UNHCR အစီအစဉ်နဲ့ ဒိန်းမတ်ရောက်ရင်

ရေးသူ- စစ်ငြိမ်းဒီရေ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
အစီအစဉ်နဲ့ ဒိန်းမတ်နိုင်ငံသို့ လာရောက်မည့် ဒုက္ခသည်များ
သိစေရန် အကြံပြုအပ်ပါသည်။

ဒိန်းမတ် နိုင်ငံသည် နှစ်စဉ် ဒုက္ခသည်အသစ် (၅၀၀) နီးပါးကို လက်ခံ
နေထိုင်ခွင့်ပြုသော နိုင်ငံတစ်ခု ဖြစ်ပါသည်။ လက်ရှိ ဒိန်းမတ်နိုင်ငံတွင်
အစိုးရအဖြစ် အာဏာရနေသော လစ်ဗရယ်(Venstre ဒိန်းမတ်လို ဗင်းစတာ)
ပါတီသည် ဒိန်းမတ် ပါလီမန်တွင် ၎င်းတို့ အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက်
ညွှန့်ပေါင်းမဟာမိတ်ပါတီ အစုအဖွဲ့ကို ဖွဲ့စည်းထားပါသည်။ ၎င်းတို့၏
အစုအဖွဲ့တွင် အစွန်းရောက် အမျိုးသားရေး ပါတီ တစ်ခုဖြစ်သော
ဒိန်းမတ် ပြည်သူ့ ပါတီ (Dansk Folkeparti ဒိန်းမတ်လို ဒန့်စ်ဖရော့ပါတီ)
နဲ့ မဟာမိတ် ပြုထားပါသည်။ ထို ဒိန်းမတ်ပြည်သူ့ပါတီသည် ပြည်ပမှ
ပြောင်းရွေ့ ၀င်ရောက်လာသော နိုင်ငံခြားသားများအား လုံးဝရွံရှာမုန်းတီး
သော ပါတီတစ်ခု ဖြစ်ပါသည်။ ဒိန်းမတ်နိုင်ငံအတွင်း လွန်ခဲ့သော နှစ်ပေါင်း
များစွာ ကတည်းက ဒုက္ခသည်အဖြစ် နေထိုင်လျက်ရှိသော အီရန်၊
အီရတ် လူမျိုးများက ထို “Dansk Folke(ဒန့်စ်ဖရော့)” ပါတီအား “နာဇီ”
ပါတီဟု ခေါ်ဝေါ် ကြပါသည်။

ဒိန်းမတ်နိုင်ငံသို့ UNHCR အစီအစဉ်ဖြင့် ပြောင်းရွေ့ အခြေချနေထိုင်ခွင့်
ရသော ဒုက္ခသည်များသည် ဒိန်းမတ်- ဒုက္ခသည်များဆိုင်ရာ ၀န်ကြီးဌာန၏
စီစဉ်ပေးမှုအောက်တွင် ရွေးချယ်ခွင့်မရဘဲ ၎င်းတို့စီစဉ်ပေးသော ဒေသများ
တွင် သုံးနှစ်ပြည့်အောင် နေထိုင်ရပါသည်။

ယင်းသို့ နေထိုင်ရာတွင် မိမိတို့ နေထိုင်ခွင့်ရသော ဒေသ၏ အုပ်ချုပ်
ရေး ကောင်စီ၊ ဒိန်းမတ်ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်
အရွေးခံနေရသူတို့နှင့် စပ်လျဉ်းသော နိုင်ငံရေး ပါတီကို တတ်နိုင်သရွေ့
စုံစမ်းမေးမြန်းသင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဒိန်းမတ်နိုင်ငံအတွင်း
သို့ ဒုက္ခသည်အဖြစ် ရွေ့ပြောင်းလာသူများအကြား ပညာသင်ကြားခွင့်၊
လူမှုဖူလုံရေး အကူအညီ အထောက်အပံ့များနှင့် ပက်သက်ပြီး ခံစားခွင့်
များ ကွာဟနေမှုသည် ယခုအခါ ဆွေးနွေးငြင်းခုန်ရသည့်အထိ ဖြစ်ပေါ်နေ
ပါသည်။

“ဆိုရှယ်ဒီမိုကရက်တစ် ပါတီ (Socialdemokratiet )” ကို ကိုယ်စားပြုသော
ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီနှင့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စား
ပြု လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်နိုင်သည့် ဒေသများ
တွင် နေထိုင်ခွင့်ရသော UNHCR ဒုက္ခသည်များသည် ကံ အကောင်းဆုံးဟု
ဆိုနိုင်ပါသည်။ သို့မဟုတ်ပဲ “လစ်ဗရယ် (Venstre)” ပါတီ ကိုယ်စားလှယ်
ကိုသာ ကိုယ်စားပြုထားသော ဒေသများတွင် နေထိုင်ခွင့်ရမည့် UNHCR
ဒုက္ခသည်များသည် ကံ သိပ်မကောင်းဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် UNHCR အစီအစဉ်ဖြင့် ဒိန်းမတ်နိုင်ငံအတွင်းသို့ ရွေ့ပြောင်း
အခြေချ လာမည့်သူများအနေဖြင့် သက်ဆိုင်ရာ ဒိန်းမတ်သံရုံး အင်တာဗျူး
များတွင် မိမိတို့ နေထိုင်ရမည့် ဒေသများအလိုက် ဒုက္ခသည်ဆိုင်ရာ အစီအစဉ်
ပုံစံများ၊ အထက်တွင် ဖော်ပြခဲ့သော ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီတွင်
အာဏာရနေဆဲ ပါတီအမျိုးအစားများအကြောင်း စုံစမ်းမေးမြန်းသင့်ပါသည်။

သေချင်တဲ့ ကျား တောပြောင်း” ဆိုတဲ့ အဖြစ်မျိုးမှ ကင်းဝေး ကြပါစေ။


4 comments:

Nge Naing said...
22 November 2009 22:03  

ကိုအောင်ရေ
စာလာဖတ်သွားပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာက ဟုတ်တယ်၊ အာဏာရနေတဲ့ ပါတီတွေရဲ့ သဘောထား အပေါ်မူတည်ပြီး အပြောင်းအလဲ ရှိတယ်။ အော်စီမှာလည်း ဒီလိုပဲ။

Vigor said...
23 November 2009 07:55  

Good writing from the political point of view, unlike some other blog. Thanks for sharing

ကလူသစ် said...
24 November 2009 15:58  

ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာမယ်ဆိုရင်ကော။ ဘီယာတိုက်မှာလား။ :)

ကိုအောင်(ပျူနိုင်ငံ) said...
24 November 2009 22:01  

မငယ်နိုင်၊ Vigorနဲ့ ကိုလူသစ်တို့ ကော်မန့်ရေးသွား
တာ ကျေးဇူး၊ ကိုလူသစ်ရေ လာသာ လာခဲ့ ဘီယာ အဝ
တိုက်မယ်း)။

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile