အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ (နောက်ဆုံးပိုင်း)

ရေးသူ- ဆရာ မြသန်းတင့်

ဒါကို ကျွန်တော် ပြန်ကြည့်တဲ့အခါမှာ ပထမဆုံး ရေးတာက ဦးသိန်းဖေမြင့်၊
ဦးဖိုးစိန်အကြောင်း ရေးတာ ကျွန်တော်တို့က စာရေးဆရာ ဖြစ်ကာစ၊
ကျောင်းက ထွက်လာကာစ၊ ဦးဖိုးစိန်ကြီးရဲ့ (၇၅) နှစ်မြောက်မွေးနေ့၊ သူ့ခြံထဲ
မှာ လုပ်တယ်၊ ကျွန်တော်က စာတမ်း ဖတ်တယ်၊ သိန်းဖေမြင့်က စကားပြော
တယ်။ အဲဒီနောက် သိန်းဖေမြင့်က ဦးဖိုးစိန်ရဲ့ အတ္ထုပ္ပတ္တိကို ရေးပါတယ်။

ဒါ ပထမဆုံး အနုပညာသည်ရဲ့ အတ္ထုပ္ပတ္တိပါ။ ဒုတိယကတော့ ဒေါ်အမာရေးတဲ့
“ဖိုးစိန်ကတုံး၊ အောင်ဗလ” နောက်တခါ ဒေါ်အမာရေးတဲ့ “ရွှေမန်းတင်မောင်”၊
“ပြည်သူချစ်သော အနုပညာသည်များ” သီချင်းရေး ဆရာတွေပါတယ်။ အဆို
တော်တွေ ပါတယ်။ မထွေးလေးလည်း ပါတယ်။ မြခြေကျင်း မငွေမြိုင် ပါတယ်။
မငြိမ်းပါတယ်။ မမြရင် ပါတယ်။ စသည်ဖြင့်ပေါ့၊ အဲဒါဟာတွေဟာ စစ်ပြီးခေတ်
မှာ ပေါ်လာတဲ့ နိုင်ငံရေးသမား မဟုတ်သော၊ စာရေးဆရာ မဟုတ်သော
အနုပညာသည်များရဲ့ အတ္ထုပ္ပတ္တိ၊ အဲဒီအတ္ထုပ္ပတ္တိတွေထဲမှာ အတ္ထုပ္ပတ္တိဆရာ
တွေဟာ ဘယ်လို ရေးခဲ့ကြသလဲဆိုတော့ ပညာရှင်တွေဆိုခဲ့တာ၊ အတ္ထုပ္ပတ္တိ
ရေးတဲ့လူဟာ ပထမအားဖြင့် ပုံတူရေးသူ ပန်းချီဆရာ ဖြစ်ရမယ်။ ပုံတူဆွဲတဲ့လူ
ဖြစ်ရမယ်။ ဒုတိယအားဖြင့် သမိုင်းဆရာရဲ့ အလုပ်ကို လုပ်ရမယ်။ ဒီနှစ်ခုကို
လုပ်ပြီးမှသာလျှင် Biography ရေးလို့ရတယ်။ ဒါမှ ကောင်းတဲ့ Biography
တစ်ခုထွက်လာမှာပါ။

ဇော်ဝင်းထွဋ်အကြောင်းကို ရေးပြီဆိုရင် ကိုယ့်ဇာတ်လိုက်၊ ဘယ်သူ့ကို မေးရ
မလဲ ဆိုရင် ဇာတ်လိုက်ကို မေးရမယ်။ ကိုယ့်ဇာတ်လမ်းမှာပါတဲ့ ဒုတိယ
ဇာတ်ကောင် အဖေ့ဆီက၊ အမေ့ဆီက၊ ဇနီးမယား ဆွေမျိုးညာတိတွေဆီက
ရမယ်၊ သူငယ်ချင်း အပေါင်းအသင်းတွေဆီက ရမယ်။ နောက် ဇာတ်လိုက်ရဲ့
ရန်သူတွေဆီကလည်း မေးရမယ်။ ဒီလိုမေးလို့ ရပြီးရင် ဘာလုပ်မလဲဆိုတော့
ဇော်ဝင်းထွဋ် ဖြတ်သန်းနေတဲ့ ခေတ်၊ ကိုယ့်ဇာတ်လိုက် ဖြတ်သန်းနေတဲ့
ခေတ်ကြီးရဲ့အကြောင်းကို ရေးထားတဲ့ သမိုင်း၊ သူဖြတ်သန်းနေတဲ့ ဂီတသမိုင်း၊
ဂီတခေတ်၊ ၀တ်စားဆင်ယင်မှုခေတ်၊ လူမှုရေးခေတ် ဒါတွေကို ကျွန်တော်တို့
လေ့လာရမယ်။ နောက် သူနဲ့တကွ သူနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ နေ့စဉ်မှတ်
တမ်းတွေ၊ ပေးစာတွေအထဲကလည်း အများကြီးယူလိမ့်မယ်။ အကယ်၍
သူဟာ စာရေးဆရာ ဖြစ်ခဲ့ရင် သို့မဟုတ် သူဟာ ဟောပြောသူ ဖြစ်ခဲ့ရင်
သူ ရေးခဲ့တဲ့ စာတွေ၊ သူ ပြောခဲ့တဲ့ စကားတွေ၊ သူ ရေးခဲ့တဲ့ သီချင်းတွေ၊
သူဆိုခဲ့တဲ့ သီချင်းတွေထဲကနေလည်း ရနိုင်တဲ့ အချက်အလက်တွေ ရှာ
ယူရမယ်။

ဥပမာ “မေတ္တာနုနု စေလိုသူ” သီချင်းထဲက ထားရဲ့ Biography ကို
ကျွန်တော်တို့ ဘယ်လောက်ရနိုင်သလဲဆိုတာ ဇော်ဝင်းထွဋ်ရဲ့ ဘယ်
သီချင်းထဲကနေ သူ့ရဲ့ Biography ကို ဘယ်လောက် ရနိုင်သလဲဆိုတာ၊
အဲဒီ အထဲကနေ ကျွန်တော်တို့ ရှာရလိမ့်မယ်။ ဒါ Biography ရေးပုံရေးနည်း
ပေါ့လေ။ Biography ဟာ (Explore every fields) သူ့ဇာတ်လိုက်နဲ့
ပက်သက်တဲ့ နယ်တိုင်းနယ်တိုင်းကို အကုန်စူးစမ်းရလိမ့်မယ်။ (Verity
every facts) သူ သိလာတဲ့ အချက်အလက်တိုင်းကို မှန်မမှန် စစ်ဆေး
ရမယ်။ Check and Cross check every document သူ့ရဲ့ မှတ်တမ်း
အထောက်အထားတိုင်းကို ပြန်စစ်ရမယ်။ ပြောင်းပြန်တခါ Cross check
လုပ်ရမယ်။ အဲဒီလို လုပ်မှသာလျှင် ကောင်းမွန်တဲ့ Biography တစ်ခုကို
ရနိုင်တယ်လို့ ပြင်သစ် အတ္ထုပ္ပတ္တိရေးဆရာ Andre Maurios ပြောခဲ့ဖူးတယ်။

အင်္ဂလိပ်မှာ သိပ်နာမည်ကြီးတဲ့ အတ္ထုပ္ပတ္တိရေးဆရာ Lyttan Strachey
ဝိတိုရိယ ဘုရင်မကြီးရဲ့ အကြောင်း အတ္ထုပ္ပတ္တိကို ရေးခဲ့တယ်။ သူ့ကို
Prince of Biographer လို့ ခေါ်တယ်။ အတ္ထုပ္ပတ္တိရေးဆရာတွေရဲ့ ဘုရင်၊
မင်းသား၊ သူက ဘာပြောသလဲဆိုတော့ ….
A mass of notes and document is no more a biography than
a mountain of eggs is an omelette.
သူ့မှာ အချက်အလက်တွေ ဘယ်လောက်များများ၊ ကျွန်တော်မှာ
ဇော်ဝင်းထွဋ်နဲ့ ပက်သက်တဲ့ အချက်တွေ ဘယ်လောက်ပဲရ ကြက်ဥတွေ
အများကြီးကို Omelette ဖြစ်အောင် မလုပ်တတ်ရင် Omelette ဖြစ်မလာဘဲ
ကြက်ဥအပုံကြီးပဲ ဖြစ်နေမှာဖြစ်သလို အချက်အလက်တွေကို ကျကျနန ဖွဲ့
စည်း၊ Organize မလုပ်တတ်ရင် အချက်အလက်ပဲ ဖြစ်နေမှာပဲ၊ ဒါကြောင့်မို့
အတ္ထုပ္ပတ္တိရေးတဲ့လူဟာ တပြိုင်နက်တည်းမှာ ပုံတူရေးတဲ့ လူလည်း ဖြစ်ရ
မယ်၊ သမိုင်းဆရာလည်း ဖြစ်ရမယ်လို့ သူက ပြောခဲ့တယ်။ ကျွန်တော်
နောက်ထပ် ငါးမိနစ်လောက် စာလေးတစ်စောင် ဖတ်ပြပါရစေ။

ကျွန်တော်ပြောချင်သေးတာ တစ်ခုက ဇော်ဝင်းထွဋ်ရဲ့ အတ္ထုပ္ပတ္တိထက်
ပိုပြီး အရေးတကြီးလိုနေတဲ့ အတ္ထုပ္ပတ္တိ၊ ဒါက ဘာလဲဆိုတော့ သူ့အဘိုး
“ရွှေတိုင်ညွှန့်ရဲ့ အတ္ထုပ္ပတ္တိ၊ ရွှေတိုင်ညွှန့် မရှိဘဲနဲ့ “ထား” မရှိနိုင်ဘူး၊
ထား မရှိဘဲနဲ့ “ဇော်ဝင်းထွဋ် ” မရှိနိုင်ဘူး။ ဒီလိုပဲ “သုံးရွေ့လယ်” မရှိဘဲနဲ့
“မေတ္တာနုနုစေလိုသူ” မရှိနိုင်ဘူး။ “မေတ္တာနုနုစေလိုသူ” မရှိဘဲ “မာကျူရီည”
မရှိနိုင်ဘူး။ ဒါကြောင့် ကျွန်တော် ရွှေတိုင်ညွှန့်ရဲ့ အတ္ထုပ္ပတ္တိကို ရေးစေ
ချင်ပါတယ်။ အဲဒီခေတ်က နာမည်ကြီး တေးရေးဆရာ လေးယောက်ရှိ
ပါတယ်။ ရွှေတိုင်ညွှန့်၊ ရွှေပြည်အေး၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ ဆရာတင်၊
အင်မတန်တော်တဲ့ တေးရေးဆရာတွေပါ။ အသံ သိပ်မကောင်းတဲ့ အဆိုတော်
တွေကိုပါ အောင်မြင်အောင် ရေးပေးနိုင်ကြပါတယ်။

အင်္ဂလိပ်လို ပြောလေ့ရှိကြတယ်။ not the singer but the song
သီချင်းကြောင့် အဆိုတော် နာမည်ကြီးလာရတာ၊ နောက်တစ်မျိုးက
not the song but the singer အဆိုတော်ကြောင့် သီချင်း နာမည်ကြီး
လာရတာ။

ရွှေတိုင်ညွှန့်တို့၊ နန်းတော်ရှေ့တို့၊ မြို့မငြိမ်းတို့၊ ရွှေပြည်အေးတို့ ဆိုတဲ့
ပုဂ္ဂိုလ်တွေက သီချင်းရေး သိပ်ကောင်းတယ်။ သူတို့ သီချင်းတွေကို
ဆိုလိုက်ရင် အဆိုတော်တွေ နာမည်ကြီးတယ်။ အဆိုတော်တွေကို မွေး
ထုတ်ပေးနိုင်တဲ့ သီချင်းရေးဆရာမျိုးတွေပါ။

ရွှေတိုင်ညွှန့်တို့ နန်းတော်ရှေ့တို့ရဲ့ ဆက်ဆံရေးဟာလည်း အင်မတန်
စိတ်ဝင်စားစရာ၊ လွမ်းချင်စရာ ကောင်းတယ်။ တစ်ယောက်ရဲ့ tune ကို
တစ်ယောက်က ကြိုက်ရင် ယူစပ်လိုက်တာပဲ။ သူက ကိုယ့် tune ကို
ယူစပ်လိုက်လို့ တရားစွဲတယ်၊ သတင်းစာက ကြေညာတယ်ဆိုတာ မရှိဘူး။
ဥပမာ “ဟေ၀န်နန်း” ကို ရွှေတိုင်ညွှန့် ရေးတယ်။ မမြရင်ရဲ့ “ရွှေပြည်စိုး”
ကို နန်းတော်ရှေ့ ရေးတယ်။ ဘယ်သူက စောသလဲ မသိဘူး။ ဘယ်သူက
စောစော ဘာမှ မပြောကြဘူး။ ကြည့်ရတာကတော့ ၎င်းနဲ့ ခင်တဲ့ သူငယ်ချင်း
တွေ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပုံရတယ်။ သူတို့တတွေရဲ့ ဆက်ဆံရေးဟာ
ဘယ်လောက် ချစ်စရာကောင်းသလဲ၊ ဒီလိုပဲ tune တူတဲ့ သီချင်းတွေ
တော်တော်များများ ရှိတယ်။ တခြားလူတော့ မသိဘူး။ ကျွန်တော်ကတော့
သူတို့တတွေရဲ့ ဆက်ဆံရေးကို သိပ်သိချင်တာပဲ။ ကျွန်တော်တို့ ခေတ်
လူငယ်တွေ ဘယ်လောက် အတု ယူဖို့ ကောင်းသလဲ။

အေ၀မ်းခင်မောင် ကျွန်တော့်ကို ပြောဖူးတာ ရှိသေးတယ်။ တခါတုန်းက
ရွှေပြည်အေးက သူ့ကို သီချင်းတစ်ပုဒ် ချပေးသတဲ့။ သီချင်းက
“အတိတ်က တစ်နာရီ” ဆိုတဲ့ သီချင်းနဲ့ ကိုခင်မောင်က လိုက်တီးပြီး
“ဆရာ tune က နန်းတော်ရှေ့ရဲ့ မင်းခမ်းမင်းနားနဲ့ တူနေပါလား” လို့
ပြောတယ်။ ဒီတော့ ရွှေပြည်အေးက “ဟေ့ကောင် စကားမများနဲ့ တီးမှာ
သာတီး၊ မင်းခမ်းမင်းနားက အသံကို ကြိုက်လွန်းလို့ တစ်ပုဒ်လုံး ယူထား
တာကွ၊ ဒီလိုအသံမျိုး ငါ မရှာနိုင်သေးလို့” ပြောသတဲ့။

ရွှေပြည်အေးရဲ့ ရိုးသားဖြူစင်ပုံကို ဖော်ပြနေတဲ့ အဖြစ်အပျက်ကလေးပါ။
အေ၀မ်းကိုခင်မောင် ပြောပြဖူးလို့ ကျွန်တော် မှတ်ထားလိုက်ပါတယ်။
အဲဒီခေတ်က လူကြီးတွေရဲ့ ဆက်ဆံရေးကိုသိရင် ကျွန်တော်တို့ အတု
ယူနိုင်မှာပါ။ ဒါကြောင့် ရွှေတိုင်ညွှန့်ရဲ့ အတ္ထုပ္ပတ္တိကို ရေးစေချင်ပါတယ်။

ဂီတသမိုင်းမှာ ရှိနေတဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမှ ဖျောက်ထား
လို့ မရပါဘူး။ ဒါကြောင့် ဇော်ဝင်းထွဋ် အဘိုး၊ ထားရဲ့ အဖေ “ဆရာ
ရွှေတိုင်ညွှန့်” အတ္ထုပ္ပတ္တိဟာ ဇော်ဝင်းထွဋ် အတ္ထုပ္ပတ္တိထက် လိုအပ်
ပါတယ်လို့ပြောရင်း ကျွန်တော်ရဲ့ “အတ္ထုပ္ပတ္တိ” ကို နိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။


(ရုပ်သံ မဂ္ဂဇင်း၊ မေလ- ၁၉၉၆)

2 comments:

ဆောင်းယွန်းလ said...
26 November 2009 04:17  

မှတ်သားစရာတွေပဲဗျာ.ဖတ်လို့လည်းသိပ်ကောင်းပါတယ်.
မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ် ကိုအောင်ရေ.....

Kay said...
5 December 2009 08:25  

စီးပွားဖြစ် စာအုပ် အမှာ.. လုံးလုံး မဟုတ်ပဲ.. တဲ့တဲ့ တိုးတိုး ပြောသွားလိုက်တာ..။ ဆရာကြီး မြသန်းတင့် ကို..လေးစားမိပါရဲ့။ စာအုပ်မိတ်ဆတ် ပရိသတ် ပွဲခင်း ထဲက နေ.. ကျယ်ကျယ်လောင် လောင် ကို လက်ခုပ်တီးမိပါရဲ့..။

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile