လမ်းကြား သရဲ (၃)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်
သူများ၊ နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူ
ရန် မေတ္တာရပ်ခံအပ်ပါသည်။)

ယခင် အပိုင်း(၂)မှ အဆက် ...

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ မြန်မာပြည်က ပြောင်းရွှေ့လာတဲ့
မိသားစုဟာ ယခင်က လူသတ်မှုဖြစ်ပွားခဲ့တဲ့ အခန်းနံဘေးက အခန်း
မှာ နေထိုင်ကြပါတယ်။ သူတို့မိသားစုမှာ ဆရာဝန် လင်မယား၊ သားသမီး
သုံးဦး၊ အဖွားဖြစ်သူတို့ ပါရှိတဲ့ လူခြောက်ဦးပါ။ သူတို့ ပြောင်းရွှေ့လာပြီး
လပိုင်းအတွင်း သူတို့အလွှာမှာ နေထိုင်တဲ့ တရုတ်မိသားစုတွေနဲ့
ခင်မင်ရင်းနှီးလာပါတယ်။ တရုတ်မိသားစုတွေဆီကနေ အမှိုက်ပြစ်တဲ့
လမ်းကြားမှာ ညဖက်ဆိုရင် သရဲခြောက်တယ်ဆိုတဲ့ သတင်းစကားကို
သူတို့ ကြားသိခဲ့ပါတယ်။

သူတို့ ကြားခါစက မယုံတ၀က် ယုံတ၀က်ပါ။ ခင်ပွန်းဖြစ်သူ ဆရာဝန်
က သရဲတစ္ဆေကို လုံးဝ မယုံကြည်သူပါ။ တနေ့တော့ အဲဒီတိုင်းပြည်မှာ
လာရောက် အလုပ် လုပ်နေတဲ့ ငယ်သူငယ်ချင်းတွေကို သူတို့ အခန်းမှာ
ညစား ခေါ်ကျွေးပါတယ်။ ညစား စားရင် အရက် သောက်ဖြစ်ကြပါ
တယ်။ ည တစ်နာရီ ပတ်ဝန်းကျင်လောက်မှာ အရက်ဝိုင်း သိမ်းပါတော့
တယ်။ ညစား စားပွဲကနေ အိမ်ပြန်ကြမယ့် သူငယ်ချင်းတွေကို အိမ်ရှင်
ဆရာဝန်နဲ့ နောက်တနေ့မနက်ကျမှ အိမ်ကိုပြန်မယ့် ငယ်သူချင်းတစ်ဦး
တို့က ကားဂိတ်အထိ လိုက်ပို့ကြပါတယ်။

ဒီလိုနဲ့ ငယ်သူငယ်ချင်းတွေကို အဌားကား(TAXI) ပေါ်တင်ပြီး တိုက်
ပေါ်ကို ပြန်တက်လာခဲ့ပါတယ်။ နှစ်ဦးစလုံး အနည်းငယ် မူးနေတာ
ကြောင့် သူတို့အခန်းရှိရာနဲ့ နီးကပ်တဲ့ လှေကားကနေ အပေါ်ထပ်
ကို တက်လာခဲ့ပါတယ်။ လှေကားအပေါ်ကို တက်ခါစမှာ အပေါ်က
စကားပြောနေသံလိုလို သူတို့ ကြားနေရပါတယ်။ သူ့တို့စိတ်ထဲ
မှာ သူတို့ နှစ်ဦးစလုံး မူးနေလို့ အိမ်ရှင် ဆရာဝန်မိသားစု အခန်း
တံခါး အပြင်ထွက်ပြီး စောင့်နေတာ ဖြစ်မယ်လို့ ထင်နေပါတယ်။

လှေကားကနေ သူတို့အလွှာထဲ ချိုးအကွေ့မှာ ရုတ်တရက်
နှစ်ဦးစလုံး ကြက်သီးတွေ ထ သွားပါတယ်။ မူးနေတာလည်း ပြေသလို
ခံစားလိုက်ရပါတယ်။ သူတို့ ခုနက ကြားနေရတဲ့ အသံကို သတိ
ရလိုက်ပါတယ်။ ဒါနဲ့ နံဘေးပတ်ပတ်လည်ကို လျှောက်ကြည့်
လိုက်တော့ အမှိုက်သွားပြစ်နေကြ လမ်းကြားထဲမှာ လူတစ်ယောက်
က ကျောပေးပြီး အမှိုက်ပြစ်တဲ့ အပေါက်ဝ အပေါ်က နံရံကို
လက်နှစ်ဖက်မြှောက်တွန်းလို့ ခပ်ကုန်းကုန်း ရပ်နေပါတယ်။
အဲဒီလူရဲ့ နောက်ဖက်မှာ ကလေးငယ်တစ်ဦးက ငိုနေပြီး ကျောပေး
ရပ်နေသူရဲ့ တင်ပါးကို တဖြန်းဖြန်းနဲ့ ရိုက်နေပါတယ်။ သူတို့ ရပ်လိုက်
တဲ့ ခဏလေးအတွင်းမှာပဲ ကလေးငယ်ဟာ သူတို့ဖက်ကို လှည့်ကြည့်
လာပါတယ်။ ကလေးရဲ့ မျက်လုံးနှစ်ဖက်ဟာ တော်တော်လေး ငို
ထားတဲ့ပုံစံမျိုးပါ။ မျက်လုံးတွေ ရဲရဲတောက်လို့။

ကလေးက သူတို့ကို မြင်မြင်ချင်း အံ့အားသင့်သလို ဖြစ်သွားပြီး စိုက်
ကြည့်နေပါတယ်။ ငိုနေတဲ့ ကလေးငယ်ကို ဆရာဝန်ဖြစ်သူက တချက်
ပြုံးပြပြီး သူ့တို့အခန်းဖက်ဆီ ထွက်ခဲ့ပါတယ်။ ခြေလှမ်း လေး …. ငါး
လှမ်းလောက် လှမ်းပြီးချိန်မှာ သူတို့ နောက်ကျောဖက်ကနေ အသံတစ်ခု
ကြားလိုက်ရပါတယ်။ “ညီလေးတို့” ဆိုတဲ့ အသံကို သူတို့နှစ်ဦး သေသေ
ချာချာ သဲသဲကွဲကွဲ ကြားလိုက်ရတာပါ။ ဒါနဲ့ နောက်ကို ပြန်လှည့်ကြည့်
တော့ နောက်မှာ ဘယ်သူကိုမျှ မတွေ့ရပါ။ သူတို့စိတ်ထဲ ဇဝေဇ၀ါ ဖြစ်ဖြစ်
နဲ့ အခန်းဆီ ဆက်မသွားသေးပဲ အခုလေးတင် ကျော်ဖြတ်ခဲ့တဲ့ အမှိုက်
ပြစ်တဲ့ လမ်းကြားဆီ နှစ်ဦးသား ပြန်သွားကြည့်ပါတယ်။ လမ်းကြားထိပ်
ကို ရောက်တော့ လမ်းကြားထဲမှာ ဘယ်သူကိုမျှ မတွေ့ရတာကြောင့်
အရမ်း အံ့သြသွားပါတယ်။ ခုနက ကျောပေးရပ်နေသူနဲ့ ကလေးငယ်တို့၊
ဒီလမ်းလေးထဲကနေ စက္ကန့်ပိုင်းလောက်သာ ရှိတဲ့ အချိန်အတွင်း
လျင်လျင်မြန်မြန်ကြီး ထွက်ခွာ ပျောက်ကွယ်သွားဖို့ဆိုတာ လုံးဝ
မဖြစ်နိုင်ပါဘူးလို့ အဓိပ္ပါယ်ရတဲ့ မျက်လုံးတွေနဲ့ တစ်ဦးနဲ့တစ်ဦး
ကြည့်မိလိုက်ပါတယ်။ အဲဒီအချိန်အထိ သူတို့နှစ်ဦးစလုံး သရဲခြောက်
ခံနေရတယ်လို့ သူတို့ကိုယ် သူတို့ မထင်သေးပါဘူး။

သူတို့နေထိုင်ရာ အခန်းရှေ့ရှိ ပထမ သံတခါးမှာ ခတ်ထားတဲ့ သော့
ခလောက်ကို ဖွင့်ရင်း အထဲကို အ၀င်မှာ သော့ခလောက်အိမ်က ကြမ်းပြင်
ပေါ် ပြုတ်ကျသွားပါတယ်။ အိမ်ရှင်ဆရာဝန်ဖြစ်သူက ပြုတ်ကျသွားတဲ့
သော့ခလောက်အိမ်ကို ကုန်းကောက်လိုက်ချိန်မှာ နံဘေးက ဧည့်သည်
သူငယ်ချင်းဖြစ်သူက …
“ဟိုနား ပုန်းနကွယ်ကနေ လူနှစ်ယောက် ခေါင်းလေးတွေ ထွက်ပြီး
ပြူးတစ် ပြူးတစ်နဲ့ ငါတို့ကို ကြည့်နေတယ်ကွ …”
လို့ ပြောပါတယ်။
အိမ်ရှင်ဆရာဝန်က လှမ်းကြည့်တော့ ဘာမျှ မတွေ့ရပါဘူး။
သော့ခလောက်ပြုတ်ကျသံ၊ သံတခါး ဖွင့်သံတွေကြောင့် အိမ်ထဲက
မိသားစုလည်း အတွင်း သစ်သားတံခါးကို ဖွင့်လာပါတယ်။ ဧည့်သည်
ဖြစ်သူက အိမ်ထဲက ထွက်လာတဲ့ မိသားစုကို ဒီတိုက်မှာ အခြား
မြန်မာ အလုပ်သမားတွေ စုပေါင်းနေထိုင်တဲ့ အခန်းများ ရှိသလား
လို့ မေးမြန်းစပ်စုရင်း အခန်းထဲကို ၀င်ခဲ့ကြပါတယ်။


(ဆက်ရန်။)

6 comments:

Zaw Myo Lwin said...
12 January 2010 01:28  

ကိုအောင်ခင်မြင့်... ထောင်ထဲမှာတုန်းက ဒါကိုဘာလို့ ပြောမပြသွားတာလဲ။ မြန်မြန် များများနဲ့ မှန်မှန်လေး ရေးတင်ပေးပါ။ စောင့်ဖတ်ရသူတွေမှာ အားမလိုအားမရ အိပ်လို့တောင်မှ မရတော့ဘူး။

ရွှေရတုမှတ်တမ်း said...
12 January 2010 02:13  

ကိုအောင်ကလည်း ကောင်းခန်းရောက်ရင်..အဲလိုချည့်ပဲ

ကိုအောင်(ပျူနိုင်ငံ) said...
12 January 2010 04:52  

ကိုဇော်မျိုးလွင်နဲ့ အကိုကြီး ကိုကျောက်ခဲတို့ ကော်မန့်
လာရေးတာ ကျေးဇူးပါ ..

ကိုဇော်မျိုးလွင် ...
နေကောင်းလား အကို၊ ကျနော် မလေးရှားမှာ ကျင်လည်ခဲ့တဲ့
ကျနော့်ဘ၀ကို ကျနော်ဇွတ်အတင်း မေ့ပြစ်ချင်တာ၊ ဘ၀က အစုံဘဲလေ၊ over stay ဘ၀နဲ့ ညဖက်ထွက်ပြေးပြီး တရုတ်သင်္ချိုင်းမှာ သွားအိပ်ခဲ့တာတွေ၊ အတူတူထွက်ပြေးတဲ့ ဘ၀တူ အလုပ်သမားတွေ မိလ္လာကန်ထဲ ပြုတ်ကျပြီး သေကြတာတွေ၊ အလုပ်ထဲမှာ မလေးရှား တစ်ရာကျော်နဲ့ မြန်မာ အလုပ်သမားတွေ အချိန်ပို အလုပ်ရဖို့ သံပိုင်းလုံးတွေနဲ့ တဖက်နဲ့ တဖက် ရိုက်ကြတာတွေ၊ မှတ်မိသေးလား ဆွတ်ခဘလို့ ထောင်ထဲမှာ ထောင်တစ်ခုလုံးကို သရဲစီးတာတွေ၊ နောက် တော့ ကျနော် ရေးပါ့မယ် ..
ကိုဇော်မျိုးလွင်ကို အမြဲပဲ သတိရပါတယ် ..
ပူလူးထောင်ထဲမှာ ဆေးလိပ်သောက်တာကို ထောင်ရဲတွေ ၀င်စစ်ချိန်မှာ ကျနော့်ကြောင့် အကို့မျက်မှန် ပျောက်ဆုံးခဲ့တာရော ကျနော် အမြဲ သတိပါတယ် အကို။
သတိရလျက် ...

YoungGun said...
12 January 2010 13:15  

ဖတ်လေ့ ဖတ်ထ မရှိတဲ့ သရဲအကြောင်းကို အဆုံးထိ.. အရင်အဟောင်းတွေအထိ ဆွဲဖတ်အောင် ..ရေးတတ်ပါပေ့။ ဆန့်တငံ့ငံ့ ဖြစ်၇တာတော့ မကောင်းဘူးဗျာ။ အထက်က လူတွေပြောသွားသလို များများရေးပါဗျို့။

TNS said...
12 January 2010 19:06  

ဟာကွာ.......။
အခုတောင် ဒိန်းမတ်လေယာဉ်လက်မှတ်ဝယ်ပြီး
တစ်ထိုင်ထဲသာ ပြောခိုင်းချင်တော့တာဘဲ..။

Zaw Myo Lwin said...
13 January 2010 07:43  

စီဘောက်မရှိလို့ ဒီအောက်မှာပဲ ဆက်ရေးလိုက်ပါတယ်။ အင်္ဂါနေ့ ည ၁၂ နာရီတိတိကလာစောင့်နေတာ ယခု၁၂း၄၅နာရီထိကို အခန်းဆက်က တက်မလာသေးဘူး။ ရန်ကုန်မှာလို မီးများဖြတ်ခံထားရလား-) ကိုအောင်ခင်မြင့်နဲ့တကွ အားလုံးကို အမြဲသတိရပါတယ်။ ဒီကြားထဲတော့ ချမ်းချမ်းစီးစီးမှာ ဆောင်းအိပ်မက်တွေနဲ့ အတိတ်ကိုပဲ ပြန်ရှာနေရပေါ့။ ထောင်ထဲမှာ သရဲစီးကြတုန်းက ကျနော် အိပ်ပျော်နေခဲ့သလားပဲ။ သေချာလဲပြန်မမှတ်မိဘူး။ အခြား အဖြစ်အပျက်တွေ အပါအဝင် အဲဒီ အတွေ့အကြုံတွေ တတ်နိုင်သရွေ့ များများကြီး ရေးပေးပါဦး။
အားလုံးလဲ ချမ်းမြေ့ပါစေ။

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile