အောက်လမ်းပညာကို စိန်ခေါ်ရဲသူ

ရေးသူ- စစ်ငြိမ်းဒီရေ

မြန်မာပြည်က အထက်လမ်း (ဗိုလ်ချုပ်လမ်း မဟုတ်ပါ) ဆရာတွေ၊
အောက်လမ်း (ကမ်းနားလမ်းလို့ မထင်ပါနဲ့) ဆရာတွေအကြောင်း
လျှောက်စဉ်းစားရင်ကနေ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဘကြီးဝမ်းကွဲ
တော်စပ်သူ တစ်ယောက်ကို သွားသတိရမိပါတယ်။ ဘကြီးဆိုပေမဲ့
တကယ့် ဘကြီးအရင်းတော့ မဟုတ်ပါဘူး။ ကျနော့်အဖွားဖက်က
အကိုဖြစ်သူတစ်ဦးရဲ့ မွေးစားသားပါ။ သူရဲ့ နေထိုင်ပုံ၊ ပြောဆိုပုံဟာ
“ဂွ” ကျတယ်ဆိုပြီး နယ်မှာရှိတဲ့ ရွာက ဆွေမျိုးအားလုံးလည်း သူ့ကို
အော်ကြောလန် ပါတယ်။

သူ့မယား ကြီးဒေါ်က ကျနော့် အဖိုးဖက်ကနေ တူမ တော်စပ် ပါတယ်။
နွေရာသီ ကျောင်းပိတ်လို့ ရွာကို အလည်သွားရင် ဘကြီး ဘက်ရော
ကြီးကြီး ဘက်ပါ ဆွေမျိုးတော်စပ်တဲ့ ကျနော်တို့ မိသားစုအပေါ်
တော်တော် ဖော်ရွေရှာပါတယ်။ ဘကြီးဆီမှာ လူအများ မှန်းတီးခြင်းခံရ
တဲ့ အကျင့်တစ်ခု ရှိပါတယ်။ အဲဒါက သူ မှန်တယ်လို့ ထင်ရင် လူရှေ့
မရှောင် သူရှေ့ မရှောင် ဇွတ်ပြောလေ့ ရှိတဲ့ အကျင့်ပါ။ ဒီအကျင့်ဟာ
သူရဲ့ မွေးရာပါ အကျင့်လို့ ဆွေမျိုးတွေက ဆိုပါတယ်။

နေ့စဉ် သူ့အိမ်ရှေ့ တံစက်မြိတ်အောက်ရှိ ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်း
အိုး၊ ပုဇွန်ခြောက် လေး … ငါးကောင်ပါတဲ့ လဖက်အသား ဆီစိမ်ပုလင်း၊
ဆေးလိပ်ခွက်၊ ကွမ်းအစ် တွေ ခင်းပြီး ခြံရှေ့မှာ ဖြတ်သွားသူ မှန်သမျှ
ကို ခြံထဲ ဇွတ်အတင်းခေါ်၊ ရွာက ကောင်စီလူကြီး မကောင်းကြောင်း၊
ဆန်စက် (ရွာမှာ “ဟာလာ”လို့ ခေါ်တဲ့ ဆန်စက်အငယ်စား) ပိုင်ရှင်တွေ
က ဆင်းရဲသား လယ်သမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ကြီးစား
ကြောင်း မမောနိုင် မပန်းနိုင် တရားဟော နေကြပါ။ ရွာမှာနေပြီး နေ့စဉ်
ထုတ် သတင်းစာကို အမြဲဖတ်သူ၊ BBC က လွှင့်တဲ့ ရေဒီယို သတင်းတွေ
ကို အမြဲနားထောင်လေ့ရှိသော သူနံဘေးမှာလည်း သူ့ကို ချစ်ခင်တဲ့
လူတွေ အတော်များများ ရှိပါတယ်။

ဘကြီးတို့ လင်မယားမှာ သမီး တစ်ယောက်ပဲ ရှိပါတယ်။ ကျနော့်အမ
ဝမ်းကွဲဟာ ကျနော် သိတတ်စ အရွယ်လောက်မှာပဲ သူတို့ရွာက
တောသူဋ္ဌေးသား တစ်ဦးနဲ့ အိမ်ထောင်ကျပါတယ်။ သူ့ယောက်ျား
ကလည်း ခပ်အေးအေးနေတတ်တဲ့ လူတစ်ယောက်ပါ။ ဒါကြောင့်
မိဘတွေဖြစ်တဲ့ ဘကြီးနဲ့ ကြီးကြီးကို အိမ်ဦးခန်းမှာ ထားပြီး အပူပင်မရှိ
လုပ်ကျွေး ပြုစုပါတယ်။ အိမ်ထောင်သည် သူ့သမီးအိမ်က ဘကြီးတို့
အိမ်နဲ့ ခြံချင်း ကပ်လျှက်ပါ။ ဘကြီးဟာ သူ့သမီးအိမ်မှာ ထမင်းစားချိန်
ရောက်မှ သွားစားလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာ သူ့အိမ်မှာသာ
နေလေ့ ရှိပါတယ်။

ဒီလိုနဲ့ တနေ့ကျတော့ ဆွေမျိုးတွေဆီကနေ သတင်းတစ်ခု ကြားရ
ပါတယ်။ ဘကြီးတို့ အိမ်ကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုစား
ထားလို့ ညဖက်ဆိုရင် ဘယ်သူမျှ နေလို့ မရဘူး၊ တအိမ်လုံး လှည်း
စီး နေရသလို တဒုန်းဒုန်းနဲ့ လှုပ်ရမ်းနေတဲ့ ပုံစံ ခံစား နေရတယ်လို့
ဆိုပါတယ်။ ဘကြီးကတော့ ပဲခူးတိုင်း၊ ဝေါမြို့နယ်အပိုင် ရွာတစ်ခုမှ
သူ့ သူငယ်ချင်းအလှူအိမ်ကို အလည်သွားနေခိုက်မှာ ပြဿနာ စ’ဖြစ်
တယ်လို့ ဆိုပါတယ်။ ဘကြီးမိန်းမ ကြီးကြီးကိုတော့ သမီးဖြစ်သူက
သူတို့အိမ်မှာပဲ လာနေဖို့ ခေါ်ထားကြောင်းနဲ့ ရွာထဲရှိ လူတွေကတော့
နေ့စဉ် ဘကြီးတို့အိမ်ရှေ့မှာ တရုံးရုံးဖြင့် ပွဲလာကြည့်သလို စည်းကား
နေကြောင်း ပြောပြပါတယ်။ အခုလည်း မြို့ပေါ်ရှိ အသိမိတ်ဆွေ
“ရွှေရင်ကျော်ဂိုဏ်း” မှ ဆရာတစ်ဦးကို ပင့်ထားတယ်လို့ ကြားရပါတယ်။

ဒါနဲ့ပဲ ကျနော်တို့ တမိသားစုလုံး အထူးအဆန်းတွေ ဖြစ်နေတဲ့ အမေ
ဖက်က ဆွေမျိုးတွေရှိရာ ရွာသို့ ချီတက်ကြပါတယ်။ ကျနော်တို့ ရွာ
ရောက်တဲ့ နေ့အထိ ဘကြီးကတော့ ရွာကို ပြန်မရောက်သေးပါ။
အဲသည့်ခေတ်က ရန်ကုန်မှာ အဝေးပြေးကားဂိတ်ဟာ လမ်းမတော်မြို့
နယ် လသာလမ်းမှာ ရှိပါတယ်၊ တနေ့ကုန် ဘတ်စ်ကားကို တအိအိ
နဲ့ စီးရပါတယ်။ ရွာကို ရောက်တော့ ဘကြီးတို့အိမ်ရှေ့ အ၀င်အ၀မှာ
အုန်းပွဲ ဌက်ပျောပွဲတွေ လေး …. ငါးပွဲကို ဖယောင်းတိုင်တွေ၊ အမွှေး
တိုင်းတွေ ထွန်းပြီး ပွဲပေးထားပါတယ်။ အညိုရောင်ဝတ်စုံ ၀တ်ထားတဲ့
လူကြီးတစ်ယောက်က ကြိမ်းလုံး တစ်ချောင်းကို လက်ထဲမှာ ကိုင်
ဆောင်ထားပြီး သူ့နံဘေးမှာ ကျနော်တို့ ဆွေမျိုးထဲမှ လူကြီး အတော်
များများ ရှိနေကြပါတယ်။ ထိုလူကြီးက ဘကြီးတို့ခြံထဲမှာ “ပုဏ္ဍက”
စီးနင်း တိုက်ခိုက်တာကို ခံနေရတယ်လို့ ပြောပါတယ်။

ဒါနဲ့ “ပုဏ္ဍက” ဆိုတာ ဘာလဲလို့ ရွာက အမေ့အကို ၀မ်းကွဲ
ဘကြီးတစ်ယောက် နံဘေး ကပ်ပြီး မေးကြည့်တော့ “သရဲ” ထက်
ကြီးတဲ့ “သဘက်” ပုံစံ “ဘီးလူး” လို့ ပြောပါတယ်။ ထို အညိုရောင်
ဝတ်စုံ ၀တ်ထားတဲ့ လူကြီးဟာ အထက်လမ်းဆရာဖြစ်ကြောင်း ပြော
ပြပါတယ်။ အဲဒီလူကြီးဟာ ပါးစပ်ကနေ ပွစိ ပွစိနဲ့ ဂါထာလား
ဘုရားစာလားဟု ဘယ်သူမျှ အသေအချာ မသိနိုင်တဲ့ အရာတွေကို
မကြားတကြားရွတ်ပါတယ်။ အဲဒီနောက် ဆန်တွေကို ဘကြီးခြံ
တစ်ခုလုံးကို ပက်ဖြန်းပါတော့တယ်။ သူ ဒီည ဒီအိမ်ထဲမှာ တညလုံး
ဘုရားစာရွတ်၊ အဓိဋ္ဌာန်ဝင်မှာ ဖြစ်ကြောင်း၊ အခု သူ ကြဲချထားတဲ့
ဆန်စေ့တွေဟာ နောက်တနေ့မနက် မိုးလင်းတာနဲ့ ခြံထဲရှိ တစ်နေရာ
မှာ သူအလိုအလျောက် စုပုံသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ အဲလို
စုပုံရောက်ရှိသွားတဲ့ နေရာကို ပေါက်တူးနဲ့ တူးဖော်ကြည့်လိုက်ရင်
ဘကြီးတို့ အိမ်ကို တိုက်ခိုက်ထားတဲ့ အစီအယဉ် “အင်း” ပြားတွေ
ထွက်လာမယ်လို့ ဆိုပါတယ်။

ဘကြီးတို့ ခြံနဲ့ ကပ်လျှက်မှာရှိတဲ့ ဘကြီးသမီး အိမ်ထောင်သည်
အမတို့အိမ်မှာ အိပ်ဖို့ ကျနော်တို့ ညီအကိုမောင်နှမတွေလည်း
အမေကို ဇွတ်အတင်း တောင်းဆို ရပါတယ်။ ရွာက ဆွေမျိုးတွေ
က သူတို့အိမ်တွေမှာ လိုက်ပြီး တည်းခိုဖို့ ကျနော်တို့ မိသားစု
ပြောပါတယ်။ ရွာရဲ့ သုံးပုံ တစ်ပုံဟာ အမေဖက်ကနေ ဆွေမျိုး
စပ်ရင် ဆွေရိပ်မကင်း မျိုးရိပ်မကင်းတဲ့ ဆွေမျိုးအရင်းအခြာတွေ
ဖြစ်ပါတယ်။ ပြောမရတဲ့ နောက်ဆုံးမှာ အမေလည်း ကျနော်တို့
ကလေးတသိုက်ကို လက်လျှော့ပြီး ဘကြီးသမီး အမတို့အိမ်
မှာ ညအိပ် တည်းခိုဖို့ သဘောတူလိုက်ပါတယ်။ ဖယောင်းတိုင်
မီးရောင်တွေ ထိန်းလင်းနေတဲ့ ဘကြီးအိမ် အပေါ်ထပ်က ဘုရား
ခန်းကို အမတို့အိမ် အပေါ်ထပ်ကနေ လှမ်းကြည့်ရင် မြင်နေ
ရပါတယ်။ ဘယ်အချိန်မှာ ဘာတွေ ထူးလာမလဲ၊ ဘာတွေ ဖြစ်
လာ မလဲလို့ ကျနော်တို့ စောင့်မျှော် နေခဲ့ကြပါတယ်။

ဘကြီးသမီး အိမ်ထောင်သည် လင်မယား ကျွေးမွေးဧည့်ခံတဲ့
မုန့်တွေကို စားလိုက်၊ ရောက်တတ်ရာရာတွေ ပြောလိုက်ဖြင့်
မအိပ်သေးပဲ ညဥ့်နက်ပိုင်းကို ရောက်လာပါတယ်။ ည(၁၀)
နာရီဆိုတဲ့ အချိန်ဟာ ရွာက လူအများစု အိပ်ပျော်တဲ့အချိန်
ဖြစ်ပေမဲ့ ကျနော်တို့ မြို့က လူတွေအတွက်တော့ မအိပ်သေးပဲ
နေလို့ ရပါသေးတယ်။ ရုတ်တရက် ရွာလမ်းတလျှောက်ဆီမှ
ခွေးအူသံတွေ ထွက်ပေါ်လာတော့ ကျနော်တို့လည်း ကြောက်ကြောက်
နဲ့ ဘကြီးအိမ်ဖက်ကို လှမ်းကြည့်လိုက်ပါတယ်။ ရေနံချေး ၀’နေတဲ့
နံဘေး နံရံတွေကြောင့် ညဖက်ကြည့်ရင် မဲမှောင်နေပါတယ်။ လရောင်
အောက်ကနေ နှစ်ထပ် ခြေတံရှည် ဘကြီးအိမ်ကို မြင်နေရတဲ့ ပုံစံဟာ
သရဲတစ်ကောင် ငုပ်တုပ် ထိုင်နေပုံနဲ့ တူနေပါတယ်။

