ရန်ကုန် ကျဆုံးခန်း



ကဗျာမဟုတ်ပါဘူး ညီလေးရေ
မင်းအတွက် ပြောတာပါ ….။

နေကြတ်ချိန်မှာ ရေငတ်မပြေတဲ့ ညီလေးရေ
တုပ်ကွေးတွေက ခေတ်မကုန်သေးဘူး
ကျီးကန်ပါးစပ်လို ဖြဲပေးထားတဲ့
ခေတ်မဟုတ်ဘူး ညီလေးရေ
ငါးစာချပြီး ငါးမျှားနေကြတာ …။

ဓါတ်ဆီလောင်းပြီး ဆန္ဒပြမယ်လို့
ကြွေးကြော်ခဲ့တဲ့ ဦးအောင်ကြီးသမိုင်း
လာမမေးနဲ့တော့ ညီလေးရေ
စင်ပေါ်မှာပဲ
မိုက်ကရိုဖုန်းတွေ ရှိတယ်ကွ ….။

မျက်မမြင်တွေ ပြုစုပေးတဲ့
ဆာကူရာတာဝါပေါ်က အနှိပ်ခန်းထဲမှာ
အနားယူနေသလား ညီလေးရေ
သိန်းရှစ်ထောင်တန် မြေကွက်မှာ
မိုးဟေကိုတို့ အနိုင်ရသွားပြီ ….။

သိန်းနှစ်ထောင်ငါးရာ ကုန်ခဲ့တဲ့
အိန္ဒြာကျော်ဇင်ရဲ့ အရိပ်ကို
ကြည့်နေသလား ညီလေးရေ
လစာ နှစ်သိန်းခွဲရဖို့
သတင်းများများ ရေးနိုင်ပါစေ …။

သီရိပျံချီတေဇနဲ့ ဇော်ဇော်တို့ဆီမှာ
ဘောလုံးပွဲအဖြေ
မဗျူးနဲ့နော် ညီလေးရေ
SANYO ကိုလှမြင့်နဲ့ သူ့ညီ SONY ကိုအောင်သာလှတို့ဆီမှာ
အရင်မေးကြည့်ပါ ….။

တွံတေးစိုးအောင်နဲ့ ဗေလုဝတို့
ကောင်းစားနေတဲ့ ဒီခေတ်မှာ
အိမ်အပြန် ဆန်ဝယ်ဖို့
သတိရပေးပါ ညီလေးရေ
ရန်ကုန်ဟာ ကျဆုံးခဲ့ပါပြီ ….။

ကဗျာမဟုတ်ပါဘူး ညီလေးရေ
မင်းအတွက် ပြောတာပါ …။ ။


-စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ ကိုလှမြင့်နှင့် ကိုအောင်သာလှ ညီအကို မတော်စပ်ပါ။)


16 comments:

တေဇာ said...
23 January 2010 21:34  

ကြိုက်ပါတယ်။း)

ရွှေရတုမှတ်တမ်း said...
23 January 2010 22:14  

ကိုအောင်ရေ..ကျဆုံးယုံမက..ဗုံးဗုံးလဲရှာပြီ

မေဓာဝီ said...
23 January 2010 22:20  

ရန်ကုန်ကျဆုံးခန်း ဖတ်ပြီး ကျားပေါက်သီချင်းကိုတောင် သတိရမိတယ်။
ကျမကတော့ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတာမို့ ရန်ကုန်ကို ချစ်ပါတယ်။ ဒဏ်ရာအထပ်ထပ်နဲ့ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ ရန်ကုန်မြို့ကြီးကို မကျဆုံးစေချင်ပါဘူး။ ဒါပေမဲ့လဲ ....

Nge Naing said...
24 January 2010 02:23  

ကိုအောင်ရေ လာဖတ်သွားပါတယ်။ ရန်ကုန်ကို မရောက်ဖူးပေမဲ့ ရန်ကုန်ကို အရင်က စာပေးတွေမှာ တင်စားတဲ့အခြေအနေတွေနဲ့ အခုဖြစ်နေတဲ့ သတင်းထဲက အခြေအနေတွေကို နှိုင်းယှဉ်ပြီး ကွာခြားမှုကို ခန့်မှန်းလို့ ရပါတယ်။

ဆောင်းယွန်းလ said...
24 January 2010 05:30  

ကြိုက်တယ် ကိုအောင်ရေ့

နွေဆူးလင်္ကာ said...
24 January 2010 12:51  

ကဗျာ လာဖတ်ပါတယ်ဗျာ။ ရန်ကုန် အသစ်တဖန် ပြန်လည်မွေးဖွားလာမှာပါဗျာ။

ဆောင်း said...
24 January 2010 21:05  

ီခေါင်းစဉ်ကြည့်ပြီး လန့် သွားတာဘဲ

နှင်းဟေမာ said...
25 January 2010 04:11  

အစ်ကိုရေ..ရန်ကနု ကျဆုံးခန်းလေး လာဖတ်တယ်...
အရမ်းကောင်းတယ်
ခင်မင်လေးစားလျှက်
ညီမလေး

နှင်းဟေမာ said...
25 January 2010 04:11  

အစ်ကိုရေ..ရန်ကနု ကျဆုံးခန်းလေး လာဖတ်တယ်...
အရမ်းကောင်းတယ်
ခင်မင်လေးစားလျှက်
ညီမလေး

Anonymous said...
26 January 2010 03:14  

ရန်ကုန်ကျဆုံးခန်း လာဖတ်ပါတယ်၊ ကြိုက်ပါတယ်။ ဟောင်းနွမ်းနေတဲ့ တိုက်အို တွေ ရဲ့ ဓါတ်ပုံ ကလည်း ခေါင်းစဉ် နဲ့ တည့်တည့်ဘဲ...

ခင်မင်စွာဖြင့်
Chinniah

ကြယ်ပြာ said...
27 January 2010 10:26  

ကိုမိုးလှိုင်မြင့်ဘလော့မှာ ရန်ကုန်ကဗျာတွေအများကြီးဖတ်ဖြစ်တယ် ...
ခုလဲ ကိုမျိုးဦးဥာဏ်ဘလော့ကိုသွားရင်း ရန်ကုန်ကျဆုံးခန်းဆိုလို့ ရောက်လာခဲ့တာ .. ရန်ကုန်အကြောင်းဖတ်ရတိုင်း စိတ်ထဲဝမ်းနည်းသလိုခံစားရတယ် ... ရန်ကုန်မြို့လေးကို သနားလိုက်တာ ...း(

ခြေလှမ်းသစ် said...
27 January 2010 23:13  

ရန်ကုန်ကို ကျဆုံးအောင် သူတို့တွေက တမင် ဖန်တီး နေတာပါဗျာ ... ကျဆုံးသွားအောင်လည်း နေပြည်တော် ကို ဖန်တီးခဲ့တာလေ .. ထားလိုက်ပါ ရန်ကုန်ကို ကျားကန် ပေးထားမဲ့ မျိုးဆက်သစ်တွေ ပေါ်လာမှာပါ ..

Younggun said...
28 January 2010 12:29  

ဖတ်သမျှကဗျာထဲမှာ ဟတ်ကို တန်းထိတယ်ဆိုတာ ဒါမျိုးကဗျာပေါ့။ ဖတ်ရင်းနဲ့ အပေါ်စီးကနေ ရန်ကုန်ကို ငုံ့ကြည့်လိုက်တာ ရန်ကုန်က ကိုယ့်ကို ဖိနပ်နဲ့ နင်းချသွားတယ်ဗျာ။ တော်သေးတယ် ဖိနပ်မှာ ခွေးချေးမပါလို့။ တောက် !!!!

မေ said...
28 January 2010 13:48  

အကိုအောင်ရေ..တော်တော့်ကိုကောင်းတဲ့
ကဗျာလေးပါ..ဖတ်ရတာနဲ့မြင်ရတာကွက်
တိကျလွန်းလို့အကိုဘယ်လိုများလာရေး
လိုက်သလဲတောင်တွေးမိတယ်....

မေအိခင်(လယ်ဝေး) said...
29 January 2010 16:55  

နေပြည်တော်ကျဆုံးခန်း တွေ့ မြင်ချင်လှပါပြီ

laminkhin said...
29 January 2010 16:57  

နေပြည်တော်ကျဆုံးခန်း ဆက်ရန်

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile