယ်- ၃) ငါတော့ သွေးညှီနံ့လိုလို အပုတ်နံ့လိုလို နံနေသလားလို့ …
နှစ်မိနစ်ခန့် အကြာတွင် ရှေ့ဆုံးရှိ လူနှစ်ယောက် လမ်းထိပ်အပေါက်ဝသို့
ပြန်ပေါ်လာပြီး သူတို့ သုံးယောက်အနက် တစ်ယောက်ယောက်အား ၎င်းတို့
ထံသို့ လာရန် အချက်ပြပါတယ်။ သူတို့ထံ ရောက်ရှိသွားသော အခါ …
(ခေါင်းဆောင်) ငါပြောတာကို မင်း သေသေချာချာမှတ်ပြီး နောက်က လူတွေ
ဆီကို ပြန်ပြော၊ အလောင်းရယ်၊ အလောင်းကို ထမ်းထားတဲ့ လူလေးယောက်ပဲ
ဒီကို လာခဲ့လို့၊ လူများများ မလာနဲ့လို့၊ နံဘေးခြံက လူတွေ မြင်သွားရင်
မကောင်းဘူးလို့ ပြောလိုက် …
(လူငယ်) လူသေအလောင်းတွေ ရှိတာ ကျိန်းသေသွားပြီလား အကို၊
စောစောတုန်းက ကျနော်တို့နားထဲ လူသံတွေ ကြားလိုက်ရသလားလို့ …
(ခေါင်းဆောင်) အရေးထဲမှ ဟိုမှာကြည့် အနံ့တွေ တထောင်းထောင်းနဲ့
ငါတို့တောင် နံဘေးနား မကပ်ရဲဘူး၊ အသံတွေတော့ ကြားနေရတာပဲ၊
ဟိုဖက် မီးပွိုင့်လမ်းဆုံဖက်က လာတဲ့ အသံတွေ၊ ဘာသံတွေလဲ မပြော
တတ်ပါဘူးကွာ …
ကားမှတ်တိုင် နံဘေး ဓါတ်မီးတိုင်အောက်တွင် အရာရာကို ထင်ထင်ရှားရှား
မြင်နေရပါတယ်။ ရုတ်တရက် ကြည့်လိုက်လျှင် လူတချို့ မြေကြီးပေါ်တွင်
လဲပြီး အိပ်နေသလိုပါ။ သေသေချာချာ ကြည့်မှ လက်ကားယား ခြေကားယား
ဖြင့် သေဆုံးနေသူများ။ ခပ်ဝေးဝေးမှ လှမ်းကြည့်နေစဉ် အတွင်း လေအဝှေ့
တွင် ပါလာသော အပုတ်နံ့များကို ရူလိုက်ရပါတယ်။
(လူငယ်) ဟိုသုံးယောက်ပြောတော့ ကားစောင့်နေတဲ့ လူတွေ ရှိတယ်ဆို …
(ခေါင်းဆောင်) မင်းကလည်း တော်တော် လျှာရှည်တာပဲ၊ နောက်မှ ငါပြောပြ
မယ်၊ မြန်မြန်လုပ် ဒီကားလမ်းက လမ်းပိတ်ထားတာ မဟုတ်ဘူး၊ ခုချိန်
စစ်ကားတွေ လာရင် ပြေးလို့ မလွတ်ဘူး၊ အားလုံး ကိုယ်ကျိုးနည်းသွားမယ်၊
မြန်မြန်သွားခေါ် …
လူငယ်လည်း မပြေးရုံတမယ် ခြေလှမ်းများဖြင့် လမ်းအတွင်းဆီသို့ ပြန်လည်
ဝင်ရောက်လာပါတယ်။ သူ့ကို စောင့်နေသော သူငယ်ချင်းနှစ်ဦးကို အရင်
ရှင်းပြပြီး နောက်ဖက်ရှိ လူအုပ်စုထံ သွားခဲ့ကြပါတယ်။ သူ ပြောပြသော
အခါ ဒုတိယ ခေါင်းဆောင် ဖြစ်သူက လက်မခံပေ …
“ငါလည်း မြင်ဖူးအောင် သွားကြည့်အုံးမယ်”
တားဆီးလို့ မရတဲ့အဆုံး ဒု- ခေါင်းဆောင်နှင့် အလောင်းထမ်းထားရသူ
လေးဦး၊ အခြား စပ်စုချင်သူ လူငယ်နှစ်ဦး၊ စုစုပေါင်း ခုနှစ်ယောက်တို့က
လူသေအလောင်းကို သယ်ဆောင်လျက် လမ်းထိပ်ဖက်သို့ ထွက်ခွာသွား
ပါတယ်။ ဆယ်မိနစ်ခန့် အကြာတွင် လမ်းထိပ်သို့ သွားရောက်ခဲ့သူ အားလုံး
ပြန်လှည့်လာကြပါတယ်။ တစ်အုပ်စုလုံး မပြေးရုံတမယ် ခြေလှမ်းများဖြင့် ၎င်းတို့
ရောက်ရှိနေသော လူကုံထံ ရပ်ကွက်အတွင်းမှ လာလမ်းအတိုင်း ပြန်လည်
ထွက်ခွာခဲ့ကြပါတယ်။ အလာတွင် ရှေ့ဆုံး၌ ဦးဆောင်ရသော ခေါင်းဆောင်ခမြာ
အပြန်တွင် နောက်ဆုံးမှ လိုက်ပါနေရပါတယ်။ လမ်းလျှောက်နေရင်း လူငယ်များ
က သူတို့ သိချင်သော အကြောင်းများကို မေးကြည့်သော အခါ …
(လူငယ်) ဦး ….. (ဒု-ခေါင်းဆောင်) တို့ သွားတော့ သေသေချာချာ
တွေ့ခဲ့လား၊ ဘယ်နှစ်လောင်းလဲ၊ ကျနော်အဝေးကပဲ လှမ်းကြည့်ခဲ့တော့
သိပ်မသဲကွဲဘူး …
(ဒု- ခေါင်းဆောင်) စုစုပေါင်း ငါးလောင်း၊ ယောင်္ကျား နှစ်လောင်း၊ အသက်
ကြီးကြီး အဘွားကြီးအရွယ်က တစ်လောင်း၊ ဗိုက်ကြီးသည် တစ်လောင်း၊
အသက် ဆယ်နှစ်အရွယ်လောက်က တစ်လောင်းကွ၊ ကြည့်ရက်စရာတောင်
မရှိပါဘူးကွာ၊ ဗိုက်ကြီးသည် ဗိုက်ထဲက ကလေးပါ ထည့်တွက်ရင် ခြောက်
လောင်း၊ သနားပါတယ်၊ ဒို့တိုင်းပြည် စစ်တပ်က သေနတ်ရှိတယ်ဆိုပြီး
သောက်ရမ်း လျှောက်ပြစ်နေတာ၊ ဗိုက်ကြီးသည်က ဆနွမ်းတွေ လိမ်း
ထားလား မသိဘူး တကိုယ်လုံး ၀ါထိန် နေတာပဲ၊ ဆနွမ်းနံ့ရော
အပုတ်နံ့ရော စုံနေတာပဲ …
(လူငယ်) ဟိုဟာကြီးရော အဲဒီကြားထဲ ပြစ်ခဲ့ပြီလား၊ အသုဘထမ်းစင်ကို
ဘာလို့ ပြန်ယူခဲ့တာလဲ …
(ခေါင်းဆောင်) ပြစ်ခဲ့ပြီးပြီ၊ ရပ်ကွက်ထဲက လူကြီးတွေက အသုဘထမ်းစင်ကို
ပြန်သယ်ခိုင်းထားလို့ ပြန်သယ်လာတာ၊ အင်း … မင်းပြောမှ သတိရတယ်၊
ဦး ….(ဒု-ခေါင်းဆောင်)၊ ခင်ဗျားတို့ နှစ်ယောက်ကို ကျနော် ဟိုဟာ ပေးထား
တယ်နော်၊ တရားနာဖို့ သေသေချာချာ ခေါ်ခဲ့ရဲ့လား ….
(ဒု- ခေါင်းဆောင်) မင်းပေးလိုက်တဲ့ ပုဆိုးစ(သေဆုံးသူထံမှယူခဲ့သော ပုဆိုးစ)
အပြဲလား၊ စိတ်မပူနဲ့ ဟိုကောင့်ဆီမှာ၊ ကျန်တဲ့သူ အားလုံး သူနဲ့သွားပြီး ဘာ
စကားမှ မပြောကြနဲ့နော်၊ ငါပြောတာ အားလုံး ကြားရဲ့လား …
(လူငယ်) အကိုတို့ ဘာပြောနေတာလဲ၊ ဘာ တရားနာဖို့၊ ဘာ ခေါ်ခဲ့တာလဲ …
(ခေါင်းဆောင်) သေတဲ့လူကို သုဿန်ပို့တဲ့ အခါ အဲဒီလူရဲ့ ၀ိညာဉ်ကို တရား
နာဖို့ ပြန်ခေါ်ရတယ်၊ ဥပမာ … အသုဘ နံဘေးက ပန်းလေးတစ်ပွင့်လောက်
ယူပြီး သေသွားတဲ့လူကို အိမ်ပြန်လိုက်ပြီး အသုဘ တရားနာဖို့ ခေါ်ရတယ်၊
အဲလို တရားနာဖို့ ပြန်ခေါ်လာတဲ့ အချိန်အတွင်း ခေါ်လာခဲ့တဲ့သူကို ကျန်တဲ့သူ
တွေက စကား သွားမပြောရဘူး၊ သင်္ချိုင်းမှာ စနစ်တကျ သွားပြီး သဂြုင်္ိလ်ရင်
တော့ အပြန် မော်တော်ကားပေါ်မှာ နေရာ တစ်နေရာစာ ပေးပြီး ခေါ်ရတယ်၊
အခုဟာက ငါတို့သဘောနဲ့ ငါတို့ လွှတ်ပြစ်ခဲ့တဲ့ ကိစ္စဆိုတော့ အဆင်ပြေ
သလို ခေါ်လာရတာ …
(လူငယ်) ဒါဆို အဲဒါကို ဘယ်သူ ခေါ်ခဲ့လဲ၊ အသုဘပြီးသွားရင် ခေါ်လာတာ
ကို ဘယ်လို ပြန်ပို့ကြမလဲ …
(ဒု- ခေါင်းဆောင်) ကို …… (အလာတွင် အသုဘကို ထမ်းခဲ့သူ တစ်ဦး) က
ခေါ်လာတယ်၊ အသုဘ ရက်လည်ဆွမ်းကျွေးပြီးတဲ့ အခါကြရင် အဆင်ပြေ
မယ့် သင်္ချိုင်းတစ်ခုခုမှာ သူ့ ၀ိညာဉ်ကို သွားပို့ပေးရမှာပေါ့ …
(လူငယ်) ခုနက ကျနော်တို့ ဟိုလမ်းထိပ်ကို မရောက်ခင် ကလေးသံတွေ
လိုလို၊ လူအုပ်စုလိုက် စကားပြောသံလိုလို ကြားရတယ်၊ အဲဒါ ဘာတွေလဲ …
(ဒု- ခေါင်းဆောင်) စစ်တပ်က သေနတ်နဲ့ ပြစ်သတ်ထားတဲ့ လူသေအလောင်း
တွေ အတွက် ဘယ်သူကမျှ ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်ထားတာ မဟုတ်ဘူး၊
ဒါ ညဖက် အပုတ်ချိန်လေ ဒါကြောင့် မကျွတ်မလွတ် ဖြစ်နေမှာပေါ့၊ ဗိုက်ကြီးသည်
အလောင်းကြီးကို ပေတရာပေါ်မှာ အခုလို မထားကောင်းဘူး၊ အဲဒီနံဘေး ခြံက
လူတွေ အနေနဲ့ သင်္ချိုင်းပို့ပြီး မီးသင်္ဂြိုလ် ပေးသင့်တယ်၊ အောက်လမ်းဆရာ
တစ်ယောက်ယောက်များ တွေ့သွားရင် သရဲလုပ်ပြီး ခိုင်းစား နေအုံးမယ် ….
(ခေါင်းဆောင်) ဦး ….. ၊ ခင်ဗျား စိတ်မကောင်းဖြစ်မနေနဲ့၊ ခုလို သေနတ်သံ
တွေ တဒိုင်းဒိုင်း ဖြစ်နေချိန်မှာ ဘယ်အောက်လမ်း ဆရာတွေ အထက်လမ်း
ဆရာတွေလည်း ဒီနေရာကို ည သန်ကောင်ကြီး မလာရဲဘူး စိတ်ချ …
သေဆုံးသူ၏ ၀ိညာဉ်ကို ပြန်ခေါ်လာသူအား တစ်အုပ်စုလုံး၏ အလယ်မှ
လိုက်ပါ စေခဲ့ပါတယ်။ လူသေ အလောင်းများ ရှိ မရှိကို ပထမဦးဆုံး
သွားရောက် ကြည့်ရူခဲ့သူ သုံးယောက်တို့လည်း သူတို့ သရဲခြောက်ခံလိုက်
ရတာကို သဘောပေါက် သွားသောကြောင့် တော်တော်လေး တုန်လှုပ်
လျက်ပါ။ သူတို့ တစ်အုပ်စုလုံး လာလမ်းအတိုင်း ပြန်လာခဲ့ကြရာ ရပ်ကွက်
နှစ်ခုကြားရှိ ကန်နံဘေး လမ်းသွယ်ထိပ်သို့ ပြန်ရောက်သော အချိန်တွင် မိုးဖွဲဖွဲ
လေး ကျလာပြန်ပါတယ်။ မိုးကျခါစ ချုံကြားထဲရှိ ဖားအော်သံကို ကြားနေရပါ
တယ်။ ဒီလိုနဲ့ တစ်အုပ်စုလုံး အလာတွင် ဖြတ်ခဲ့သော ရေကန်နံဘေးကို
ပြန်ရောက်လာပါတယ်။ ရုတ်တရက် နောက်ဆုံးရှိ ခေါင်းဆောင်က …
“ရှေ့က လူတွေ မြန်မြန်သွားကြ၊ ငါ့နားထဲမှာ ရှေ့ကလား နောက်ကလား
မပြောတတ်ဘူး၊ ညည်းသံ လိုလို ကြားနေရတယ်”
လူတွေအားလုံး ဂရုတစိုက် နားထောင်ကြပြီးနောက် …
(ဒု- ခေါင်းဆောင်) ဒါ ရေကန်ထဲက အော်နေတာ၊ ဒီရေကန်က လူစားတယ်၊
ဒီလို ညည်းသံမျိုး ပေးတဲ့အခါဆိုရင် ခွေးတို့ ကြောင်တို့ကို အရှင်လတ်လတ်
ရေကန်ထဲ ပြစ်ချပေးရတယ်၊ ဘယ်လိုလုပ်ကြမလဲ၊ ပြဿနာပဲ …
(ခေါင်းဆောင်) ဘုရားစာရတဲ့လူက ဘုရားစာရွတ်၊ သံဗုဒ္ဓေပဲ ဖြစ်ဖြစ်၊
(၂၄) ပစ္စည်း ပဋ္ဌာန်းပဲ ဖြစ်ဖြစ်၊ ဘာမျှ မရတဲ့ သူတွေ လောက်လေးခွနဲ့
ရေကန်ထဲကို လှမ်းပြစ်ကြ …
ဒီလိုနဲ့ တစ်အုပ်စုလုံး ကြောက်ကြောက်လန့်လန့်ဖြစ်ပြီး ဘုရားစာ ရွတ်တဲ့သူ
က ရွတ်၊ ရေကန်ထဲ လောက်လေးခွနဲ့ ပြစ်သူက ပြစ်ကြပါတယ်။ ရေကန်ရဲ့
အလယ်ဗဟိုဟာ ရေ၀ဲ ပုံစံမျိုး ထူးဆန်းစွာ ဖြစ်ပေါ်နေပါတယ်။ ရေကန်ဆီက
ထွက်ပေါ်လာတဲ့ ညည်းသံဟာ လူကြီးတစ်ယောက် အဖျားတက်နေတဲ့ အသံ
မျိုးပါ။ ရုတ်တရက် ခေါင်းဆောင်ဖြစ်သူနဲ့ နောက်တစ်ဦးတို့က ပြန်သယ်ဆောင်
လာသော အသုဘထမ်းစင်အား ရေကန်ထဲသို့ ပြစ်ချလိုက်ပါတယ်။ အဲလို လုပ်
လိုက်သောအခါ ညည်းသံ လုံးဝ ကွယ်ပျောက်သွားပါတယ်။ ဒီလိုနဲ့ပဲ တစ်အုပ်စု
လုံး စိတ်မော လူမောနဲ့ ရပ်ကွက်ထဲသို့ ပြန်လည် ရောက်ရှိခဲ့ကြပါတယ်။
(ပြီးပါပြီ။)
ပုံပြင်တစ်ပုဒ်လို သဘောထားပါ (နောက်ဆုံးပိုင်း)
Subscribe to:
Post Comments (Atom)
စာမျက်နှာပေါင်း 285 ၏ နောက်ဆုံးပို့စ်များ
-
-
Fish head2 hours ago
-
-
နိုဝင်ဘာတွင် လွတ်မည်ဟု ဒေါ်စုမျှော်လင့်3 hours ago
-
မော်ကွန်း - ၅၃3 hours ago
-
လှူကြပါဦးဗျို3း hours ago
-
နှလုံးသားနှင့်ထပ်တူ3 hours ago
-
ယုံချင်ဦးဟ... မှတ်ပလား4 hours ago
-
-
-
English Speaking: Cool Tips7 hours ago
-
-
-
-
ဖွဲ နဲ့ ဆန်ကွဲ10 hours ago
-
-
လွမ်းမြိုင်ကျေးရဲ့ အဝေးတစ်နေရာစီမှာ12 hours ago
-
-
သန်းရွှေ ရဲ့  အိန္ဒိယခရီးစဉ် (ဟာသ)13 hours ago
-
-
-
ကြံ့ဖွံ့ စည်းရုံးရေး မြို့ပေါ်တက်တော့မည်14 hours ago
-
“တနင်္ဂနွေသူခိုး”14 hours ago
-
-
-
-
-
မှတ်သားသင့်သည့်အချက်လေးများ15 hours ago
-
အချစ်ဟာ မီးလား16 hours ago
-
-
ဆင်ခြေပေးတဲ့ပို့စ်17 hours ago
-
-
ကျွန်တော်နှင့်ဆိုဆိုက် ခံစားမှု18 hours ago
-
-
-
ကိုမိုးသို့ ပွတ်ခြင်း19 hours ago
-
-
ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၈)19 hours ago
-
-
-
-
-
ဒေါက်တာ သန်းထွန်း (၇)21 hours ago
-
-
မျှော် လေ တိုင်း.....21 hours ago
-
မိုးရေချိုးသောည21 hours ago
-
-
လူနဲ့တန်ဖိုး1 day ago
-
မေတ္တာဆိုတာ စူးတတ်တယ်1 day ago
-
-
နကုလပိတာ နကုလမာတာ - အဆက်1 day ago
-
မတူညီတဲ့ စိတ်များ1 day ago
-
-
-
-
-
-
အမည်ပေးမထား (၃)1 day ago
-
သေဆုံးခြင်းမန္တာန်1 day ago
-
ရပ်လိုက်ရတော့မလား ... ဆက်ရေးမလား ...1 day ago
-
-
-
ဂျပန်ပြန် ခရီးစဉ် (အပိုင်း ၁)1 day ago
-
-
ပုံရိပ်ယောင်…2 days ago
-
Idea Special Issue, July2 days ago
-
Idea Special Issue, July2 days ago
-
-
-
ဘ၀2 days ago
-
မြငုံပွင့်ဦး2 days ago
-
-
-
"အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"2 days ago
-
ပိုပို မိုမို ဂိုဂို - အပိုင်း ၄2 days ago
-
-
-
ကောက်စိုက်မ နဲ့ ပြိုင်ဘီး2 days ago
-
Professional (n)2 days ago
-
-
ည၏ ခြောက်လှန့်မှုများ2 days ago
-
-
-
-
-
-
အရင်တုန်းက3 days ago
-
-
-
-
ဓမ္မစကြာနေ့ (စင်ကာပူ)3 days ago
-
-
-
ကြုံရဆုံရ တခဏမှာ4 days ago
-
-
ဓမ္မစကြာနေ့4 days ago
-
-
-
-
-
-
-
-
-
-
-
ဘာအကူအညီမှ မလို5 days ago
-
နေရာသစ်5 days ago
-
-
-
-
-
မမီးငယ်ရဲ့ အသွင်တူလား မတူလာ6း days ago
-
-
ရော့ခ်အသစ်နဲ့ ရော့ခ်အဟောင်းမှ အပြန်6 days ago
-
-
အဖြူရောင်အတိတ်1 week ago
-
-
ထူးထူးခြားခြား ထူးမခြားနား1 week ago
-
-
-
-
-
နှစ်ဆယ့်ခြောက်နှစ်အရွယ် သူမ …..1 week ago
-
-
-
-
ကြွက်သေတခု အရင်းပြုသော်1 week ago
-
မြွေတစ်ကောင်ရဲ့ နံနက်စာ1 week ago
-
ထူးဆန်းသော ကွန်ပလိန့်1 week ago
-
အရှိ ... ... ...1 week ago
-
-
ဆေး1 week ago
-
-
-
ငါတို့တိုင်းပြည်လေးမှာ1 week ago
-
-
နာလန်ထူစ နှလုံးသားနဲ့ သူ့ရဲ့ဘဝ1 week ago
-
-
-
တော်လှန်ရေးဆိုတာ ဘာလဲ1 week ago
-
-
၆၃ နှစ်မြောက် အာဇာနည်နေ့1 week ago
-
-
Roller Coaster စီးခြင်း1 week ago
-
-
ချစ်လို့ခေါ်တယ်မှတ်ပါ1 week ago
-
Domestic Violence1 week ago
-
-
Iron Cross - Sydney 20101 week ago
-
အတိတ်ရဲ့ခြေရာ1 week ago
-
-
အခြေအနေ1 week ago
-
-
-
ထွက်ခွာချိန်…1 week ago
-
-
မှတ်တမ်းတစ်ခု ထွင်းထုခဲ့ေသာ စပိန်2 weeks ago
-
-
-
-
အိမ်အပြန် (၂၀၁၀)2 weeks ago
-
တမြန်နေ့ မနက်က .. သစ်တောတွေ ..။3 weeks ago
-
-
-
-
-
-
-
Second Chance3 weeks ago
-
ခေါင်းမရှိတဲ့ကောင် မှန်သွားပြန်ပါပြီ။3 weeks ago
-
-
-
-
ကာတွန်း သက်ပိုင်ခ - GOAL!4 weeks ago
-
ချစ်နေသေးတယ်ဆိုရင် ယုံမှာလား မစကားဝါ4 weeks ago
-
.. အမြင်မှန် ..4 weeks ago
-
-
ကသစ်ပန်း နှင့် အာလမ္ဗရာ4 weeks ago
-
ဝန်စည်စလယ်များသောအရပ်4 weeks ago
-
မိုးသည်း နံနက်ရဲ့ အိမ်မက်4 weeks ago
-
-
-
-
HAPPY FATHER'S DAY!!!5 weeks ago
-
-
-
-
စာသင်ခြင်း1 month ago
-
-
ရင်တထိတ်ထိတ်1 month ago
-
-
ဝေမျှကြည့်ခြင်း1 month ago
-
-
-
-
အော်-စုံနံသာ1 month ago
-
-
-
-
ကယ်တင်ရှင်2 months ago
-
အရိုင်းအစိုင်း2 months ago
-
-
သုည2 months ago
-
SCRIBEFIRE43kDsOOdrqSCRIBEFIRE2 months ago
-
-
နွေ............2 months ago
-
လူကုန်ကူးသူများ နာဂစ်ဒေသကို ပစ်မှတ်ထား2 months ago
-
-
”နာဂစ်အလွန် နှစ်ဘူတာ”2 months ago
-
-
နိုင်ငံတကာကျောင်းသားလှုပ်ရှားမှု3 months ago
-
အတွေ့အကြုံတခုအကြောင်3း months ago
-
-
16-20103 months ago
-
Learning English (sentence structure)3 months ago
-
အလိုင်နီဆည်သို့ အလှူတစ်ခေါက်3 months ago
-
-
-
-
ရေဆန်လမ်3း months ago
-
-
-
-
၂၀၁၀ သစ္စာတိုင်4 months ago
-
ချို့တဲ့ခြင်း4 months ago
-
-
-
-
အခြေခံ-ယူနစ်များ4 months ago
-
အနုပညာရှင်နှင့် အိမ်ထောင်ရေး5 months ago
-
-
-
-
-
ကွိ (စ၊ဆုံး)6 months ago
-
-
ကဗျာမရေးဖြစ်တဲ့အကြောင်6း months ago
-
ရင်နင့်ဖွယ်အမေ..6 months ago
-
ပို့စ်အငှါးတင်ပေးခြင်6း months ago
-
အမေသို့6 months ago
-
Voice of Burma 7446 months ago
-
-
Focus on a Daisy6 months ago
-
Meaningful Breakfast!7 months ago
-
-
-
ပြန်လာချိန်ခဏ7 months ago
-
Book Review: Wars, Guns and Votes10 months ago
-
ဖယောင်းတိုင်များ11 months ago
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Labels
- ကဗျာများ (50)
- ကိုယ်တွေ့ဖြစ်ရပ်များ (51)
- စာပေများ (64)
- ဓာတ်ပုံများ (20)
- ဖန်တီးမှု-ခံစားမှု (92)
- သတင်းများ (57)
- သမိုင်း (40)
စုစည်းထားသမျှ
ရုပ်ရှင်လင့်ခ်များ
» BurmeseClassic » ShweVideos
» ShweDream
» FreeMyanmarVCD
» Mayhninaye
» မင်းသီလ
» ShweO
»  Myanmar-Movies
» Mitzima
» MyanmarPioneer
» ဖရီးမြန်မာဗွီစီဒီ
» myanmarworld
» သီးလေးသီး
» အဖြူရောင် တေးရုပ်သံဥယျာဉ်
» သီချင်းအိမ်
» Buddha FM ရေဒီယို
» တိုက်ရိုက် တရားနားယူနိုင်သော
» လူငယ်ဒိုင်ယာရီ
»  ခရမ်းပြာအိမ်မက်
»  MyanmarImage
»  Mp3
»  ညကဗျာ
»  emp3world
နိုင်ငံတကာရုပ်ရှင်များ
» အာရှရုပ်ရှင်များ » တရုတ်ရုပ်ရှင်များ
» ဂျပန်ရုပ်ရှင်များ
» ကိုရီးယားရုပ်ရှင်(၁)
» ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
» ကိုရီးယားရုပ်ရှင်(၂)
» ကိုရီးယားရုပ်ရှင်(၃)
» watchmovies
» movie2k
» davidmovie
» 66stage
» joox
» Quicksilverscreen
» moviesfoundonline
» watchnewfilms
» freemoviescinema
သတင်းလင့်ခ်များ
» BBC-မြန်မာပိုင်း » DVB
» VOA-မြန်မာပိုင်း
» RFA-မြန်မာပိုင်း
» လူထုအသံ
» ဟစ်တိုင်
» ဧရာဝတီ
» ယနေ့မြန်မာ
» ခေတ်ပြိုင်
» MyanmarISP
» သူရိယ
» သတင်းနှင့်မီဒီယာ
» နေ့သစ်
» မိုးမခ
» မဇ္ဈိမ
» ShanHuman
» ကိုမိုးသီး
» ကိုထိုက်
» Dr. လွဏ်းဆွေ
» BKHMER
» ဦးကုလား
» Baganland
» မဟာမေ
» ABITSU
» မိုးကုတ်မီဒီယာ
အလျဉ်းသင့်ရာများ
» ဆရာကြီးဦးတင်မိုး » ကိုဇာဂနာ
» မင်းခိုက်စိုးစန်
» ကိုမင်းဒင်
» ကိုဘကောင်း
» အောင်မိုးဝင်း
» ကိုမြတ်ဝေ
» တူးတူးသာ
» မြေသြဇာ
» မေလနဲ့ဇွန်လမွေးသူ
» ကဗျာဝိညာဉ်
» နဗနဘဝ
» ထူးမြတ်
» Yan Aung
» ငါယုံကြည်ရာ
» ဂျိုးဖြူ
» ကိုဖိုးဇေ
» နေဘုန်းလတ်
» s0wha1
Forum & Useful Links
» ဟင်းချက်နည်း မျိုးစုံ» မြန်မာမန်ချက်စတာချစ်သူများ
» Myanmar Genius
» သံလွင်အိပ်မက်
» လင်းထက်ဖိုရမ်
» Technical Seven
» Blogger Helpdesk
» E-books
» အွန်လိုင်းစာကြည့်တိုက်
» LanOLay
» လမ်းအိုလေး
» ရွှေအမြုတေ
» ဖွဲ့တည်ရာ
» Suboo
» ဒိန်းမတ်သတင်းစာ
» SingforYou
» Planet
» ဖိုးဝ
» သရဖူ
» YangonMedia
» Weekly11
» လောကအလှ
» လျှပ်တစ်ပြက်
» အလင်္ကာ
» Native Myanmar
» Blogger Forum
» Myanmar Cupid
» ForumW
» YAMC
ကျန်းမာရေး
»  RavenBloodDonorClub»  Dr.Junior
»  HealthCorner
»  ဆေးပညာလောက
»  Public Health
»  မြင့်မိုရ်ဦး
»  ဆရာဝန်ဘ၀စာမျက်နှာ
»  MedicalEducation
Zaw-Gyi Font ရယူရန်
» ဇော်ဂျီ Font Installer COPYRIGHT

This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.
About Me
- ကိုအောင်(ပျူနိုင်ငံ)
- ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com


11 comments:
ခုမှလာဖတ်ဖြစ်တော့တယ် ကိုအောင်ခင်ဗျ နောက်ဆုံးဘိတ်အိပ်နဲ့လွယ် :P ကြောချမ်းချမ်းနဲ့ ဇတ်သိမ်းပိုင်းပါ ဖတ်သွားပါကြောင်း ------------------------
အဲသာ တကယ်လားဟင်...
ကြောက်ကြောက်နဲ့ ပြီးအောင်ဖတ်ပြီး... ပြီးသွားတော့လည်း...
မြန်လိုက်တာ ထင်နေတယ်..
..........
ကြောက်စရာ ကောင်းလိုက်တာ။ မဖတ်ပဲနဲ့လဲ မနေနှိုင်ဘူး။ ကိုယ်တွေ့လားလို့တော့ မမေးဘူးနော်။ မယုံရင် ပုံပြင်မှတ် ဆိုထားတာကိုး။
ကိုအောင်ရေ....ဗိုက်ကြီးသည်က ဆနွမ်းတွေ လိမ်း
ထားလား မသိဘူး တကိုယ်လုံး ၀ါထိန် နေတာပဲ၊..ဆိုတော့ နနွင်း(ဆနွင်း)လိမ်းတာ
ဗိုက်ကြီးနေတုန်း လိမ်းရပြီလား။
မွေးပြီးမှ လိမ်းရတာလား။
မသဲကွဲလို့ပါဗျာ..
အင်း..မယုံရင် ပုံပြင်မှတ် ဆိုမှတော့
အမေးခက်နေပြီပေါ့ဗျာ...။
ကိုအိုးဝေ တာမွေ အ.ထ.က (၄)၊ မိန်းကလေး
သီးသန့်ကျောင်းမှာ ရာဇာဝင်တစ်ခု ရှိတယ်၊ ဒီဇင်ဘာ
လ ရောက်တိုင်း သရဲ ခြောက်ခံရတယ်၊ တစ်ကျောင်း
လုံး၊ ဟိုးအရင်တုန်းက ပြောတာပါ၊ သရဲခြောက် မခံရခင် အရင်
ဆုံး ဆနွမ်းနံ့ပေးတယ်၊ မီးဖွားခါနီးတဲ့ ကိုယ်ဝန်ဆောင်
သည်တိုင်း လိမ်းလေ့ရှိတယ် ကိုအိုးဝေ၊ ဟိန္နူဘာသာဝင်
ဆိုရင် ပိုပြီး လိမ်းတယ် ကိုအိုးဝေ ...
နည်းနည်းဆန့်ထုတ်ပြီး ရေးရင် ပိုပြီးအရသာရှိတာပေါ့ ခုတော့ ပြီးတာမြန်လွန်းတယ် ဖတ်ကောင်းတော့စောင့် ပြီးတာမြန်တော့လည်း အရှိန်ကောင်းတုန်း မီးပြတ်သလိုဘဲ
ကိုဖြိုးဝေ၊ စုချစ်၊ပန်းခရမ်းပြာ၊ ကိုအိုးဝေအောင်နှင့်
ကိုမျိုးဝင်းဇော်တို့ စာလာဖတ်တာ ကျေးဇူးပါ၊ ကိုမျိုးဝင်းဇော် ပြောတာမှန်တယ်၊ ကျနော်ဖြတ်ချလိုက်တာ နည်းနည်းစောသွားတယ်၊ ကျနော်က အဲဒီသဘောတွေ ရှင်းပြချင်လို့ ဒီပို့စ်ကို ရေးခဲ့တာပါ၊ ကျနော်လည်း မယုံဘူး လက်မခံဘူးဆိုတဲ့
ဖက်မှာ ဇွတ်အတင်း နေခဲ့တယ်၊ သို့ပေမဲ့ ရှိတယ် ဘယ်လိုပုံစံမျိုးဆိုတာ ကျနော့်ထက် ငယ်တဲ့သူတွေ သိစေချင်လို့ ရေးဖြစ်သွားတာ၊ ဖြတ်ချလိုက်တာ စောသွားရင် ကျနော့်ကို ခွင့်လွှတ်နားလည်ပေးပါ။
အားလုံးကို ကျေးဇူးပါ ...
ကိုအောင်ရေ....
အသက်လည်းမငယ်တော့ဘူး
ကြောက်လဲမကြောက်တက်ဘူး
ဗိုက်ကြီးသယ်လည်းမဟုတ်ဘူး ဆိုတော့ ဟုတ်ပြီကွဆိုပြီး အားရပါးရဖတ်ထည့်လိုက်တာ
ကြက်သီးတွေတောင်ထသွားတယ် ....
ဟီး ... အဲယားကွန်းကြောင့် ထင်ပါတယ်း)
ခင်မင်စွာဖြင့်
နှင်းဟေမာ
အစအဆုံး စိတ်ဝင်စားစွာဖတ်သွားပါတယ်။ ကျနော့် ဦးလေးတော် တစ်ယောက်လည်း ဥစ္စာစောင့်မနဲ့ ကြုံဖူးပြီး အရက်ပြတ်သွားဖူးပါတယ်။
ယုံရခက်ခက်ပါပဲ။
ညက ဖတ်ရင်း ကြောက်လာလို့
ရပ်ထားခဲ့ပေမယ့်
ခု မနေနိုင်လို့
ကြောက်ကြောက် နဲ့ နောက် အပုဒ်တွေ
လာဖတ်သွားတယ် ..
ဘက်စ်ကား မှတ်တိုင်မှာ
ညဘက် ၁၁ နာရီ လောက်
ကားစောင့် ရမှာ
ကျောတောင် ချမ်းလာတယ် ...
ညက ဖတ်ရင်း ကြောက်လာလို့
ရပ်ထားခဲ့ပေမယ့်
ခု မနေနိုင်လို့
ကြောက်ကြောက် နဲ့ နောက် အပုဒ်တွေ
လာဖတ်သွားတယ် ..
ဘက်စ်ကား မှတ်တိုင်မှာ
ညဘက် ၁၁ နာရီ လောက်
ကားစောင့် ရမှာ
ကျောတောင် ချမ်းလာတယ် ...
Post a Comment