ရုတ်တရက် လေတွေ တဝေါဝေါ တိုက်ခိုက်အပြီး ကျနော်တို့
မျက်စိရှေ့ရှိ ဘကြီးအိမ် ဘုရားခန်းက ဖယောင်းတိုင်းမီး အလင်း
ရောင်တွေ မမြင်ရတော့ပဲ အမှောင်အတိကျသွားပါတယ်။ မျက်စိ
ရှေ့မှာတင် ခြံထဲမှ လူနှစ်ယောက် အသံကုန် အော်ဟစ်ပြီး
ပြေးထွက်လာပါတယ် …
“အမလေးဗျ၊ ကယ်ကြပါအုံး … ကယ်ကြပါအုံး …”
“အမလေးဗျ၊ ကြောက်ပါပြီး ဗျ … ”

ကျနော်တို့ မောင်နှမတသိုက်လည်း ပြတင်းပေါက်နံဘေးကနေ
အမေအိပ်နေတဲ့ အိပ်ခန်းထဲကို ဘယ်လိုပြေးမိလို့ ဘယ်လို ရောက်
သွားမှန်းမသိ ပြေးဝင်ခဲ့ကြပါတယ်။ ဆယ့်ငါး မိနစ်လောက်ကြာတော့
လူသံတွေ ဆူဆူညံညံကြားမှ အပြင်ဖက်ရှိ ပြတင်းပေါက်နံဘေးကို
ပြန်လာခဲ့ကြပါတယ်။ ရွာထဲရှိ ဆွေမျိုးသားချင်း အကိုတွေရော၊ တခြား
ရွာသားတွေပါ လက်နှိပ်ဓါတ်မီးရောင်တွေ တဖွေးဖွေး၊ ဓါး လှံတွေ
တ၀င်းဝင်းနဲ့ ဘကြီးတို့ အိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြပါပြီ။
ဘယ်သူမျှ မရှိတဲ့ ဘကြီးတို့ခြံနဲ့ အိမ်ထဲကို လက်နှိပ်ဓါတ်မီးပေါင်း
များစွာနဲ့ ထိုးကြည့်နေကြပြီး သူ အထဲကို အရင်ဝင်မယ်၊ ငါ အထဲ
ကို အရင် ၀င်ကြည့်မယ်နဲ့ ပြောဆိုနေကြပါတယ်။ နောက်ထပ်
ခဏလောက်အကြာမှာ ရွာက ကောင်စီဥက္ကဋ္ဌ ရောက်လာပြီး
ခြံတံခါးကို ပိတ်လိုက်ဖို့နဲ့ ခြံထဲကို ဘယ်သူမျှ ပေးမ၀င်ဖို့ ပြောပြီး
တားမြစ်ကြပါတယ်။

မနက်မိုးလင်းချိန်မှာ ဘကြီးအိမ်ဝန်းထဲကို ရွာဦးကျောင်းက ဆရာတော်
ကြွလာပြီး ပရိတ်တရားတွေ ရွတ်ဖတ် ပါတယ်။ အဲဒီနေ့ နေ့လည်မှာ
ပဲ ကျနော်တို့ အချစ်တော် ဘကြီးတစ်ယောက် ပဲခူးမှာနေထိုင်တဲ့ သူ့
သူငယ်ချင်း အလှူကနေ ပြန်လည် ရောက်ရှိလာပါတယ်။ ဘကြီး
ပြန်ရောက်တယ် ဆိုရင်ပဲ ဆွေမျိုးတွေ၊ ရွာက လူတွေက သူ့အိမ်
ရဲ့ အဖြစ်အပျက်ကို ၀ိုင်းပြောကြပါတယ်။ သူ့သမီးဖြစ်တဲ့ အမတို့
လင်မယားက ဒီဖက်အိမ်မှာ လာနေဖို့ ပြောပါတယ်။ နေ့ခင်းဖက်
အမတို့အိမ်မှာ ဘကြီးနဲ့ ရွာက ဆွေမျိုးတွေ လူစုံတက်စုံ စကား
ဝိုင်း ဖြစ်ခဲ့ကြပါတယ်။

ဘကြီးတို့ စကားဝိုင်းကနေ ညက အဖြစ်အပျက်ကို ပြန်ကြား ရပါ
တယ်။ လွန်ခဲ့တဲ့ည ဘကြီးအိမ်မှာ အိပ်ခဲ့တဲ့ အထက်လမ်းဆရာဆိုသူ
နဲ့ ဆွေမျိုးတစ်ဦးတို့ ဖြစ်ပျက်ခဲ့ပုံက…
ရွာလမ်းမကြီးတလျှောက်က ခွေးအူသံတွေ ဆက်တိုက်ကြား
ရတယ်၊ ပြီးတော် လေတွေ တလဟော တိုက်လာပြီး ဘုရားစင်
က မီးတွေ ငြိမ်းသွားပါတယ်၊ မီးငြိမ်းသွားလို့ မီးခြစ်လာရှာတဲ့
အချိန်မှာ တအိမ်လုံး ရုတ်တရက် လှုပ်ရမ်းလာပါတယ်၊ ဒါနဲ့
ကြောက်ကြောက်နဲ့ အိမ်ပေါ်ကနေ အောက်ထပ်ကို ပြေးအဆင်း
အမှောင်ထဲကနေ နွားအော်သံ တစ်ခုကို ကြားလိုက်ရတယ်၊ လက်နှိပ်
ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တော့ အောက်ထပ် မြေကြီးထဲကနေ
နွားတစ်ကောင်ရဲ့ ဦးခေါင်းတစ်ခု ထိုးထွက်လာတာကို မြင်လိုက်
ရပါတယ်၊ အဲဒီ နွားခေါင်းကနေ အသံတွေ ထွက်နေသလို အိမ်
လည်း မြေငလျင် လှုပ်သလို ရမ်းနေတယ်လို့ ပြောပါတယ်။

ဘကြီးလည်း မျက်မှောင်ကျုပ်နေအောင် အချိန်တော်တော်ကြာ
စဉ်းစားနေပါတယ်။ ဆွေမျိုးတွေက တစ်ယောက် တစ်မျိုးစီဖြင့်
“အဘ၊ ရွာက ကောင်စီလူကြီးတွေ လယ်မလုပ်ဘဲနဲ့ အမတော်
ကြေး(ဘဏ်ချေးငွေ) ယူတဲ့ ကိစ္စအပေါ် မတရားဘူးလို့ ပြောတာ
တွေ၊ ငွေတိုးချေးတဲ့ သူဋ္ဌေးတွေ အကြောင်း နေ့စဉ်ပြောနေလို့
အခုလို့ အောက်လမ်းနည်းနဲ့ အတိုက်(ပြုစား)ခံရတာ ဖြစ်နိုင်
ကြောင်း” ၀ိုင်းပြောကြပါတယ်။

ညနေပိုင်းလောက်မှာ ကျနော်တို့ဘကြီး ရွာဦးကျောင်းဖက်ကို
ထွက်သွားပါတယ်။ တစ်နာရီလောက်ကြာတော့ အထုပ်တချို့၊
ရေပုလင်းတချို့နဲ့ ပြန်လည် ရောက်ရှိလာပါတယ်။ သူ့သမက်ဖြစ်တဲ့
အမ ယောက်ျား အပါအ၀င် လယ်စာရင်းဌား(လယ်ယာအလုပ်သမား)
တချို့ကို ဦးဆောင်ပြီး သူ့ခြံထဲကို သွားကြပါတယ်။ အဲဒီနောက် သူ့
အိမ်ရဲ့ အိမ်တိုင်းတွေ အားလုံးဘေးမှာ တရွင်းပြားတွေ ပေါက်တူးတွေ
နဲ့ တူးကြပါတော့တယ်။ အဲဒီနောက် ရွာဦးကျောင်း ယူဆောင်လာ
တဲ့ အထုပ်တွေ ရေပုလင်းတွေထဲကနေ ပစ္စည်းတချို့ကို အိမ်တိုင်
အားလုံးရဲ့ ပတ်ပတ်လည်မှာ လောင်းချကြပါတယ်။ အဲဒီနောက်
ကျနော်တို့ရှိရာ သူ့သမီးအိမ်ဖက်ကို ရောက်လာပြီး ဘော့ပန်တွေ၊
ခဲတံတွေ စာရွက်တွေနဲ့ ဘုရားစာအုပ်ထဲက ဘုရားစာတွေကို ကူးယူ
ပြီး ရေးဖို့ ပြောပါတယ်။ ကျနော်တို့ မောင်နှမတသိုက်က ဘာလုပ်
ဖို့လဲလို့ ၀ိုင်းမေးကြပါတယ်။ ဘကြီး အဖြေက ..
“ဆေးနွားကို အဆိပ်ခတ်မလို့”

အဲဒီနေ့ ညဖက်က စ’ပြီး ဘကြီးခြံနဲ့ အိမ်တို့မှာ ထူးထူးခြားခြား
ဖြစ်စဉ်တွေ ရပ်တန့်သွားပါတယ်။ နောက်တနေ့ မနက်မိုးလင်း
ချိန်မှာ ရွာထဲရှိ ဘကြီးလယ်မှာ အလုပ် လုပ်တဲ့ သီးခစား
လယ်သမားတစ်ယောက် ရောက်လာပါတယ်။ ရွာက ကောင်စီ
ဥက္ကဋ္ဌ ပိုင်ဆိုင်တဲ့ နွားတစ်ကောင် ဒီမနက်မှာ သန်သန်မာမာကနေ
ရုတ်တရက် ပျော့ခွေပြီး လဲကျသေဆုံးသွားကြောင်း ပြောပြ
ပါတယ်။ အဲဒီနောက် ဘကြီးနဲ့ သူ့လယ်သမားတို့ဟာ ဘကြီး
အိမ်ဝန်းဖက်ကို သွားရောက်ကြပါတယ်။ တော်တော်ကြာတော့
ဘကြီးတစ်ယောက် သူ့အိမ်ဝန်းထဲမှာ သစ်ရွက်ခြောက်တွေကို
စုပုံပြီး မီးရှို့နေပါတယ်။ ကျနော်တို့လည်း တဖက်ခြံဝန်းထဲက
နေ ဘာလုပ်နေသလဲလို့ လှမ်းမေးလိုက်တော့ သူက နွားရုပ်လေး
တစ်ရုပ်ကို ထောင်ပြ ပါတယ်။ အဲဒီနောက် သူ့လက်ထဲက အဲဒီနွား
ရုပ်လေးကို မီးပုံထဲကို ထည့်လိုက်ပါတယ်။

နေ့လည်ပိုင်း မရောက်ခင် ရွာဦးကျောင်းရဲ့ ဆွမ်းတန်းဟာ ဘကြီး
တို့ ခြံရှေ့ကနေ ကြွလာပါတယ်။ ဘကြီးက ဆရာတော်ကို သူ့ခြံ
ထဲ ပင့်ဖိတ်သွားပြီး ခဏနေတော့ ဆရာတော် ပြန်ကြွ သွားပါတယ်။
အဲဒီနောက် ခြံရှေ့ကနေ “ငါခြံမှာ ဘာကောင်မှ မရှိတော့ဘူး၊ ဘယ်သူ
ပြောလဲ “ပုဏ္ဍက” တိုက်တယ်လို့၊ မယုံရင်လာကြည့်ကြ ဒီညက စပြီး
ဘာကောင်မှ မရှိတော့ဘူး” လို့ ခြံရှေ့ ဖြတ်သွားသူ မှန်သမျှကို ပြော
ပြနေပါတယ်။ ညနေစောင်း သူ့ခြံထဲမှာ ရွာကလူတွေ တရုံးရုံးနဲ့ စည်း
ကားနေပါတယ်။ လူတွေ ၀င်လိုက် ထွက်လိုက် လာကြည့်နေကြလို့
ကျနော်တို့ ကလေးတသိုက်လည်း ဘကြီးခြံဖက်ကို သွားကြည့်
ကြပါတော့တယ်။ သူ့အိမ်အောက်ထပ် မြေကြီး တနေရာမှာ တွင်းတူး
ထားသလို ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ မေးကြည့်တော့
“ဆေးနွား” ကို တူးဖော်လိုက်တဲ့ နေရာလို့ ဘကြီးက ပြောပြပါတယ်။
ဒီလိုနဲ့ ညဖက် အမတို့အိမ်မှာ တည်းခိုနေတဲ့ ကျနော်တို့ မိသားစုထံ
ကို ဘကြီး ရောက်လာပါတယ်။ အဲဒီတော့မှ ကျနော်တို့လည်း သိချင်
တာတွေကို မေးခွင့် ရခဲ့ပါတယ်။

သူ့ခြံကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုလုပ်တယ်လို့ သူလည်း
ယူဆ ခဲ့ကြောင်း၊ သူ့အိမ်မှာ လာအိပ်သွားတဲ့ ပရောဂ ကုတဲ့ဆရာတို့
မြင်တွေ့ခဲ့ပုံကို သူ စဉ်းစားကြည့်ပြီး “ဆေးနွား” လို့ ခေါ်တဲ့ ပရောဂ
နည်းနဲ့ လုပ်တာဖြစ်လိမ့်မယ်လို့ သူ ယူဆခဲ့ကြောင်း၊ ဒါကြောင့် ရွာဦး
ဘုန်းကြီးကျောင်းက ဆွမ်းဆန်အနည်းအကျဉ်းကို ဆရာတော်ထံမှ အလှူ
ခံခဲ့သလို ဘုန်းကြီးကျောင်း ဘုရားစင်မှ သောက်တော်ရေ အဟောင်းတွေ
ကို စွန့်ပြီး ပုလင်းထဲ ထည့်ယူလာခဲ့ကြောင်း၊ အဲဒီနောက် အဲဒါတွေကို
အိမ်တိုင်အားလုံးရဲ့ ပတ်ပတ်လည်မှာ မြေကြီးကို နည်းနည်းချင်စီ တူး
ဆွပြီး လောင်းထည့်ခဲ့ကြောင်း၊ သူ့အိမ်အောက်ထပ် အလယ်တစ်နေရာ
မှာ ကောက်ရိုးတွေ စုပုံပြီး ကျနော်တို့ ကူးရေးပေးတဲ့ ဘုရားစာ စာရွက်
တွေကို ကောက်ရိုးပုံမှာ ထည့်ခဲ့ကြောင်း၊ မနက်မိုးလင်းချိန် အဲဒီကောက်ရိုး
တွေ ထားခဲ့တဲ့ နေရာကို ပေါက်တူးနဲ့ တူးကြည့်လိုက်တော့ နှီးနဲ့ ရက်လုပ်
ထားတဲ့ နွားအရုပ်လေး တစ်ခုကို တွေ့ရကြောင်း၊ ဒါနဲ့ မီးဖိုပြီး အဲဒီ နွားရုပ်
လေးကို မီးရှို့ပြစ်ခဲ့ကြောင်း သူက ပြောပြပါတယ်။

ဒါနဲ့ ကျနော်တို့က အဲဒီ ဆေးနွားအကြောင်းကို မေးကြည်တော့ …

ရွာမှာ မီးမဖွားနိုင်လို့ သေဆုံးပြီး အသုဘဖြစ်လာရင် မီးသင်္ဂြိုလ်လေ့
ရှိကြောင်း၊ အဲလိုမီးသင်္ဂြိုလ်တဲ့ အခါ အသုဘရုပ်ကောင်ရဲ့ ခန္ဓာကိုယ်
ကို မြန်မြန် ပြာဖြစ်အောင် ပြုလုပ်ရကြောင်း၊ အဆီပြင်တွေကို ၀ါးနဲ့
ထိုးဖောက်ရကြောင်း၊ အဲဒီ ၀ါးလုံးကို အောက်လမ်းဆရာတွေ အသုံး
ပြုလို့ မရအောင် ရွာဦးကျောင်းမှာ သိမ်းဆည်းလေ့ရှိကြောင်း၊ အဆိုပါ
ဝါးလုံးကို အောက်လမ်းဆရာတချို့က ခိုးယူပြီး နှီး ဖြစ်အောင်
အရင် ယက်ရကြောင်း၊ နှီး ဖြစ်လာတဲ့ အခါ အဲဒီ နှီးနဲ့ နွားရုပ်လေး
တစ်ရုပ်ဖြစ်အောင် ပြုလုပ်ရကြောင်း၊ နွားရုပ်လေး လုပ်ပြီးချိန်မှာ
အသက်သွင်းပေးရကြောင်း၊ တကယ့် နွားအစစ်နဲ့ အတူ လ’ပေါင်း
များစွာ အတူ ထားရကြောင်း၊ အဲဒီနောက် အောက်လမ်းဆရာ
တွေက သူတို့ ဒုက္ခပေးချင်တဲ့ အိမ်တစ်အိမ်ရဲ့ အပြင်ဖက်က
ဖြစ်စေ … အတွင်းထဲ လာပြီး ဖြစ်စေ အဲဒီ နွားရုပ်ကို ပို့ဆောင်
ပေးရကြောင်း၊ ထို့နောက် သူနဲ့ အတူ ရှိခဲ့ဘူးတဲ့ နွားအစစ်ကို လှည်း
တစ်ခုမှာဖြစ်စေ … ငြိမ်ငြိမ်မနေနိုင်အောင် ဖြစ်စေ လုပ်ဆောင်ပေး
ပါက အလားတူ အောက်လမ်းပညာဖြင့် ပြုလုပ်ထားသော ဆေးနွား
လည်း သောင်းကျန်းလေ့ရှိကြောင်း ရှင်းပြပါတယ်။

“ဒါဆို အခု ဒုက္ခပေးနေတဲ့ နွားရုပ်လေးကို မီးရှို့လိုက်ရင်
ပြီးသွာပြီလား ….”
လို့ ကျနော်တို့ မေးအကြည့်မှာ …
ဘကြီးက …
“အဲဒီ ဆေးနွားကို မီးရှို့လိုက်တော့၊ သူနဲ့ အတူ အသက်သွင်း
ရာမှာ အသုံးပြုခံရတဲ့ တကယ့်နွားလည်း သေသွားတယ်ကွ ..”
ဟု ပြန်ဖြေပါတယ်။

ရုတ်တရက် ကျနော်တို့က …
“ဒါဆို မနက်က ကောင်စီ ဥက္ကဋ္ဌအိမ်က နွား သေသွားတယ်
ဆိုတော့ ဥက္ကဋ္ဌက အောက်လမ်းဆရာ လား …”
လို့ မ၀င့်မရဲနဲ့ မေးလိုက်ချိန်မှာ ဘကြီးပါးစပ်က ..
“အင်း …..”


(ပြီးပါပြီ။)


12 comments:

ရွှေရတုမှတ်တမ်း said...
22 January 2010 00:42  

ကိုအောင်ရေ...ဆေးနွားကိုမြင်ဖူးတယ်
အသက်တော့မရှိဘူး..

နှင်းဟေမာ said...
22 January 2010 02:11  

စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ဆေးနွးဆိုတာလေးကို အပြင်မှာ မြင်ဘူးချင်တယ်း) သရဏဂုံရဲ့အစွမ်းထက်မြတ်မှုကလည်း အံမခမ်းပါပဲလို့ တွေးလိုက်မိတယ် ...။ အိမ်၇ှင် ဘကြီးကလဲ အလွန်လေးစားစရာပါပဲ ...။

Anonymous said...
22 January 2010 02:12  

ဖတ်လို့ကောင်းတယ်.

အဲဒါမျိုးတွေတအားကြိုတာ ဖြစ်ရပ်မှန်ဖြစ်ရပ်မှန်

များများရေးပေးပါ

မြတ်နိုး

မေဓာဝီ said...
22 January 2010 02:44  

ကိုအောင်က အောက်လမ်းတွေ သရဲတွေ ရေးလို့လားမသိဘူး။ ကိုအောင့်ဘလော့ကို ၀င်ရတာ တော်တော်ကြာတယ်။ (တကယ်တော့ ကျမဆီက ကွန်နက်ရှင်နှေးနေတာ နေမှာ)ကွန်မန့်ရေးမလို့ နှိပ်လိုက်ရင်လဲ အယ်ရာဖြစ်သွားပြန်ရော။ အိုင်အီးနဲ့ ၀င်လိုက် ဖိုင်းယားဖောက်စ်နဲ့ ၀င်လိုက်နဲ့ ၄ ကြိမ်မြောက် ကြိုးစားပြီးမှ ရသွားပါတယ်။
ထူးထူးဆန်းဆန်း ကိုယ်တွေ့လေးတွေပဲနော်။ စိတ်ဝင်စားစရာ အရမ်းကောင်းတယ်။ အခန်းဆက် မရေးဘဲ တခါထဲ အပြီးတင်ပေးတာလဲ ကျေးဇူးတင်ပါတယ်ရှင်။

နယုန် said...
22 January 2010 03:22  

ဖတ်လို့ကောင်းတယ်အကိုရေ...။
စိတ်ဝင်စားစရာဘဲဗျာ

sweetpeony said...
22 January 2010 04:38  

ဒါမျိုးတွေ တကယ်ရှိသကိုးးးး

SuuChit said...
22 January 2010 06:34  

ကိုအောင် ဘလော့ကို ညမဖတ်ဘူး။ နံနက် ရုံးရောက်မှ ဖတ်တယ်...
း-)

Upasaka said...
22 January 2010 12:36  

ကိုအောင်ရေ ရောက်တယ်ဗျာ ဒါမျိုးတွေက အခုထိရှိနေတုံးပါ မယုံသူတွေ ဆိုတာက မကြုံဘူးသေးလို့ ပါဗျာ။

TNS said...
22 January 2010 16:01  

ကိုအောင်..
အခုလိုစာတွေ ဖတခွင့်ရတာ ...
ကျေးဇူးတင်ပါတယ်..
ကျနော်အတွေ့ အကြုံတွေကို ရေးချင်ပေမယ့် လူမယုံနိုင်စရာတွေ ဖြစ်နေလို့  ..ရေးမတင်တာ..။
အခုတော့ ကို အောင်ရယ်...ရွှေရတုမှတ်တမ်းက
ကိုကို ကျောက်ရယ် အဖော်ရှိလာပြီဆိုတော့.....း)

ကလူသစ် said...
23 January 2010 11:21  

ကြုံဖူးပေါင်မို့ ဖတ်ဖူးအောင် ဖတ်သွား၏

Younggun said...
23 January 2010 16:54  

ကောင်းဗျာ..။ ငယ်ငယ်က ဖတ်ဖူးပြီး နောက်ပိုင်း လုံးဝ မေ့လျော့နေတဲ့ ဆေးနွားအစီအရင်ကို ပြန်သတိရမိသွားတယ်။ ဆေးနွားရယ် ခုနှစ်စဉ်တိုက်ရယ်.. အောက်လမ်းတော့ အောက်လမ်းပဲ ဒါပေမယ့် ပညာက ပညာပါပဲ။ စိတ်ဝင်စားစရာကောင်းတယ်ဗျာ။

A said...
24 February 2010 17:36  

ကောင်းလိုက်တဲ့အဖြစ်အပျက်လေးပဲ ။ကျွန်တော်တို့ကသိချင်ရင်စာကြည့်တိုက်တွေမှာ စာအုပ်အဟောင်းဖြစ်ရပ်မှန်တွေကိုရှာဖက်ရတာ ကျေးဇူးတင်တယ်ဗျာ ။အခုလိုရာစုနှစ်တွေမှာ ဒီလိုဖြစ်စဉ်တွေမကြားရတော့ စာဖက်လိုက်ရတော့မျက်လုံးထဲမှာမြင်ပြီးတမျိုးပဲခံစားရတယ် မိုက်တယ်ဗျာ........။

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile