ဝေဖန်ရေးနှင့် အတွေးအခေါ်သစ်ကို ကြိုဆိုသင့်သည် (၂)

ရေးသူ- စစ်ငြိမ်းဒီရေ

မြန်မာ့ရိုးရာ နတ်ကိုးကွယ်မှုတွင် အပြင် (၃၇) မင်းဟု ခေါ်ဝေါ်ကြသည့်
ရိုးရာနတ်တို့၏ အခန်းကဏ္ဍသည် လူသိများ အထင်ရှားဆုံးဖြစ်သည်။
လာဘ်လာဘ အတွက်၊ အကျိုးစီးပွားအတွက် ယင်းနတ်တို့ကို ပူဇော်ပသ
ခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင် ကျော်ခဲ့ပါပြီ။

ယင်းနတ်တွေက ဘာတွေ မ’စနိုင်သနည်း၊ ဘာတွေ ပေးစွမ်းနိုင်သနည်းဟု
စောဒကတက်သူ များစွာ ရှိပါသည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ
နှင့် လုံးလုံး ဆန့်ကျင့်သည်ဟု ဆိုနိုင်သော အချက်များစွာလည်း ရှိပါသည်။

ယင်း နတ်ကိုးကွယ်မှုကို စွန့်လွှတ်လိုက်လျှင် ဘာတွေ ဖြစ်လာမည်နည်း …
ကျိန်းသေတာက တရုတ်နတ်တွေ ၀င်လာနိုင်သည်၊ ယခုလည်း မြန်မာနိုင်ငံ
နေရာ တော်တော်များများတွင် ဥတိဘွား၊ ကွမ်ရင်မယ်တော်ရုပ်ထုများနှင့်
တရုတ်ဘုံကျောင်း များစွာ နေရာယူထား ပြီးပါပြီ။

ရွှေတိဂုံစေတီ ရင်ပြင် စနေဒေါင့်တွင် တရုတ်လူမျိုးများ ကိုးကွယ်ယုံကြည်
သော “နေလ ဘုရား” သည် ရွှေတိဂုံစေတီရင်ပြင်၏ အစည်းကားဆုံး
နေရာ တစ်ခု ဖြစ်ပါသည်။ တခေတ် တခါက ရွှေတိဂုံစေတီ ရင်ပြင်ပေါ်တွင်
မဟာရနအနွယ်ဝင် ဇင်ဗုဒ္ဓဘာသာဝင်များ၏ ဘုရားဝတ်ပြုမှုကို စာတန်းထိုး
တားမြစ်ခဲ့ဖူးသည်။ မြန်မာတွေကတော့ အင်္ဂါဒေါင့် ခေါ် အရှေ့တောင်ဒေါင့်ရှိ
ပုထိုးများအကြားတွင် တည်ရှိသော “ဆယ်တော်မှု” ဘုရားထံတွင် ငွေပန်းများ
ကပ်လှူပြီး ထီပေါက်ဖို့ ချဲပေါက်ဖို့ ငိုကြွေးမပျက်ခဲ့ပေ။ “ဆယ်တော်မှု” ဘုရား
ရှိရာ လမ်းကြားလေး၌ ထိုင်ရှစ်ခိုးဖို့ နေရာမကျယ်ဝန်းသောကြောင့် မတ်တပ်
ရပ်ပြီး လက်အုပ်လေးများ ချီထားခဲ့ကြသည်မှာ မျိုးဆက်များစွာပါ။

ပဲခူးတိုင်း၊ ပြည်မြို့နယ်အပိုင် ကျေးရွာတချို့တွင် “ခြေရာတတောင်မောင်မဲခေါင်”
ဟု ခေါ်သော ရွာတော်ရှင်နတ်ကို ကိုးကွယ်သော ဓလေ့ရှိသည်။ ထို နတ်အား
ထန်းရည် ကိုးမောင်း၊ အရက်ကိုးမောင်း ဖြင့် ပူဇော်ပသ ရသည်။ ထိုနတ်ကို
ပူဇော်ပသ သည့် ရိုးအသော ကျေးလက်ဒေသ ပြည်သူတို့၏ နေ့စဉ်ဘ၀မှာ
ဆင်းရဲတွင်းမှ မကင်းလွတ်ကြပါ။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အပိုင် ကျေးရွာတချို့တွင် “ပကိုင်းငစိန်” ဟု
ခေါ်ဝေါ်သော အင်းသူကြီးနတ်ကို ကိုးကွယ်သော ရိုးရာဓလေ့ ရှိသည်။
ပကိုင်းငစိန်နတ်အား ပူဇော်ပသ ချိန်တွင် လယ်ဧက (၃)ဧက ခန့်ရှိသော
လယ်ကွက်ထဲတွင် နေရာအလွတ်မရှိ မြန်မာ့ရိုးရာ မုန့်မျိုးစုံဖြင့် ပူဇော်ပသ
ရသည်။ ယင်း ပကိုင်းငစိန်နတ်အား ပူဇော်ပသ သူများမှာ ရိုးသားသော
လယ်စာရင်းဌားအလုပ်ကို လုပ်ကိုင်သူများ ဖြစ်သည်။ လယ်ထဲတွင် တဲထိုး
ပြီး နေထိုင်ရသော မိသားစုအများအပြားသည် ခေတ်ကာလ ကုန်ဈေးနှုန်း
ကြီးမားမှု၊ စားဝတ်နေရေး အကျပ်အတည်းများကြောင့် အ၀တ်အစား
ကောင်းကောင်းမွန်မွန် မရှိပါ။ တဲအိမ်အများစုမှာ ယိုင်နဲ့နဲ့ ဖြစ်ပြီး အိမ်ရှေ့
အပေါက်ဝမှ အိမ်နောက်ဘေး အထိ တိုးလျှိုပေါက် မြင်နေရသည်။ အမျိုးသမီး
အများစုကို အပေါ်အင်္ကျီမပါ ထမီရင်လျားဖြင့် မြင်တွေ့နိုင်ပါသည်။

(ဆက်ရန်။)

0 comments:

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile