အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ (၂)

ရေးသူ- ဆရာ မြသန်းတင့်

ရှေးတုန်းက ရှိခဲ့တဲ့ Hagiography ဆိုတဲ့ ဗုဒ္ဓ၀င်ရှိတယ်၊ မဟာဝင် ရှိတယ်၊
ဒီပ၀ံ ရှိတယ်။ သူတို့ဆီမှာ Old Testament ရှိတယ်၊ New Testament
ရှိတယ်။ နောက် သူတော်စင်တွေရဲ့ အတ္ထုပ္ပတ္တိ ရှိတယ် ဆိုပါစို့။ ကျွန်တော်တို့
ဆီမှာ ဗုဒ္ဓရဲ့ အတ္ထုပ္ပတ္တိ၊ ဗုဒ္ဓရဲ့ သာဝကတွေဖြစ်တဲ့ သံဃာတော်တွေရဲ့
အတ္ထုပ္ပတ္တိ၊ နောက် ဇီဝက အတ္ထုပ္ပတ္တိ၊ ဇီဝက ခင်ဗျားတို့ သိပါတယ်။ ရှေးဆရာ
သမားတော်ကြီး ဇီဝကရဲ့ အတ္ထုပ္ပတ္တိဟာ ဗုဒ္ဓ၀င်ထဲမှာ ပါတယ်။ အင်မတန်
စိတ်ဝင်စားစရာ ကောင်းတယ်။ ဇီဝကရဲ့ အမေက သာလ၀ဟီဆိုတဲ့
ပြည့်တန်ဆာမ၊ အဖေ မရှိဘူး။ ရှေးတုန်းက ဟိန္ဒူယဉ်ကျေးမှုမှာ ပြည့်တန်ဆာမ
ဆိုရင် ဘာလုပ်ရသလဲဆိုတော့ မိန်းကလေးမွေးရင် အရွယ်ရောက်အောင်
စောင့်ရှောက်ရတယ်။ သားမွေးရင် စွန့်ပစ်ရတယ်။ ပြည့်တန်ဆာမ ဆိုတာ
သားသမီး မထားရဘူး။

အဲဒီတော့ ဇီဝကကို မွေးပြီးပြီးချင်း အမှိုက်ပုံမှာ စွန့်ခဲ့ရတယ်။ စွန့်ပစ်ခဲ့ပြီးမှ
ဗိမ္မိသာရရဲ့သား အဘယ မင်းသားက နန်းတော်ကိုအသွား အမှိုက်ပုံမှာ
အနှီးတရုန်းရုန်းဖြစ်နေတာ ဘာလဲလို့ သွားကြည့်ခိုင်းတော့ “စွန့်ပစ်ထားတဲ့
ကလေး လေးပါဘုရား”၊ “ဟာ အသက်ရှိသေးလား”၊ “ရှိပါသေးတယ်ဘုရား”
ဒါကြောင့်မို့ ဇီဝတိ အသက်ရှိသေးတယ်ဆိုတဲ့သဘော၊ ဇီဝကဆိုတာ အမှိုက်
ပုံထဲက ရလာတဲ့ ကလေး၊ ပြည့်တန်ဆာမရဲ့ သား၊ အဖေ မပေါ်တဲ့ ကလေး
ဟာ အင်မတန် ကြီးကျယ်တဲ့ သမားတော်ကြီး ဖြစ်လာတယ်။ ကမ္ဘာမှာ ဗုဒ္ဓ၀င်၊
အိန္ဒိယသမိုင်းမှာတောင် အင်မတန် ကြီးကျယ်တဲ့ သမားတော်ကြီး ဖြစ်လာ
တယ်။

ဒီတော့ ဒီလိုဟာမျိုးတွေဟာ (Hagiography) ရှေးတုန်းကတည်းက ရှိတယ်
နော်။ နောက် ပြင်သစ်က သာသနာအတွက် အသက်စွန့်သွားတဲ့ “ဂျုံး”
Joam of Arc ဆိုတဲ့ အမျိုးသမီး၊ နောက်တခါ ဗုဒ္ဓ၀င်တွေ ပြီးတော့ ဗုဒ္ဓ၀င်တွေ
ပြီးတော့ ဒုတိယအမျိုးအစား ရှေးက အတ္ထုပ္ပတ္တိဟာ ဘာလဲဆိုတော့ ကျောက်စာ၊
ကျွန်တော်တို့ (၁၈)ရာစုလောက်က ခင်ကြီးပျော် ဆရာတော်ဘုရားရဲ့ သင်္ချိုင်းက
ကျောက်စာ၊ ဆရာတော်ဘုရားရဲ့ သင်္ချိုင်းမှာ ကျောက်စာ ရိုက်ထားတယ်။
ကျောက်စာမှာ သူ့ရဲ့ story အကုန်ပါတယ်။ နောက် (၁၈၄၀) ခုနှစ်မှာ ရေးတဲ့
သဲအင်း သာသနာပိုင် ဆရာတော်ဘုရားရဲ့ ကျောက်စာ၊ အဲဒီမှာ အတ္ထုပ္ပတ္တိ
အစုံပါတယ်။ (၁၈၆၅)ခုမှာ ရေးတဲ့ မန္တလေး သာသနာပိုင် ဦးရေ၀ယျရဲ့
အတ္ထုပ္ပတ္တိ ကျောက်စာ၊ (၁၈၉၂) မှာရေးတဲ့ မိုင်းကိုင်မြို့စား ဦးယံ၊ မင်းတုန်းမင်း
လက်ထက်တုန်းက ပိဋကတ် တိုက်မှူးကြီး၊ သူ့ရဲ့ သင်္ချိုင်းက ကျောက်စာ၊
(၁၈၈၄) ခုနှစ်မှာ ရေးထိုးတဲ့ ယောအတွင်းဝန် ဦးဖိုးလှိုင်ရဲ့ ကျောက်စာ၊ ဒါလည်း
အတ္ထုပ္ပတ္တိပဲ။ နောက်တစ်မျိုးက ဧချင်း၊ တောင်ငူ (၁၆) ရာစုမှာ ပေါ်တဲ့
တပင်ရွှေထီးရဲ့ ဧချင်း၊ တပင်ရွှေထီး ကလေးလေးတုန်းက ဘုရင်ဖြစ်လာတဲ့
အခါကျတော့ လှော်ကားသုံးထောင်မှူးက ဧချင်း စပ်တယ်။ တပင်ရွှေထီးရဲ့
Biography ကဗျာပေါ့။ ဧချင်းပုံစံနဲ့ နောက် သခင်ထွေး ဧချင်း၊ အင်းဝဘုရင်
မင်းခေါင်ရဲ့ သားတော်၊ နောက်တစ်ခု ရာဇ၀င်ကျမ်းတွေ ရှိတယ်။

ရှင်မဟာသီလ၀ံသ ရေးတဲ့ ရာဇ၀င်ကျော်တွေ ရှိတယ်။ ဦးကုလား ရာဇ၀င်
ရှိတယ်၊ မှန်နန်းရာဇ၀င် ရှိတယ်၊ အရေးတော်ပုံကျမ်းတွေ ရှိတယ်၊ ဥပမာ
အလောင်းဘုရားရဲ့ အရေးတော်ပုံ၊ အလောင်းဘုရားရဲ့ အရေးတော်ပုံဆိုတာ
အလောင်းဘုရားရဲ့ Biography တစ်ခုလို့ ယူဆလို့ ရတယ်။ ရာဇဓိရာဇ်
အရေးတော်ပုံဆိုရင်လည်း ရာဇဓိရာဇ်ရဲ့ Life story တစ်ခုပဲ။ ဥပမာ
ရွှေတိဂုံ အနောက်တောင်ဘက် စောင်းတန်းမှာ ပန်းသည်မနဲ့ ကြိုက်တာက
အစ ရာဇဓိရာဇ်က မင်းသား “ဗညားနွဲ့”၊ ရွှေတိဂုံဘုရားစောင်းတန်းက
ပန်းသည်မနဲ့ ရည်ငံပြီးတော့ ပန်းသည်မကို မိဖုရားမြှောက်တာ၊ တခါ
သူ စစ်တိုက်တာတွေ ဘာတွေ အကုန်ပါတယ်။ ဒါက ရာဇ၀င်ထဲက လာတဲ့
အတ္ထုပ္ပတ္တိ သူတို့ဆီမှာလည်း ဒီလိုပဲ။

(၁)ရာစုက ပေါ်ခဲ့တဲ့ သမိုင်းဆရာ Plutard ရောမ သူရဲကောင်းတွေရဲ့
အတ္ထုပ္ပတ္တိ၊ အင်္ဂလန်မှာ ပထမဆုံးပေါ်တဲ့ အတ္ထုပ္ပတ္တိက ဆင်မြူရယ်ဂျွန်ဆင်
ရေးတဲ့ Life of Richard Sarage ရဲ့ အတ္ထုပ္ပတ္တိဟာ အင်္ဂလန်မှာ ပထမဆုံး
ပေါ်တဲ့ အတ္ထုပ္ပတ္တိပဲ။ ကျွန်တော်တို့ဆီမှာ နောက်ပိုင်း ရေးလာတာကျတော့
ဗုဒ္ဓ၀င်တွေ မဟုတ်တော့ဘူး။ သက်ရှိ အတ္ထုပ္ပတ္တိ၊ ဓမ္မစေတီ အတ္ထုပ္ပတ္တိ၊
ရှင်စောပုရဲ့ သားမက်၊ ဆရာတော်များ (၁၀၅) ပါး ဦးရေစာရင်း၊ မင်းလှစည်သူ
ရေးတဲ့ ဆရာတော်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိ၊ နောက် ရှင်တေဇောသာရတို့၊
ရှင်အဂ္ဂသမာဓိတို့ရေးတဲ့ အတ္ထုပ္ပတ္တိတွေ၊ အဲဒါ (၁၈၈၆) မှာရေးတယ်။
နောက် ခင်ကြီးပျော်ရဲ့ အတ္ထုပ္ပတ္တိ၊ ကန်တော်မင်ကျောင်း ဆရာတော်က
(၁၉၀၄) ခုနှစ်မှာ ရေးတယ်။ (၂၀) ရာစုခေတ်ထဲကို ရောက်လာပြီ။ အဲဒါတွေ
ဘုန်းကြီးတွေရဲ့ အတ္ထုပ္ပတ္တိ၊ နောက် လူတွေရဲ့ အတ္ထုပ္ပတ္တိ၊ လူတွေရဲ့
အတ္ထုပ္ပတ္တိ ကို ဦးဖိုးကျားကတော့ ပုဂ္ဂလအဘိဓါန်လို့ ခေါ်ခဲ့တယ်။ လူပုဂ္ဂိုလ်တွေ
ရဲ့ အဘိဓါန်၊ လူအကြောင်း သိချင်ရင် ကြည့်ဖို့၊ ဒေါက်တာ သာထွန်းဦးအကြောင်း
သိချင်ရင် အဲဒီစာအုပ်ကို လှန်လိုက်၊ အဲဒီမှာ အကုန်ပါတယ်။ လူပုဂ္ဂိုလ်ဆိုင်ရာ
အကြောင်း အရာတွေနဲ့ ပတ်သတ်တာမို့ ဦးဖိုးကျားက ပုဂ္ဂလအဘိဓါန်လို့
ခေါ်သွားပါတယ်။

အဲဒါ Biography လို့ ခေါ်တာ၊ အဲဒီနောက် ဘာတွေ ပေါ်လာလဲဆိုတော့
ဦးဖိုးကျားရေးတဲ့ ဦးထွန်းရှိန်ရဲ့ အတ္ထုပ္ပတ္တိ၊ ဖေ-ပု-ရှိန်၊ ဘိလပ်သွားတဲ့
ဦးထွန်းရှိန်၊ နောက် မြန်မာပညာရှိကြီးများရဲ့ အတ္ထုပ္ပတ္တိ၊ မှော်ဘီဆရာသိန်း
ရေးတယ်၊ မြ၀တီမင်းကြီးဦးစတို့၊ လက်ဝဲသုန္ဒရတို့ စတဲ့ မြန်မာပညာရှိကြီး
တွေရဲ့ အတ္ထုပ္ပတ္တိ၊ ဒါ စစ်မဖြစ်ခင်က ကျန်သေးတာက “ဘိုးဝဇီရ” ရဲ့
အတ္ထုပ္ပတ္တိ၊ မန္တလေးက ပထမဆုံးသော မြန်မာသတင်းစာ ဆရာကြီး၊ နောက်
ဦးသိန်းဖေမြင့် ဆရာလွန်း အတ္ထုပ္ပတ္တိ၊ စစ်ပြီးတော့ ဂျာနယ်ကျော်မမလေးရဲ့
သူလိုလူ၊ သူ့ခင်ပွန်း ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ အကြောင်းကို ရေးထား
တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ၊ ပထမ ဗိုလ်သိန်းဆွေ ရေးတယ်၊
နောက် သတင်းထောက် ဦးပုလေး ရေးတယ်၊ နောက် ဦးအောင်သန်း ရေး
တယ်။ အဲဒါ လူပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိ၊ ကောင်းပြီး ဒါ သူတို့က နိုင်ငံရေး
သမားတွေ၊ ဦးထွန်းရှိန်တို့ ဆရာလွန်းတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆိုတာ။
ကောင်းပြီ အဆိုတော်တွေ၊ အနုပညာရှင်တွေ စစ်ပြီးတဲ့နောက် ဇာတ်သဘင်
ပညာရှင်တွေ အကြောင်းကို ကျွန်တော်တို့ မြန်မာမှာ ဘယ်သူတွေ ရေး
သလဲ။

(ဆက်ရန်။)

2 comments:

Nge Naing said...
24 November 2009 23:58  

ကိုအောင်ရေ လာဖတ်သွားတယ်။ ဗဟုသုတရတယ်။ သမိုင်းက ရှစ်တန်းအထိပဲ သင်ဖူးလို့ ဒါတွေ အတော်များများကို မသိဘူး။

ဆောင်းယွန်းလ said...
25 November 2009 04:12  

ကျေးဇူးဗျာကိုအောင်...
မေ့နေတဲ့အကြောင်းအရာတော်တော်များများကို ပြန်သတိရသွားစေတယ်..
ဆက်ရန်မျှော်ပြီးဖတ်မယ်ဗျ

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile