နတ်ကြီးတဲ့ သစ္စာ



*မိုဘီဂျီနိုတွေ
နှင်းဆီရင်ခွင်မှာ က’တဲ့ ည
*ဘိဂျင်နရေးရှင်းတွေ
မိတ္ထီလာကန်မှာ ဖား’ရှာတဲ့ ည
ခွက်မရှိသူတွေ
သဘက်နဲ့ တောင်းနေရတဲ့ ည
သောင်ပြင်ပေါ်ကို
ငါတို့ပြေးထွက်ခဲ့တဲ့ ည
သစ္စာရေ
အဲဒီညက မည်းမည်းမှောင်လို့ …။

*မိုဘီဂျီနိုအတွက် သစ္စာလား
*ဘိဂျင်နရေးရှင်းအတွက် သစ္စာလား
အောင်ပင်လယ်မှာ ရေရှိသလား
အင်းစိန်ထောင်က ဦးစောကောင်းမှု ရုပ်ပွားတော်ဟာ ပြုံးနေသလား
ကြိုးကျစ်ပုတီးစေ့တွေကို သီမှာလား
သစ္စာတရားကို တည်မှာလား
အတ္တတွေနဲ့ ဆွဲနေသလား
ဂိုဏ်းဂဏတွေနဲ့ ကွဲနေသလား
သစ္စာရေ
မင်းကိုယ် မမြင်ရဘူး …။

မိတ္ထီလာကန်မှာ ဖားမရှိသလို
အောင်ပင်လယ်မှာ ရေတွေခန်းတဲ့ ည
မြကန်ရှိတဲ့အရပ်
မြေပုံထဲက ပျောက်သွားတဲ့ ည
ငါတို့ရဲ့ခြေထောက်တွေက
ငါတို့ကို ပြန်လည်ခိုးယူသွားတဲ့ ည
သစ္စာဆိုတာ
တကယ်ရှိသလား …။


-စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။
*မိုဘီဂျီနို= mobile generation
*ဘိဂျင်နရေးရှင်း= beat generation )

11 comments:

မေဓာဝီ said...
31 January 2010 20:43  

နတ်ကြီးတဲ့ သစ္စာ တဲ့လား... ခေါင်းစဉ်ကို သဘောကျလိုက်တာ။

သမုတိသစ္စာ ... ပရမတ္ထသစ္စာ ...
လောကသစ္စာ နဲ့ ဓမ္မသစ္စာ ...
တကယ်မရှိတဲ့ သစ္စာနဲ့ တကယ်ရှိတဲ့သစ္စာ ...
သစ္စာလို့ တွင်တွင်သုံးရင် သစ္စာမရှိတော့တဲ့ သစ္စာတွေ ...
သစ္စာအကြောင်း စဉ်းစားရင်း မူးလာတယ်။
သစ္စာဆိုတာ တကယ်ပဲ နတ်ကြီးပါတယ် ကိုအောင်ရေ ... ။

ရွှေရတုမှတ်တမ်း said...
31 January 2010 21:58  

ဖားထွက်ရိုက်မလားလို့..သစ္စာလေးပါးကိုနားမလည်သေးလို့

Zaw Myo Lwin said...
1 February 2010 01:01  

တသသ မဟုတ်သော်လည်း ခဏခဏ သတိရပါ။ အခါခါ မဟုတ်သော်လည်း မကြာမကြာ စာရေးပါ။ ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေ။

Zaw Myo Lwin said...
1 February 2010 01:01  

တသသ မဟုတ်သော်လည်း ခဏခဏ သတိရပါ။ အခါခါ မဟုတ်သော်လည်း မကြာမကြာ စာရေးပါ။ ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေ။

Nge Naing said...
1 February 2010 08:22  

ကိုအောင်ရေ ကဗျာလာဖတ်သွားပါတယ်။

မိတ္ထီလာကန်မှာ ဖားမရှိသလို
အောင်ပင်လယ်မှာ ရေတွေခန်းတဲ့ ည
မြကန်ရှိတဲ့အရပ်
မြေပုံထဲက ပျောက်သွားတဲ့ ည
ငါတို့ရဲ့ခြေထောက်တွေက
ငါတို့ကို ပြန်လည်ခိုးယူသွားတဲ့ ည
သစ္စာဆိုတာ
တကယ်ရှိသလား …။

ဒီအောက်ဆုံးပိုဒ်လေးကိုတော့ ကောင်းကောင်းနားလည်တယ်။ ကျန်တာတော့ သွယ်ဝိုက်တာ များလို့ သိပ်နားမလည်ဘူး။

နွေဆူးလင်္ကာ said...
1 February 2010 13:06  

လူမှာ ဂတိ မင်းမှာ သစွာ .... ပုံပြင်ထဲမှာ ......

TNS said...
1 February 2010 20:07  

တော်တော်လှတဲ့  စုတ်ချက်တွေဘဲ...
ကိုအောင်ရေ..။

စုတ်ချက်တွေ သစ္စာပျက်တဲ့ အခါ
ပန်ချီကားတွေဟာ ဈေးကွက်ပျက်တော့တာဘဲ။

ယောနက်သန် said...
3 February 2010 10:06  

ကိုအောင်ရေ ကဗျာ ဖတ်သွားပါတယ်။

YoungGun said...
3 February 2010 16:09  

သစ္စာ တဲ့လား.. မတွေ့တာကြာပြီ ဖြစ်တဲ့ စာလုံးလေးပေါ့ အစ်ကိုရေ

တေဇသူရ)A.B.S.D.F ကိုယ်ပိုင်အမှတ် (102113) said...
8 February 2010 08:58  

ခေါင်းစဉ်တော့ မတပ်တော့ဘူး
(တေဇသူရ)A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)

သူငယ်ချင်းရေ
ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
ရှေ့တန်းမှာ တိုက်ပွဲတွေက
ပြင်းထန်ကြမ်းတမ်းနေတော့
နောက်တန်းစစ်စခန်းကဘဲ
သက်လုံစိတ်ချရတဲ့အချိန်မို့။

သူငယ်ချင်းရေ
ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
ကျဆုံးအလောင်း သွားရေတော့မယ်၊
ရန်သူအလောင်း ဘယ်နှစ်လောင်း
မိမိဘက်က ဘယ်နှစ်လောင်း၊
ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
ဘယ်နှစ်လောင်း
နောက်တည့်တည့်က မိမိကျည်နဲ့
ဘယ်နှစ်လောင်းပေါ့။

အမေရိကန်အစိုးရကလည်း
ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
ငွေလုပွဲမှာ အနိုင်ရဖို့
ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
ဒါပေမဲ့ သူတို့မသိတာက
ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
အရမ်းကို ကြမ်းနေရမ်းနေတော့
ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
ထမိန်တွေ မအုပ်မိအောင်လည်း
ဂရုစိုက်နေရသေး။

ဝေဟင်မှာထမိန်တွေကလည်း
ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
ထမိန်အုပ်ခံ ထမိန်အောက်
စကတ်အုပ်ခံ စကတ်အောက်
ရောက်သွားတာလည်း မနည်းတော့ဘူး။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
လူအင်အားသာမရှိတာ
အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။

သူငယ်ချင်းရေ
မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။

တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။
A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)

ဒူကဘာ said...
8 February 2010 20:28  

ခေါင်းစဉ် သဘောကျတယ်။ နာမည် ပေးပုံလေးပေါ့။

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile