လူ့ဘ၀ထဲ ၀င်လာသူ (ပထမပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

ဒီနေ့ (၁၂.၂.၂၀၁၀) ကျနော်တို့ အတန်းရဲ့ စာသင်ခန်းမှာ
၁၉၉၈ ခုနှစ် ဒိန်းမတ်နိုင်ငံ အောဟူးစ် (Århus) မြို့က ကလေး
ငယ်တစ်ဦး၏ မိသားစုဘ၀ အဖြစ်အပျက် မှတ်တမ်းတင် ဗွီဒီယို
ကို ပြသပါတယ်။ ကလေးအမည်က ဒိန်းမတ် ဘာသာစကားနဲ့
ယောန်လ် (Jørn) ဖြစ်ပြီး မိဘနှစ်ပါးကတော့ မိခင်ဖြစ်သူ အမ်နီ
(Anni)နှင့် ဖခင်ဖြစ်သူ ဗျာနား (Bjarne) တို့ ဖြစ်ပါတယ်။



ယောန်လ် ကို မွေးဖွားခဲ့တဲ့ မိဘနှစ်ပါးစလုံးဟာ သာမန်လူတွေ
လို ကျန်းမာရေး အခြေအနေ မရှိပါဘူး။ သူတို့နှစ်ဦးစလုံးဟာ
အသိဥာဏ်ချို့ယွင်းတဲ့ စိတ်ရောဂါ ဝေဒနာသည်တွေ ဖြစ်ပါတယ်။
ကိုယ်ဝန်အရင့်အမာ ဖြစ်လာချိန်ရောက်မှ ဒေသဆိုင်ရာအုပ်ချုပ်ရေး
ကောင်စီနဲ့ ကျန်းမာရေး တာဝန်ခံ ဆရာဝန်တို့ကို အသိပေးခဲ့ပါတယ်။
ကလေးမွေးမယ့် မိဘနှစ်ပါးစလုံးဟာ လက်ထပ် ပေါင်းသင်းထား
သူတွေ မဟုတ်ပါဘူး။ Living together အဆင့်ကနေ ကိုယ်ဝန်ယူ
ခဲ့ကြပါတယ်။ ဒီလိုနဲ့ဘဲ နိုင်ငံတော်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့
ကလေးကို မွေးဖွားခဲ့ပါတယ်။ စိတ်ရောဂါ ဝေဒနာသည် မိဘနှစ်ပါး
နဲ့ ကလေးငယ်ကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် နိုင်ငံတော်
က ငွေအမြောက်အများ အကုန်ခံ ဆောင်ရွက်ပေးပါတယ်။

ကလေးမွေးဖွားပြီးခါစမှာ စိတ်ရောဂါသည် မိဘနှစ်ပါးက ကလေး
ကို အလယ်မှာ ထားပြီး အဖေဖြစ်သူက ဂိမ်းဆော့ပါတယ်။ အမေ
ဖြစ်သူကလည်း ကလေးပါးစပ်ထဲကို နို့မတိုက်ဘဲ သူ့လက်ညှိုး
ဇွတ်အတင်း ထိုးထည့်ပါတယ်။ ကလေးမီးဖွားပြီးခါစမှာ သူတို့
မိသားစုအတွက် ကျန်းမာရေး ၀န်ထမ်းကို နေ့ရော ညပါ အနည်း
ဆုံး နှစ်ဦးကနေ သုံးဦးအထိ ထားပေးရပါတယ်။ မွေးဖွားပြီးလို့
(၆)ပတ်အကြာမှာ ဖခင် ဗျာနားနှင့် မိခင် အမ်နီတို့ မင်္ဂလာဆောင်
ပါတယ်။ ခြောက်လ အကြာမှာ သူတို့နှစ်ဦး ကွာရှင်း ကြပါတော့တယ်။

ခြောက်လသားအရွယ် ယောန်လ် (Jørn)ကို နိုင်ငံတော်က မိဘမဲ့
ဂေဟာမှာ ဆက်လက်စောင့်ရှောက်ဖို့ ဆုံးဖြတ်ပါတယ်။ တစ်ပတ်ကို
မိခင်ဖြစ်သူ အမ်နီ (Anni)နဲ့ သုံးကြိမ် အတူတကွ တွေ့ဆုံဖို့ ဆုံးဖြတ်
ပါတယ်။ ဒါကို လက်မခံတဲ့ မိခင်ဖြစ်သူက စေတနာဝန်ထမ်း လူမှုအဖွဲ့
အစည်း အကျိုးဆောင်တွေထံ ငိုယိုတောင်းပန်းပါတယ်။ စေတနာ
ဝန်ထမ်း အကျိုးဆောင်တွေက ကလေးငယ်ကို စိတ်ရောဂါသည်
မိခင်နဲ့ အတူပေးနေဖို့ နိုင်ငံတော်ကို ပြင်းပြင်းထန်ထန် တောင်း
ဆို ခဲ့ကြပါတယ်။ ကလေးသူငယ် တရားရုံးက နေ့စဉ် သုံးနာရီခန့်
ကလေးငယ်နဲ့ မိခင်ကို အတူတကွရှိဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို
လက်မခံတဲ့ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အမ်နီဟာ
ရှိုက်ကြီးတငင်ငင် ငိုကြွေးပါတော့တယ် …။

ကျနော်တို့ စာသင်ခန်းထဲရှိ ဒိန်မတ်လူမျိုး ကျောင်းသား ကျောင်းသူ
တွေက မှတ်တမ်းတင်ဗွီဒီယိုခွေ ပြသမှုကို ပိတ်ပြစ်ဖို့ ဆရာကို
ဝိုင်းပြောကြပါတယ်။ သူတို့ တော်တော်လေး စိတ်ထိခိုက်နေပုံ ရပါ
တယ်။ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အမ်နီ (Anni)ရဲ့
ငိုကြွေးမှုကို သူတို့နှလုံးသားတွေက ခံနိုင်ပုံ မပေါ်ပါဘူး၊ တချို့
ကျောင်းသူတွေဟာ သူတို့ရဲ့ မျက်လုံးနှစ်ဖက်ကို လက်ဝါးတွေနဲ့
ကွယ်ဝှက်ကြပါတယ် …။ ဆရာက ပြသမှုကို ခဏရပ်ပြီး ဆယ်မိနစ်
ခန့် အနားယူဖို့ ပြောပါတယ်။ အနားယူချိန်မှာ ဆရာက ကျနော်တို့
တစ်ဦးချင်းစီ နံဘေးကို ရောက်လာပြီး “ဒီပြဿနာကို ဘယ်လိုထင်လဲ”
လို့ အလွတ်သဘော လိုက်မေးပါတယ်။

စာသင်ခန်းရဲ့ မျက်နှာကြပ်ကို မော့ကြည့်ပြီး လွန်ခဲ့တဲ့ (၁၄)နှစ်လောက်
က အဖြစ်အပျက်တစ်ခုကို ကျနော် ပြန်သတိရမိပါတယ်။

ယခုလက်ရှိ နိုင်ငံရေးအကျဉ်းသားအဖြစ် မတရား ထောင်ဒဏ်ကျခံနေ
ရတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဟာ မြန်မာနိုင်ငံအလယ်ပိုင်းက
နယ်မြို့တစ်မြို့ရဲ့ အပိုင် ကျေးရွာတစ်ရွာမှာ တာဝန်တချို့နဲ့ ခေတ္တ
နေထိုင်ခဲ့ပါတယ်။ သူ ခေတ္တ နေထိုင်ရာ အဲဒီရွာကို သွားရောက်ဖို့
ကျနော်နဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက ကျောင်းသားတစ်ဦး
ဟာ ခရီးထွက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ခရီးသွားခါနီး ကျနော့်လက်ပတ်
နာရီဟာ ဓါတ်ခဲကုန်သွားပါတယ်။ ဒါနဲ့ ဆယ်တန်းအောင်ခါစ ရန်ကုန်၊
သိမ်းကြီးဈေးကုန်တိုက် ပလက်ဖောင်းမှ ငွေ (၅၀)ကျပ်နဲ့ ခပ်ပေါပေါ
ဝယ်ခဲ့ဖူးတဲ့ ခါးပိုက်နှိုက်ပြန်ရောင်း နာရီကိုပဲ အချိန်သိနိုင်အောင် သယ်ဆောင်
ခဲ့ပါတယ်။

အရင်ဆုံး နယ်မြို့ဆီကို သွားရပါတယ်။ အဲဒီကနေ ဒေါဂျစ်ကား
ဟောင်းကြီး စီးပြီး ရွာတွေဖက်ကို ဆက်သွားရပါတယ်။ ဒါလည်း
ရွာကို မရောက်သေးပါဘူး။ ရွာနဲ့ အနီးဆုံး ကတ္တရားလမ်း တစ်ခု
ပေါ်မှာ ရပ်ပါတယ်။ အဲဒီနေရာကနေ ရွာထဲကို မြင်းလှည်း သို့မဟုတ်
စက်ဘီးအဌားနဲ့ ဆက်သွားမှ ရောက်ပါတယ်။ ရွာရောက်တော့
ကျနော်တို့ ခေါင်းဆောင်ဖြစ်သူနဲ့ တွေ့ရပါတယ်။ သူ တည်းခိုတဲ့
အိမ်က ရွာအ၀င်အ၀မှာ ရှိပါတယ်။ ရွာမရောက်ခင် သင်္ချိုင်းကုန်း
တစ်ခုကို ဖြတ်ရပါတယ်။

ညနေပိုင်းရောက်တော့ ကျနော်တို့ခေါင်းဆောင်က ကျနော့်ကို
ရွာအလယ်က အကြော်ဆိုင်မှာ အကြော်လေး … ငါးခု သွားဝယ်ပေး
ဖို့ ပြောပါတယ်။ ညနေ ငါးနာရီ … ခြောက်နာရီလောက် ရောက်တော့
ကျနော်တို့ တည်းခိုရာ အိမ်ကို ကိုရင်လေးတစ်ပါး ကြွလာပါတယ်။
ကျနော်တို့ ခေါင်းဆောင်က ကျနော် ၀ယ်လာတဲ့ အကြော်တွေနဲ့
အိမ်က ထမင်းတွေကို ကျွတ်ကျွတ်အိပ်ထဲ စုထည့်ပြီး ကိုရင်လေး
ကို ပေးလိုက်ပါတယ်။ ကိုရင်လေးက အဲဒီအထုပ်လေးကို ပိုက်ပြီး
ရွာထိပ် သင်္ချိုင်းဖက်ကို ထွက်သွားပါတယ်။ ဒါနဲ့ ကျနော်တို့ ခေါင်း
ဆောင်ကို ဒီကိုရင်လေးက ညနေစား စားသလားလို့ မေးကြည့်
ပါတယ်။ သူက ကိုရင်လေး ဘာလုပ်သလဲ ဆိုတာကို သိချင်ရင်
လိုက်ကြည့်ဖို့ ပြောပါတယ်။ ဒါနဲ့ ကျနော်တို့ နှစ်ဦသား ကိုရင်လေး
နောက်ကနေ လိုက်ကြည့်ကြပါတယ်။ ရွာအထွက် သင်္ချိုင်းထဲ
က ဇရပ်မှာ ကိုရင်လေးက အရူးမကြီးတစ်ယောက်ကို ထမင်းခွံ့
ကြွေးနေတာကို တွေ့ရပါတယ်။ ဒါနဲ့ အိမ်ပြန်ရောက်တော့
ကိုရင်လေး အကြောင်း စိတ်ဝင်တစားနဲ့ မေးကြည့် ဖြစ်ပါတယ်။

စိတ်ရောဂါ ဝေဒနာသည် အရူးမတစ်ဦးဟာ အဲဒီရွာကို ဘယ်ကနေ
ဘယ်လို ရောက်ခဲ့သလဲဆိုတာ တစ်ရွာလုံး ဘယ်သူမျှ သေသေ
ချာချာ မသိကြပါဘူး။ ဗိုက်ဆာရင် ရွာထဲမှာ လှည့်ပတ် တောင်းရမ်း
စားသောက်ပါတယ်။ ညဖက်ဆိုရင် ရွာထိပ်က သင်္ချိုင်းဇရပ်မှာ
အိပ်စက်ပါတယ်။ နောက်တော့ အရူးမကြီးမှာ ကိုယ်ဝန် ရှိလာပါတယ်။
ဒီရွာက ရှေးရိုးစွဲ အုပ်ချုပ်သူ လူကြီးတချို့ဟာ လင်ယောက်ျား မပေါ်ဘဲ
ဗိုက်ကြီးတဲ့ အရူးမကို ရွာထဲသို့ ၀င်ခွင့်မပြုခဲ့ကြပါ။ အရူးမကြီး
ဟာ ရွာအထွက် တာရိုး လှည်းလမ်းပေါ်မှာ အ၀င်အထွက်လုပ်တဲ့
ခရီးသည်တွေ ပြစ်ချပေးတဲ့ စားကြွင်းစားကျန်တချို့ကို စားသောက်
ပြီး အသက်ဆက်ခဲ့ပါတယ်။ နောက်တော့ သူ့ကိုယ်ဝန်ကနေ သား
ယောက်ျားလေး မွေးဖွားလာပါတယ်။ ရွာနောက်ဖက်ရှိ ဘုန်းတော်
ကြီးကျောင်းမှ ဆရာတော်နဲ့ ဦးပဉ္ဇင်းတွေက ဒီကလေးကို ကျောင်း
ကို သယ်ဆောင်ပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အသက် ခုနှစ် နှစ်၊
ရှစ်နှစ် အရွယ်မှာ သင်္ဃန်းစီး ကိုရင်ဝတ် ပေးခဲ့ကြပါတယ်။ ကျနော်
တို့ မြင်နေရတဲ့ အသက် ဆယ်နှစ်အရွယ် ကိုရင်လေးဟာ သူ ထမင်းခွံ့
ကြွေးနေတဲ့ အရူးမကြီးက မွေးဖွားထားတဲ့ ကလေးငယ်ပါ။


(ဆက်ရန်။)

5 comments:

Anonymous said...
13 February 2010 01:07  

ကိုအောင်ရေးတာတွေ..အဲလိုဇာတ်လမ်းမျိုးတွေ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။
ဆက်ရေးပါမြန်မြန်လေး။



မြတ်နိုး

Anonymous said...
13 February 2010 02:12  

ကိုအောင် ရေ ... ဇာတ် လမ်း ကို လည်း မြန်မြန် သိ ချင်
နေတယ် .. ရင် ထဲ မှာ လည်း ဆို့ နင့် သွား တယ် ...
ကျမ ရန်ကုန်မှာ နေတုန်း က လမ်း ထိပ် မှာ စိတ် ရောဂါ
သည် သား အမိ နှစ် ယောက် ရှိ တယ် .. ပ လက် ဖောင်း မှာ ဘဲ အိပ် .. ခ လေး က လည်း အ၀တ် မရှိ..
( သူတို့ နောက် ကြောင်း တော့ ဘာ မှ မသိ ဘူး )
ကျမ ထွက် မလာ ခင် က တော့ ခလေး က ၃ ၄ နှစ်
လောက် ရှိ မယ် ထင် တယ် .. ဘေး ပတ် ၀န်း ကျင် က ဘဲ ကျွေး ကြ တာ ပေါ့ လေ .. အခု ကို အောင် ရေး တာ ဖတ် ပြီး သူ တို့ သား အမိ မျက် နှာ လေး တွေ ပြေး မြင် မိ တယ် ... စိတ်ဝင်စား စရာ ကောင်း လွန်း လို့ အ ချိန် ရ ရင် ဆက် ပါ ဦး နော် ( အချိန်မရလည်း ရေး မယ် ဆို ရင် စိတ် မဆိုး တတ် ပါ ...း)

mie nge

Nge Naing said...
13 February 2010 02:19  

ကိုအောင်ကလည်း ရေးလိုက်ရင် စိတ်ဝင်စားစရာ အကောင်းဆုံးနေရာမှာချည်း ရပ်ပစ်လိုက်တဲ့ အခန်းဆက်တွေချည်းပဲ။ စောင့်ဖတ်ရတာ အားမရဘူး။ မြန်မြန်တင်ပါ။

TNS said...
13 February 2010 04:49  

ကိုအောင်
ရင်နာနာနဲ့ ဘဲ ဆက်ရန်ကို စောင့်နေမယ်ဗျာ..။

Myo Win Zaw said...
13 February 2010 04:51  

ကိုအောင် ရေ သူတို့နိုင်ငံက လူသားအပေါ် လူသားပီပီ သသ စောင့်ရှောက်စနစ်အကြောင်း သိရလို့ ကျေးဇူးပါ ဆက်ရန်ကိုစောင့်မျှော်လျက်

စုစည်းထားသမျှ

 »  BurmeseClassic
 »  ShweVideos
 »  ShweDream
 »  FreeMyanmarVCD
 »  Mayhninaye
 »  မင်းသီလ
 »  ShweO
 »  Myanmar-Movies
 »  Mitzima
 »  MyanmarPioneer
 »  ဖရီးမြန်မာဗွီစီဒီ
 »  myanmarworld
 »  သီးလေးသီး
 »  အဖြူရောင် တေးရုပ်သံဥယျာဉ်
 »  သီချင်းအိမ်
 »  Buddha FM ရေဒီယို
 »  တိုက်ရိုက် တရားနားယူနိုင်သော
 »  လူငယ်ဒိုင်ယာရီ
 »  ခရမ်းပြာအိမ်မက်
 »  MyanmarImage
 »  Mp3
 »  ညကဗျာ
 »  emp3world
 »  အာရှရုပ်ရှင်များ
 »  တရုတ်ရုပ်ရှင်များ
 »  ဂျပန်ရုပ်ရှင်များ
 »  ကိုရီးယားရုပ်ရှင်(၁)
 »  ကိုရီးယားရုပ်ရှင်(မြန်မာစာတန်းထိုး)
 »  ကိုရီးယားရုပ်ရှင်(၂)
 »  ကိုရီးယားရုပ်ရှင်(၃)
 »  watchmovies
 »  movie2k
 »  davidmovie
 »  66stage
 »  joox
 »  Quicksilverscreen
 »  moviesfoundonline
 »  watchnewfilms
 »  freemoviescinema
 »  BBC-မြန်မာပိုင်း
 »  DVB
 »  VOA-မြန်မာပိုင်း
 »  RFA-မြန်မာပိုင်း
 »  လူထုအသံ
 »  ဟစ်တိုင်
 »  ဧရာဝတီ
 »  ယနေ့မြန်မာ
 »  ခေတ်ပြိုင်
 »  MyanmarISP
 »  သူရိယ
 »  သတင်းနှင့်မီဒီယာ
 »  နေ့သစ်
 »  မိုးမခ
 »  မဇ္ဈိမ
 »  ShanHuman
 »  ကိုမိုးသီး
 »  ကိုထိုက်
 »  Dr. လွဏ်းဆွေ
 »  BKHMER
 »  ဦးကုလား
 »  Baganland
 »  မဟာမေ
 »  ABITSU
 »  မိုးကုတ်မီဒီယာ
 »  ဆရာကြီးဦးတင်မိုး
 »  ကိုဇာဂနာ
 »  မင်းခိုက်စိုးစန်
 »  ကိုမင်းဒင်
 »  ကိုဘကောင်း
 »  အောင်မိုးဝင်း
 »  ကိုမြတ်ဝေ
 »  တူးတူးသာ
 »  မြေသြဇာ
 »  မေလနဲ့ဇွန်လမွေးသူ
 »  ကဗျာဝိညာဉ်
 »  နဗနဘဝ
 »  ထူးမြတ်
 »  Yan Aung
 »  ငါယုံကြည်ရာ
 »  ဂျိုးဖြူ
 »  ကိုဖိုးဇေ
 »  နေဘုန်းလတ်
 »  s0wha1
 »  ဟင်းချက်နည်း မျိုးစုံ
 »  မြန်မာမန်ချက်စတာချစ်သူများ
 »  Myanmar Genius
 »  သံလွင်အိပ်မက်
 »  လင်းထက်ဖိုရမ်
 »  Technical Seven
 »  Blogger Helpdesk
 »  E-books
 »  အွန်လိုင်းစာကြည့်တိုက်
 »  LanOLay
 »  လမ်းအိုလေး
 »  ရွှေအမြုတေ
 »  ဖွဲ့တည်ရာ
 »  Suboo
 »  ဒိန်းမတ်သတင်းစာ
 »  SingforYou
 »  Planet
 »  ဖိုးဝ
 »  သရဖူ
 »  YangonMedia
 »  Weekly11
 »  လောကအလှ
 »  လျှပ်တစ်ပြက်
 »  အလင်္ကာ
 »  Native Myanmar
 »  Blogger Forum
 »  Myanmar Cupid
 »  ForumW
 »  YAMC
 »  RavenBloodDonorClub
 »  Dr.Junior
 »  HealthCorner
 »  ဆေးပညာလောက
 »  Public Health
 »  မြင့်မိုရ်ဦး
 »  ဆရာဝန်ဘ၀စာမျက်နှာ
 »  MedicalEducation
 »  ဇော်ဂျီ Font Installer
 

Shared Items

COPYRIGHT

Creative Commons License
This værk by Aung Khin Myint is licensed under a Creative Commons Navngivelse 2.5 Danmark License.
Based on a work at pyustate.com.
Permissions beyond the scope of this license may be available at http://pyustate.com/.

ဒီနိုင်ငံတွေက လာကြပါတယ်။

လက်ရှိ အလည်ရောက်သူ

အလည်အပတ် ရောက်ရှိခဲ့သူများ။

ရာသီဥတု အခြေအနေ

About Me

My Photo
ကိုအောင်(ပျူနိုင်ငံ)
ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း၏ သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုသော အားဖြင့် “ပျူနိုင်ငံ”လို့ အမည်ပေးထားပါတယ်။ အမည်အရင်း အောင်ခင်မြင့်၊ စာရေးရင် စစ်ငြိမ်းဒီရေ အမည်နဲ့ ရေးပါတယ်။ လက်ရှိဒိန်းမတ် နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင်သည် တစ်ဦးပါ။ ko.aungdk@gmail.com
View my complete profile